Connect with us

Hi, what are you looking for?

သတင်း

တမူးမြို့နယ် ပန်းသာရွာ၌ စစ်ကောင်စီတပ်အင်အားဖြည့်နေ

စစ်ကောင်စီဘက်မှ ကသည်းသူပုန် သုံးဦးသေဆုံးပြီး တစ်ဦးအရှင်ဖမ်းမိခဲ့သည်။ အဆိုပါတိုက်ပွဲတွင် PDF သုံးဦးလည်း ကျဆုံးခဲ့သည်။

(စစ်ကောင်စီတပ်သားများကို တွေ့ရစဉ်၊ပုံအဟောင်းကို အသုံးပြုထားပါသည်)
(စစ်ကောင်စီတပ်သားများကို တွေ့ရစဉ်၊ပုံအဟောင်းကို အသုံးပြုထားပါသည်)

အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း တမူးမြို့တွင် စစ်ကောင်စီတပ်နှင့် ရှမ်းနီတပ် ထိန်းချုပ်ထားသည့် ပန်းသာကျေးရွာ၌ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီက အင်အားဆက်တိုက် ဖြည့်တင်း​နေသည်။

“ပန်းသာကို စစ်ကားတွေ ဒီရက်ဆက်တိုက်ဝင်နေတယ်။ စစ်ရေးအခြေအနေထူးခြားမှုမရှိဘဲနဲ့ ဝင်လာတာပါ။ မြို့ထဲမှာလည်း ပျူစောထီးတွေ တော်တော်လေးခြေရှုပ်နေကြတယ်”ဟု တမူးမြို့ဒေသခံတစ်ဦးက ပြောသည်။

တမူးမြို့နယ်ရှိ ပန်းသာရွာ၊မင်းသာကျေးရွာအပြင် နေရာသုံးခု၌ စစ်ကောင်စီက အခိုင်အမာတပ်စွဲထားပြီး ပန်းသာကျေးရွာကို အဓိကအထိုင်စခန်းအဖြစ် ပြင်ဆင်ထားသည်ဟု သိရသည်။

Public Service Announcement

Public Service Announcement

ပန်းသာကျေးရွာကို အင်အား ၅၀ထက်မနည်းလာရောက်ပို့ဆောင်သွားသလို မြို့နယ်အတွင်း၌ စစ်မှုထမ်းဥပဒေအကြောင်းပြပြီး စုဆောင်းထားသည့် လူငယ် ၃၀ကျော်ကို ကလေးမြို့သို့ပြန်ခေါ် သွားသည်ဟု ​ဒေသခံအချို့က​ ပြောသည်။

တမူးခရိုင်အတွင်း ခါမ်းပတ်မြို့နှင့် မြို့သစ်မြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သိမ်းပိုက်ထိန်းချုပ်ထားသည်။ထို​ကြောင့် စစ်ကောင်စီသည် တမူးမြို့ကိုသာ ထိန်းချုပ်ထားနိုင်သည်အခြေအနေဖြစ်သည်။

တမူးမြို့တွင် ပြီးခဲ့သည့်အောက်တိုဘာက တိုက်ပွဲဖြစ်ပွားခဲ့သည်။ အောက်တိုဘာ ၂၃ရက်က တမူးမြို့နယ် နမ့်မွန်းတားရွာအနီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် လက်ပါးစေ ကသည်းသူပုန် နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းဝင်ရောက်လာစဉ် တိုက်ပွဲဖြစ်ခဲ့ခြင်းဟု ကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီဘက်မှ ကသည်းသူပုန် သုံးဦးသေဆုံးပြီး တစ်ဦးအရှင်ဖမ်းမိခဲ့သည်။ အဆိုပါတိုက်ပွဲတွင် PDF သုံးဦးလည်း ကျဆုံးခဲ့သည်။

ကသည်းသူပုန်ရုပ်အလောင်းသုံး​လောင်းနှင့် အရှင်ဖမ်းမိသူတစ်ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လက်အောက်ခံတပ်ရင်းများက အိန္ဒိယနိုင်ငံ မိုရေးမြို့ဘက်မှ အိန္ဒိယနိုင်ငံစစ်ဘက် ဆိုင်ရာတာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

စစ်​ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်အချို့တွင် တမူး-ကလေး ၊အိန္ဒိယ-မြန်မာချစ်ကြည်​ရေးလမ်းပိုင်းနှင့် တမူးမြို့ကို PDFများက သိမ်းပိုက် ရန်ပြင်ဆင်​နေ​သော​ကြောင့် နန်းမွန်တားရွာအနောက်ဖက်ပိုင်း၊ ပွတ်သာရွာ၊ဘုတ်ကန်၊ ထင်းဇင်းရွာအနီးတို့တွင် စုဖွဲ့​​နေသဖြင့် PDFများကိုတိုက်ခိုက်ရန်ဆိုကာ နိုဝင်ဘာ ဒုတိယပတ်ကတည်းက ဝါဒဖြန့်​နေသည်ကို​ တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။