Connect with us

Hi, what are you looking for?

သတင်း

အင်းစိန်ထောင်၌ သေဒဏ်ချမှတ်ခံထားရသည့် သန်လျင်ရေတပ်မှ CDMရေတပ်သားတစ်ဦး ဆေးဝါးစောင့်ရှောက်မှုမရ၍ ကွယ်လွန်

အဆိုပါရေတပ်သားသည် စစ်တပ်အာဏာသိမ်းစဉ်တွင် ၂၀၂၁ မတ်လအတွင်းက ပြည်သူ့ဘက် ရပ်တည်ပြီး CDMပြုလုပ်ခဲ့ကြောင်း PPNMက ထုတ်ပြန်သည်။

(ကျဆုံးခဲ့သော CDM ရေတပ်သားအားတွေ့ရစဥ်။ဓာတ်ပုံ - PPNM)
(ကျဆုံးခဲ့သော CDM ရေတပ်သားအားတွေ့ရစဥ်။ဓာတ်ပုံ - PPNM)

ဇေအောင်/People’s Spring

အင်းစိန်ဗဟိုအကျဥ်းထောင်၌ သေဒဏ်ချမှတ်ခံထားရသော သန်လျင်ရေတပ်ဌာနချုပ်မှ CDM ရေတပ်သားတစ်ဦး ဆေးဝါးစောင့်ရှောက်မှုမရ၍ ကွယ်လွန်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

အင်းစိန်အကျဥ်းထောင်၌ သေဒဏ်ကျခံထားရသည့် သန်လျင်ရေတပ်ဌာနချုပ်မှ CDMပြုလုပ်ခဲ့သည့် တပ်သား ကိုပြည့်စုံဦးသည် ကျောက်ကပ် ရောဂါဝေဒနာကို ပြင်းထန်စွာခံစားခဲ့ရပြီးနောက် နိုဝင်ဘာ ၃၀ရက် ညနေ ၆နာရီခွဲခန့်က ကွယ်လွန် ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

အဆိုပါရေတပ်သားသည် စစ်တပ်အာဏာသိမ်းစဉ်တွင် ၂၀၂၁ မတ်လအတွင်းက ပြည်သူ့ဘက် ရပ်တည်ပြီး CDMပြုလုပ်ခဲ့ကြောင်း PPNMက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

၎င်းသည် တော်လှန်ရေးလုပ်ငန်းများဆောင်ရွက် နေစဉ် ၂၀၂၂ သြဂုတ် ၂၇ရက်က ဖမ်းဆီးခံခဲ့ရပြီး‌နောက် သံလျင်ရေတပ်မှ တပ်ပြေးပုဒ်မနှင့် အခြားပုဒ်မများဖြစ်သည့် ပုဒ်မ တမအ(၃၇) (တပ်မတော်အက်ဥပဒေပုဒ်မ ၃၇)၊ တမအ ၃၂(တပ်မတော်အက်ဥပဒေပုဒ်မ ၃၂)တို့ဖြင့် အမှုဖွင့်ခံခဲ့ရကြောင်း၊ ထို့နောက် ၂၀၂၃ စက်တင်ဘာ ၁၂ရက်တွင် ၎င်းအား စစ်ကောင်စီက သေဒဏ်ချမှတ်ကာ အင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့ကြောင်း PPNMက ရှင်းပြသည်။

အင်းစိန်ထောင်သို့ ရောက်ရှိပြီးနောက် ကျောက်ကပ်ရောဂါနှင့် အဆုတ်ရေဝိုင်းရောဂါများကို ခံစားခဲ့ရပြီး ခြောက်လအကြာတွင် ရောဂါပြင်းထန်လာပြီးနောက် ယခုကဲ့သို့ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း PPNM၏ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောသည်။

“အကျဥ်းထောင်ထဲမှာ နိုင်ငံရေးပုဒ်မနဲ့ ရောက် လာသမျှ ဖိနှိပ်ခံရတယ်။ တော်လှန်ရေးသမားဖြစ်စေ၊ CDM ဖြစ်စေ တန်းတူပဲအဖိနှိပ်ခံနေရတယ်”ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ နိုဝင်ဘာအတွင်းကသန်လျင်ရေတပ်ဌာနချုပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ဦးသည် လက်နက်အချို့ယူဆောင်ကာ ထွက်ပြေးခဲ့သည်။ ထို့အပြင် ခွင့်ဖြင့်ပြန်နေသူများပါ ဆက်သွယ်ခြင်းမရှိတော့၍ ထွက်ပြေးသူ ၅၀နီးပါးအထိရှိခဲ့ကြောင်း သိရသည်။

၂၀၂၄ ၁၁လအတွင်း နိုင်ငံတဝှမ်းအကျဥ်းထောင် များအတွင်း ဆေးဝါးစောင့်ရှောက်မှုမရ၍ နိုင်ငံရေးအကျဥ်းသားပေါင်း ၂၀ဦး ကွယ်လွန်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အရေးကြီးအချက်အလက်တွေကို ICRC အနေနဲ့ အများပြည်သူ သိရှိနိုင်ဖို့ ပိုမိုပွင့်လင်းမြင်သာစွာ ထပ်မံထုတ်ပြန်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က တောင်းဆိုပါတယ်။

သတင်း

နိုင်ငံတဝန်းက အကျဥ်းထောင်တွေမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ နိုင်ငံရေးအကျဥ်းသား ၁၅၀ နီးပါး ကွယ်လွန်ခဲ့ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အင်းစိန်ထောင်မှာ ထောင်အာဏာပိုင်တစ်ဦးက ထောင်တွင်းဘောလုံးပွဲသွားကြည့်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကြောင်းပြချက်မရှိပဲ အပြစ်ရှာ ရိုက်နှက်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကအသိပေးထားပါတယ်။

အတွေးအမြင်

သံမဏီနှင်းဆီနဲ့ သ​​င်​ကေတပြုထားတဲ့လူထု​​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ​မွေး​နေ့ရက်​တွေဟာ တကယ်​တော့ လူတစ်ဦးရဲ့​မွေး​နေ့ထက် အဓိပ္ပါယ်​လေးနက်ပါတယ်။ လူထု​​ခေါင်း​ဆောင်အ​ပေါ် ပြည်သူတွေရဲ့ချစ်ခြင်း​မေတ္တာပြသခြင်းရဲ့ပြယုဂ်ခြင်းဖြစ်ပါတယ်။ဒါအပြင် လူထု​ခေါင်း​ဆောင်ရဲ့ ဒီမိုက​ရေစီအတွက် ခက်ခဲကြမ်းတမ်းလှတဲ့လမ်းကို​​လျှောက်လှမ်းရ​ပေမယ့် ​နောက်မတွန့်ပဲ ပန်းတိုင်ဆီ သတ္တိအပြည့်နဲ့ ချီတက်​နေတဲ့ လမ်းစဥ်ကို ယုံကြည်တယ်၊လိုက်နာမယ်ဆိုတဲ့ အချက်ပြ​မှု​တွေလည်းဖြစ်ပါတယ် ။