Connect with us

Hi, what are you looking for?

သတင်း

သွေးသောက်အဖွဲ့ခေါင်းဆောင်မင်းမင်း သတ်ဖြတ်သည့်ဖြစ်စဥ် လူ့အခွင့်အရေးဥပဒေနှင့် ငြိစွန်းနေ၍ ကျူးလွန်ခဲ့သည့် ရဲဘော်လေးဦးအား ဗိဿနိုးတပ်ဖွဲ့က ထောင်အချုပ်(၁)နှစ်စီ ချမှတ်

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

သွေးသောက်အဖွဲ့ခေါင်းဆောင်မင်းမင်း သတ်ဖြတ်သည့်ဖြစ်စဥ် လူ့အခွင့်အရေးဥပဒေနှင့် ငြိစွန်းနေ၍ ကျူးလွန်ခဲ့သည့် ရဲဘော်လေးဦးအား ဗိဿနိုးတပ်ဖွဲ့က ထောင်အချုပ်(၁)နှစ်စီ ချမှတ်
သွေးသောက်အဖွဲ့ခေါင်းဆောင်မင်းမင်း သတ်ဖြတ်သည့်ဖြစ်စဥ် လူ့အခွင့်အရေးဥပဒေနှင့် ငြိစွန်းနေ၍ ကျူးလွန်ခဲ့သည့် ရဲဘော်လေးဦးအား ဗိဿနိုးတပ်ဖွဲ့က ထောင်အချုပ်(၁)နှစ်စီ ချမှတ်

ဇေအောင်/People’s Spring

နေပြည်တော်တွင် ပျူစောထီးနှင့် သွေးသောက်အဖွဲ့ခေါင်းဆောင် မင်းမင်းအား သတ်ဖြတ်သည့်ဖြစ်စဥ်သည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေတို့နှင့် ငြိစွန်းနေ၍ ကျူးလွန်ခဲ့သည့် ရဲဘော်လေးဦးအား ထောင်အချုပ် (၁)နှစ်စီ ချမှတ်လိုက်ကြောင်း ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်က အသိပေးထုတ်ပြန်သည်။

နိုဝင်ဘာ ၂၉ရက် နေ့လယ် ၁နာရီခန့်က နေပြည်တော် – ကံပြားလမ်းပိုင်းတစ်နေရာ၌ ပျူစောထီးနှင့် သွေးသောက်အဖွဲ့ခေါင်းဆောင် အဖြစ်လူသိများသော မင်းမင်းအား ရှင်းလင်းခဲ့သည့် ရဲဘော်မောင်ဇင်နိုင်ဖြိုးအပါအဝင် မောင်မင်းသူ ၊ မောင်ကျော်ခိုင်နှင့် မောင်ဝေဇင်တို့ လေးဦးအား ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် ခုံရုံးစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့သည်။

စစ်ဆေးချက်အရ International Humanitarian Law and International Human Rights Law(အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေနှင့် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေ)တို့နှင့် ငြိစွန်းနေ၍ ရဲဘော် လေးဦးအား ထောင်အချုပ် (၁)နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း မကွေးတိုင်းဒေသကြီး(အရှေ့ခြမ်း) ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်က ယနေ့ (ဒီဇင်ဘာ၅ရက်)တွင် ထုတ်​​ပြန်သည်။

Public Service Announcement

Public Service Announcement

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။

အသတ်ခံရသူသည် ပျူစောထီးနှင့် သွေးသောက်အဖွဲ့ခေါင်းဆောင် အဖြစ်လူသိများပြီး ၎င်းကို အာဏာသိမ်းစစ်ကောင်စီအဖွဲ့ရှိရာ နေပြည်တော်တွင် ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်သည်။

မင်းမင်းသည် လင်းယုန်ပရဟိတအဖွဲ့ အမည်ခံကာ သွေးသောက်အဖွဲ့အတွက် လက်နက်များ အလှူခံပေးခြင်း၊ အမျိုးသားရေး လှုပ်ရှားမှုတွင် ပါဝင်မှုများ လုပ်ဆောင်ခဲ့သူ ဖြစ်သည်။

အသတ်ခံရသည့် မင်းမင်းကို စစ်ကောင်စီက သေနတ်ကိုင်ဆောင်ခွင့် ပြုထားသော်လည်း အခင်းဖြစ်ပွားချိန်တွင် ဓားရှည်များသာ ပါလာသည်ဟု ဆိုသည်။

“အရင်က သတင်းထောက်လှမ်းတိုင်းသူ့မှာ သေနတ် တွေပါလာတယ်။အဲဒီနေ့ကတော့ သူ့အပိုင်ထဲဆိုတော့ ဓားရှည်ပဲယူလာတာ။သတင်းအရ ရဲဘော်နှစ်ဦးက အရဲစွန့်ပြီး ဝင်ရှင်းလင်းနိုင်ခဲ့တာ”ဟု ကြိုးကြာနီပြည်သူ့ကာကွယ်ရေးတပ်၊မကွေးအရှေ့ခြမ်း တာဝန်ရှိသူက ရှင်းပြသည်။

” အာဏာသိမ်းတော့ သူက မလေးရှားမှာ။ မလေးက မဘသအစွန်းရောက်တွေရဲ့ခေါင်းကိုင်။ နောက်ပိုင်းပြည်တွင်းပြန်လာပြီး ကိုယ်တိုင်ပျူခေါင်းဆောင်လုပ်တာ။နေပြည်တော်အထိ ပေါက်ရောက်တယ်”ဟု နေပြည်တော်အခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

မင်းမင်းသည် အသက်(၄၀)ကျော်အရွယ်ရှိပြီး ၎င်းနှင့် အစွန်းရောက်များက သွေးသောက်အဖွဲ့ ဖွဲ့ထားကာ မကွေးတိုင်းနှင့် နေပြည်တော်နယ်စပ်ရှိ တော်လှန်ရေးအင်အားစုများ၊ မိသားစုဝင်များကို သတ်ဖြတ်မှုကျူးလွန်ခဲ့သူဟု နေပြည်တော် သတင်းရင်းမြစ်က ပြောသည်။ ထို့အပြင် တော်လှန်ရေးအင်အားစုများက ၂၀၂၃အတွင်း ဆုငွေထုတ်ဖူးခဲ့သည်ဟု သတင်းရရှိသည်။

မင်းမင်းသေဆုံးမှုနှင့်ပတ်သက်၍ “ပြည်သူ့စစ်တပ်ဖွဲ့ဝင်များထဲမှာ ပါဝင်ဆောင်ရွက်ခဲ့သည့် အမျိုးသားရေးလှုပ်ရှားသူ ကိုမင်းမင်းကို ခေါင်းဖြတ် သတ်လိုက်ကြပြီ”ဟု စစ်ကောင်စီဝါဒဖြန့်သူများက လူမှုကွန်ရက်တွင် ဖြန့်ဝေနေသည်။

မင်းမင်းသည် NLDပါတီဝင်များ၊PDF ရဲဘော်များနှင့် ၎င်းတို့နှင့်ဆက်နွယ်သူများကို သတ်ဖြတ်ရန် သွေးသောက်အဖွဲ့ ဖွဲ့စည်းမှုတွင် ဦးဆောင်ပါဝင်သူဖြစ်ပြီး အာဏာသိမ်းစစ်တပ်ဆန့်ကျင်သူများအား အရေးယူအပြစ်ပေးရန် လည်း လူမှုကွန်ရက်တွင် အမြဲလှုံ့ဆော်နေသူလည်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းတိုင်းရင်းသား ခရစ်ယာန် သင်းအုပ်ဆရာ တစ်ဦးကို အာဏာသိမ်း မြန်မာစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း Burma Research Institute (BRI)က ပြောဆိုခဲ့ပြီး စစ်တပ်ရဲ့ ဖိနှိပ်မှုကို ခံနေရတဲ့ မြန်မာ ခရစ်ယာန် အသိုက်အဝန်းကို ကူညီ ကာကွယ်ပေးဖို့ အမေရိကန် အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

သတင်း

နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။