Connect with us

Hi, what are you looking for?

သတင်း

ဂွတွင်ချေမှုန်းခံရသည့် ဧရာဝတီတိုင်းမှ စစ်ကူတပ်ရင်းများ တပ်တွင်း၌ ပြဿနာတက်​နေ

ဂွမြို့နယ်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး မြို့နှင့် သုံးမိုင်ခန့်အကွာအထိ ရောက်ရှိလာပြီဟု ဒေသခံများကပြောသည်။ မြို့ပေါ်ရပ်ကွက်များမှဒေသခံများသည် ဧရာဝတီတိုင်းအတွင်းသို့ တိမ်းရှောင်ကြသည်။

(ဂွနှင့်အမ်းသို့ပို့​သော စစ်တပ်စစ်ကူစစ်​ကြောင်းများ​ချေမှုန်းခံရပြီး AAသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-AA Info Drsk)
(ဂွနှင့်အမ်းသို့ပို့​သော စစ်တပ်စစ်ကူစစ်​ကြောင်းများ​ချေမှုန်းခံရပြီး AAသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-AA Info Drsk)

အိမ်သွင်/People’s Spring

ရခိုင်ပြည်နယ်၊ ဂွမြို့သို့ အပို့ခံရသည့် ဧရာဝတီတိုင်းမှ တပ်ရင်းသုံးခုလုံး ချေမှုန်းခံရပြီးနောက် ယင်းတပ်ရင်းများအတွင်း စစ်တပ်မိသားစုဝင်များ မကျေမနပ်ဖြစ်​​နေပြီး တပ်တွင်းပြသာနာတက်နေကြောင်း သက်ဆိုင်ရာ မြို့များမှ ဒေသခံများကပြောသည်။

စစ်ကောင်စီက ဟင်္သာတမြို့အခြေစိုက်အမှတ် ၁၈ ​​ခြေလျင်တပ်ရင်း( ခလရ ၁၈)၊အိမ်မဲမြို့အခြေစိုက် အမှတ် ၆၃ ​ခြေလျင်တပ်ရင်း( ခလရ ၆၃)၊ အမှတ် (၅၁) ​ခြေလျင်တပ်ရင်း (ခလရ ၅၁) နှင့် ရန်ကုန်၊ လှိုင်သာယာအခြေစိုက်အမှတ် ၅၃၂ ​ခြေမြန်တပ်ရင်း( ခမရ ၅၃၂)မှ စစ်သားအင်အား ၂၀၀ နီးပါးကို AAက မြို့သိမ်းတိုက်ပွဲတိုက်ခိုက်နေသည့် ဂွမြို့သို့ နိုဝင်ဘာလ တတိယလပတ်ထဲတွင် ကားများဖြင့် ပို့ဆောင်ခဲ့သည်။

(ဂွနှင့်အမ်းသို့ပို့​သော စစ်တပ်စစ်ကူစစ်​ကြောင်းများ​ချေမှုန်းခံရပြီး AAသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-AA Info Drsk)
(ဂွနှင့်အမ်းသို့ပို့​သော စစ်တပ်စစ်ကူစစ်​ကြောင်းများ​ချေမှုန်းခံရပြီး AAသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-AA Info Drsk)

အဆိုပါ စစ်ကြောင်းကို ဂွမြို့နယ်၊ သံခဲချိုင်ကျေးရွာ၊ သံခဲချိုင်ကျေးရွာကမ်းခြေအနီး နှင့် သံခဲချိုင်ကျေးရွာနှင့် ကင်းပုံကျေးရွာအနီးတွင် နိုဝင်ဘာလ ၂၄ရက်မှစ၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၂၀ကျော်သေဆုံးပြီး စစ်သုံ့ပန်းအချို့ဖမ်းဆီးရမိသည်ဟု AAက ဒီဇင်ဘာ ၆ ရက်ညတွင် ရုပ်သံမှတ်တမ်းနှင့်တကွ သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

” သုံးရက် အတွင်း အပြတ်အသတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သည်”ဟု AAကအသိ​ပေးသည်။ထွက်ပြေးလွတ်မြောက်နေသော ရန်သူများကို လိုက်လံ ရှင်းလင်းတိုက်ခိုက်နေသည်ဟု ဆိုသည်။

” အတုံးအရုံးသေတာ။ ပြေးလည်း မလွတ်ဘူးလေ။ စစ်မှုထမ်းနဲ့ ခေါ်ခံရသူတွေလည်း ပါတယ်။ စစ်တပ်ရင်းထဲမှာဆို မကျေနပ်လို့ တော်တော်လေး တင်းမာနေတဲ့အခြေအနေရှိတယ်” ဟု ဟင်္သာတမြို့ ခလရ(၁၈) တပ်ရင်းနှင့် နီးစပ်သူကပြောသည်။

ခလရ(၁၈) တပ်ရင်းသည် ဟင်္သာတ-ပုသိမ်လမ်း‌ ဘေး၊ဟင်္သာတ မြို့နယ် နတ်မော် ကျေးရွာ၌ ရှိသည်။ AAက သတင်းထုတ်ပြန်ပြီးနောက် ယနေ့(ဒီဇင်ဘာ ၇ ရက်)နံနက်ပိုင်းတွင် စစ်တပ်ရင်းအဝင်အထွက်ကို စစ်ကောင်စီကပိတ်ထားကြောင်း သတင်းရရှိသည်။

(ဂွနှင့်အမ်းသို့ပို့​သော စစ်တပ်စစ်ကူစစ်​ကြောင်းများ​ချေမှုန်းခံရပြီး AAသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-AA Info Drsk)
(ဂွနှင့်အမ်းသို့ပို့​သော စစ်တပ်စစ်ကူစစ်​ကြောင်းများ​ချေမှုန်းခံရပြီး AAသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-AA Info Drsk)

” ခါတိုင်း ဈေးထွက်ဝယ်နေကျ တပ်ကြပ်ကြီးရဲ့ မိန်းမ မလာတော့ဘူး။ တပ်ထဲမှာ ပြဿနာတွေတက်ပြီး အပြင်ကိုပေးမထွက်ဘူးလို့ကြားတယ်။ တပ်ရင်းရှေ့မှာလည်း အရင်ကထက် လုံခြုံရေးပိုတိုးထားတယ်”ဟု နတ်မော်ရွာ၌နေထိုင်သူတစ်ဦးကပြောသည်။

AAထုတ်ပြန်ချက်တွင် ခလရ(၅၁)သည် မအူပင်မြို့နယ်မှဖြစ်ကြောင်း ဖော်ပြထားသော်လည်း ယင်းတပ်ရင်းသည် ဟင်္သာတမြို့မြို့အနီး မြန်အောင်မြို့၌ အခြေစိုက်ခြင်းဖြစ်သည်။

“မြန်အောင်ကရိုးမ(ရခိုင်ရိုးမ)နဲ့ ပိုနီးတယ်။ ခလရ(၅၁)က ကောင်တွေကို ရခိုင်ကိုတောက်လျှောက်ပို့နေတာ။ အခု တပ်ထဲမှာ နောက်ချန်အင်အား မရှိသလောက်ပဲ။ ခလရ (၁၈)ရော ၊ ခလရ (၅၁) ရော မုဆိုးမတွေ များ‌ကုန်ပြီ” ဟု ဧရာဝတီတိုင်းမှ စစ်ရေးသတင်းရင်းမြစ်တဦးကပြောသည်။

စစ်ကူစစ်ကြောင်းအားဖြတ်တောက်တိုက်ခိုက်သည့်အဆိုပါတိုက်ပွဲတွင်ရန်သူသည် လေကြောင်း၊ ရေကြောင်း၊ Suicide Drone မောင်းသူမဲ့ အသေခံဒရုန်းများကိုအသုံးပြု၍ အသည်းအသန် ခုခံကာကွယ်နေသည့်ကြားမှအပြတ်အသတ်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု AAက ထုတ်ပြန်ထားသည်။

(ဂွနှင့်အမ်းသို့ပို့​သော စစ်တပ်စစ်ကူစစ်​ကြောင်းများ​ချေမှုန်းခံရပြီး AAသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-AA Info Drsk)
(ဂွနှင့်အမ်းသို့ပို့​သော စစ်တပ်စစ်ကူစစ်​ကြောင်းများ​ချေမှုန်းခံရပြီး AAသိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-AA Info Drsk)

စစ်တပ်မိသားစုဝင်များသည် AAက သတင်းထုတ်ပြန်မှသာ အခြေအနေကိုသိရှိရပြီး သတင်းဖုံးကွယ်ခံထားရသည့်အခြေအနေကို တပ်တွင်းမကျေနပ်မှု များပြားနေကြောင်းသိရသည်။

ရခိုင်စစ်မြေပြင်ကို စစ်ကောင်စီက ဧရာဝတီတိုင်းမှတဆင့် အင်အားပို့နေသည်။ ရှေ့တန်းမှထွက်ပြေးသူများလည်းရှိနေပြီး မကြာသေးမီကလည်း အမ်း-ပဒါမ်းလမ်းပိုင်းမှတဆင့် ထွက်ပြေးသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တော်လှန်ရေးတပ်ဖွဲ့များက ဖမ်းမိခဲ့သည်။

၂၀၂၃ ခုနှစ်ကလည်း ရခိုင်ပြည်နယ်၊ မအီမြို့နှင့်ရမ်းဗြဲမြို့သိမ်းတိုက်ပွဲတွင် ရှေ့တန်းသို့ပို့ဆောင်ခံခဲ့ရသည့် ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှ ခလရ(၃၆) တပ်ရင်းတစ်ရင်းလုံး တိုက်ခိုက်ခြေမှုန်းခံရပြီး AAက စစ်သုံ့ပန်းအများအပြား ဖမ်းမိခဲ့သည်။ ဖမ်းမိခဲ့သူများအနက် ခလရ(၃၆)မှ ဆေးအရာခံဗိုလ်မျိုးခန့်ကရခိုင်စစ်မြေပြင်တွင် စစ်ကောင်စီက အများပြည်သူအသုံးပြုနေသည့်တံတားများအား ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု AA ထံ ထုတ်ဖော်ဝန်ခံခဲ့သည်။

ထို့အပြင် ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့ ခြေမြန်တပ်ရင်း ခမရ(၅၃၄)မှာ တပ်ရေးဗိုလ်ကြီးနှင့် မအူပင်မြို့ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦးသည် ပြီးခဲ့သည့်နိုဝင်ဘာလတွင် ရခိုင်ပြည်နယ်သို့ ပြောင်း

ရွှေ့မိန့်ကျပြီးနောက်ထွက်ပြေးသွားကြောင်းစစ်တပ်နှင့်နီးစပ်သူများက​ပြောသည်။

ဂွမြို့နယ်တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး မြို့နှင့် သုံးမိုင်ခန့်အကွာအထိ ရောက်ရှိလာပြီဟု ဒေသခံများကပြောသည်။ မြို့ပေါ်ရပ်ကွက်များမှဒေသခံများသည် ဧရာဝတီတိုင်းအတွင်းသို့ တိမ်းရှောင်ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ ဂွမြို့မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ရွှေ‌သောင်ယံမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့များ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းနယ်စပ် မကျီးဇင်ကျေးရွာ၌ တိုက်ပွဲဖြစ်ခဲ့ပြီးအချင်းချင်းပြန်လည်းဖမ်းဆီးမှုများဖြစ်ပွားခဲ့သည်။

သတင်း

နယ်စပ်အရေးကိစ္စတွေနဲ့ ပတ်သက်ရင် ဘင်္ဂလားဒေ့ရှ်ဟာ AAရော၊ မြန်မာစစ်တပ်နဲ့ပါ ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ သူက ပြောကြားသွားပါတယ်။

အတွေးအမြင်

အခု ဒီဇင်ဘာလ ၂၀ ရက်နေ့မှာပဲ စစ်ကောင်စီ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကိုအာရက္ခတပ်တော်(AA) က အပြီးသတ်သိမ်းယူခဲ့ပါတယ်။

သတင်း

စစ်ကောင်စီသည် ဂွမြို့အား အင်အား ၁၂၀၀ ကျော်ဖြင့်ခုခံကာကွယ်ခဲ့သော်လည်း နောက်ဆုံးတွင် အာရက္ခတပ်တော်၏ ထိုးစစ်အား မည်သို့မျှ ယှဉ်မရဘဲ လက်လွှတ်ဆုံးရှုံးခဲ့ရခြင်းဟု အသိပေးသည်။