Connect with us

Hi, what are you looking for?

သတင်း

စစ်ရှောင်များအသုံးပြုနေသော စစ်ကိုင်းမြို့ရှိ ခရိုင်ချင်းဆက်လမ်းအား စစ်တပ်က ဖျက်ဆီး

စစ်ကောင်စီတပ်သည် မိုးကုတ်၊ သပိတ်ကျင်း၊ စဥ့်ကူးမြို့များမှစစ်ရှောင်များအား ဖမ်းဆီးငွေညှစ်မှုများလည်း ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

(စစ်ကိုင်းမြို့အဝင် ခရိုင်ချင်းဆက်လမ်းအား အာဏာမသိမ်းမီ ၂၀၂၀ ပြည့်နှစ်အတွင်းက တွေ့ရစဥ်။ဓာတ်ပုံ-စစ်ကိုင်းစည်ပင်)
(စစ်ကိုင်းမြို့အဝင် ခရိုင်ချင်းဆက်လမ်းအား အာဏာမသိမ်းမီ ၂၀၂၀ ပြည့်နှစ်အတွင်းက တွေ့ရစဥ်။ဓာတ်ပုံ-စစ်ကိုင်းစည်ပင်)

ဇေအောင်/People’s Spring

မိုးကုတ်၊ သပိတ်ကျင်း၊ စဉ့်ကူးနှင့် မတ္တရာမြို့များမှ စစ်ရှောင်များအသုံးပြုနေသော စစ်ကိုင်းမြို့ရှိ ခရိုင်ချင်းဆက်လမ်းခွဲနှစ်ခုအား စစ် ကောင်စီတပ်က ဘက်ဟိုးဖြင့်ထိုး ဖျက်ဆီးထားကြောင်း သတင်းရရှိသည်။

စစ်ကိုင်းမြို့မှ ရွှေဘို၊ ကျောက်မြောင်းမြို့နယ် အထိသွားလာရသော အမှတ်(၃) ခရိုင်ချင်းဆက်လမ်းသည် မန္တလေးတိုင်း၊ မတ္တရာ၊ စဥ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ်မြို့နယ်များမှ စစ်ရှောင် များ မန္တလေးမြို့သို့ ကူးသန်းလိုလျှင် အဓိကအသုံးပြုနေသော လမ်းပိုင်းဖြစ်ကြောင်း၊ အဆိုပါလမ်းပိုင်းမှ စစ်ကိုင်းမြို့အတွင်းဝင်ရသော စစ်ကိုင်း-စာရေးလမ်းပိုင်းနှင့် ရွှေမင်းဝံ-စကျင်လမ်းပိုင်းတို့အား စစ်ကောင်စီတပ်နှင့်ပျူစောထီးများက ဘက်ဟိုးစက်ဖြင့် ထိုးဖျက်ဆီးလိုက်ကြောင်း ဒေသခံများက ပြောသည်။

“ကောင်းမှုတော်နဲ့ စာရေးသွားတဲ့လမ်းမြေသားလမ်းကို ဘက်ဟိုးနဲ့ ဖျက်လိုက်တယ်။ ရွှေမင်းဝံဘက်ကလာတဲ့ ကတ္တရာလမ်းကိုလည်းဖျက်လိုက်တယ်။ ကောင်းမှုတော်ဘက်ကနေဝင် တဲ့ လွင်မိုးတိုက်ဆိုတာရှိတယ်။ ရုပ်ရှင်မင်းသား လွင်မိုးပိုင်ဆိုင်တဲ့ တိုက်ပေါ့။ အဲဒီတိုက်နားမှာ အထိုင်ချပြီးတော့မှ အဲတလမ်းကနေပဲ ဝင်ထွက်သွားလာခွင့်ပေးတယ်လို့ပြောတယ်။”ဟု Wetlet Informational Networkအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်သည် မိုးကုတ်၊ သပိတ်ကျင်း၊ စဥ့်ကူးမြို့များမှစစ်ရှောင်များအား ဖမ်းဆီးငွေညှစ်မှုများလည်း ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

“အဲနားမှာ အဓိကကတော့ပျူတွေပေါ့။ သူတို့မသင်္ကာဘူးဆိုရင် အခုဟာက မိုးကုတ်ဘက်ကစစ်ရှောင်တွေ အထက်ပိုင်းက စစ်ရှောင်တွေကို မသင်္ကာဘူး ဖမ်းပြီးတော့မှ တစ်ယောက်ကို မိုးကုတ်ကဆိုရင် သိန်းတစ်ရာတို့ တောင်းတယ်။ တချို့ဆိုရင် သိန်း ၂၀၊ သိန်း ၃၀တောင်းတယ်။”ဟု Wetlet Informational Networkအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့အပြင် ရွှေဘို – မန္တလေးလမ်းပိုင်းရှိ စစ် ကောင်စီဂိတ်များကလည်း ငွေညှစ်လေ့ရှိကြောင်း သွားလာဖူးသူအချို့က ပြောသည်။

“ရွာသာကြီးလမ်းဆုံကရစ်ပါတယ်။ ဝက်လက်ကဖြတ်မယ့်အချိန်လည်း ရစ်တယ်။ကွင်းလမ်းနဲ့ရွာတွေထဲကနေပတ်ထွက်တက်ရင်တော့ရတယ်။”ဟု သွားလာဖူးသူတစ်ဦးကဆိုသည်။

ယခင်က မိုးကုတ်၊ သပိတ်ကျင်းနှင့် စဉ့်ကူးမြို့သို့သွားလိုပါက မန္တလေးမြို့မြောက်ဘက်အထွက် မိုးကုတ်-မန္တလေးလမ်းအတိုင်း သွားလာနိုင်သော်လည်း ယခုလက်ရှိ မတ္တရာမြို့နယ်အတွင်းတိုက်ပွဲများဖြစ်ပွားနေ၍ စစ်ကိုင်းခရိုင်ချင်းဆက်လမ်းမှတဆင့် စဥ့်ကူးနယ်သို့ ကွေ့ပတ်၍ သွားလာနေရခြင်းဖြစ်ကြောင်း ခရီးသွားများထံမှ သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ-၂၀၊၂၀၂၆၊ရှိန်း/People’s Spring စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်က ကျေးရွာ ၃ရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား တစ်ဦး သေဆုံးပြီး ၂ဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝက်လက်မြို့နယ်က မင်းဂန်ရွာနဲ့ စစ်ကိုင်းမြို့နယ်၊သာစည်နဲ့ ရွှေစည်းခုံရွာ​တွေကို စစ်တပ်ကဧပြီ ၁၉ရက် ည ၁၂နာရီ ကျော်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့...

အတွေးအမြင်

လွတ်လပ်ရေးရပြီး ၁၉၅၈ ခုနောက်ပိုင်းကနေ ကနေ့အချိန်ထိ စုစုပေါင်း ၆၈ နှစ်လောက်ရဲ့ မြန်မာ့ နိုင်ငံရေးသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် စစ်တပ်က အာဏာလက်လွှတ်ခဲ့တယ်ဆိုတာ မရှိသလောက်ကို ရှားပါးခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ် သိုင်းငင်းကျေးရွာကို ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ အင်အား ၁၀၀ ခန့်ရှိကြောင်း တီးတိန်မြို့နယ်အခြေစိုက် PDF ဇိုလဲန်းတပ်ဖွဲ့ စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။

သတင်း

နိုင်ငံတကာကိုသွားရောက်ချိန်တိုင်းမှာ မြန်မာနိုင်ငံက စစ်အာဏာရှင်တွေရဲ့ ရက်စက်မှုတွေကို ဖော်ထုတ်ပြီး အာဏာရှင်စနစ်အဆုံးသတ်သည်အထိ ပါဝင်သွားမယ်လို့ တော်လှန်အနုပညာရှင် မေမြတ်နိုးက ကတိပေးလိုက်ပါတယ်။