Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့နယ်အနောက်ခြမ်း၌ တိုက်ပွဲဖြစ်

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ထိခိုက်မှုများပြီး ထိခိုက်သူများအား မတ္ထရာမြို့တွင်းသို့ သယ်ယူနေကြောင်း Voice Of Mandalay အဖွဲ့က ပြောသည်။

(မတ္တရာမြို့အဝင်တနေရာအား တွေ့ရစဉ်။ဓာတ်ပုံ - CJ)
(မတ္တရာမြို့အဝင်တနေရာအား တွေ့ရစဉ်။ဓာတ်ပုံ - CJ)

▪️စစ်​တပ်က စစ်ရှောင်ပြည်သူများလေကြောင်းတိုက်ခိုက်ခဲ့၍ ပြည်သူတစ်ဦးသေဆုံး

ဇေအောင်/People’s Spring

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ရှိရာ မန္တလေးမြို့နှင့် (၂၄)မိုင်ခန့်သာကွာဝေးသော မတ္တရာမြို့နယ်အနောက်ခြမ်း၌ ယနေ့(နိုဝင်ဘာ ၂၂ရက်)နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်​တပ်ကလေကြောင်းတိုက်ခိုက်၍ စစ်ရှောင်ပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

နံနက် ၄နာရီခန့်ကစ၍ မတ္တရာမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာအချို့၌ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတဖွဲ့များကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

“တမနက်လုံး ပစ်နေကြတာ ဟိုဘက်ဒီဘက်။ အောက်ကင်းနား၊ တောပုနားမှာဖြစ်ကြတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ထိခိုက်မှုများပြီး ထိခိုက်သူများအား မတ္ထရာမြို့တွင်းသို့ သယ်ယူနေကြောင်း Voice Of Mandalay အဖွဲ့က ပြောသည်။

နံနက် ၉ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားရာ တောပုကျေးရွာအနီးကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀နှင့် ပေါင် ၂၀၀ ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူများက ပြောသည်။

ထို့အပြင် နံနက် ၁၁ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က စစ်ရှောင်ပြည်သူများရှိရာ စိန်ပန်းကုန်းကျွန်းရွာ၊သဲကျွန်းရွာတစ်ဝိုက်သို့ ထပ်မံလေကြောင်းတိုက်ခိုက်ရာ စစ်ရှောင်ပြည်သူတစ်ဦးသေဆုံးကြောင်း၊ ထို့အပြင် ဓါတုလက်နက်များဖြင့်ပါ ပစ်ခတ်၍ စစ်ရှောင်ပြည်သူအချို့ မူးဝေအော့အန်ခဲ့ကြောင်း Wetlet Informational Network အဖွဲ့က ပြောသည်။

“စစ်ဘေးရှောင်တွေနေတဲ့ ကျွန်းပေါ်ကို လာပစ်သွားတာ။ ပြည်သူအမျိုးသမီးတစ်ဦးသေဆုံးတယ်။ ပြီးတော့ ဓါတုဓါတ်ငွေ့ပစ္စည်းတွေပါတော့ ပြည်သူတွေ မူးတာတွေ၊ အန်တာတွေဖြစ်တယ်။”ဟု ၎င်းအဖွဲ့တာဝန်ရှိသူက ဆိုသည်။

ဓါတုလက်နက်အသုံးပြုမှုအခြေအနေကိုမူ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသော်လည်း ပြည်သူများ မူးဝေအော့အန်ခဲ့သည်ဟု အခြားသတင်းရင်းမြစ်ကလည်း အတည်ပြုသည်။

အဆိုပါတိုက်ပွဲ၌ ပါဝင်သည့် ပြင်ဦးလွင်ခရိုင်ပကဖထံ ဆက်သွယ်မေး​မြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

နိုဝင်ဘာ ၁၇ ရက်က မတ္တရာမြို့နယ်အနောက်ခြမ်း၊ ဆောက်ခြုံပေါက်ကျေးရွာသို့ ဝင်ရောက်လာသည့်အမှတ် (၉၁၀)စစ်အင်ဂျင်နီယာတပ်ရင်းမှ ထွက်လာသော စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း(၇၀၁)မှ ဗိုလ်မှူးကျော်ဇေယျဦးစီးပြီး ခမရ(၇၀၁၊ ၇၀၃၊ ၇၀၄)အင်အား(၇၀)ကျော်ပါ စစ်ကြောင်းအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ဦးသေဆုံးပြီး သေနတ် ၉လက်နှင့် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁)စစ်ဒေသက ယမန်နေ့(နိုဝင်ဘာ ၂၁ရက်)က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် မတ္ထရာမြို့နယ်အနောက်ခြမ်းကို နိုဝင်ဘာ ၉ ရက်မှစတင်ပြီး စစ်ကြောင်းထိုးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မတ္တရာမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က သိမ်းထားသည့် တပ်စခန်းများကို ပြန်လည်ရရှိရန် စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများသာမက မြေပြင်စစ်ကြောင်းများကိုပါ အသုံးပြုပြီး တန်ပြန်ထိုးစစ်ဆင်နေသော်လည်း သိမ်းထားသည့် စခန်းများအား အပြည့်အဝထိန်းချုပ်ထားဆဲဖြစ်ကြောင်း မန္တလေး PDFက အောက်တိုဘာ တတိယပတ်အတွင်းက အသိပေးထားသည်။

မတ္တရာမြို့နယ်မှ စစ်ကောင်စီစခန်း ၄၀ကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook