Connect with us

Hi, what are you looking for?

သတင်း

မူဆယ်တွင် ကလေးငယ်တစ်ဦးပြန်ပေးဆွဲခံရပြီးနာရီပိုင်းအတွင်းပြန်လွတ်

မူဆယ်မြို့သည် စစ်ကောင်စီထိန်းချုပ်ထားသည် မြို့ဖြစ်ပြီး ပြန်ပေးဆွဲမှုများ မကြာခဏဖြစ်နေသည်ဟု မြို့ခံများကပြောသည်။

(ပြန်​ပေးဆွဲခံရ​ပြီး ပြန်လွတ်လာ​သောက​လေးငယ် နှင့် ပြန်​ပေးဆွဲခဲ့​သော ကားကို​တွေ့ရစဥ်။ ဓါတ်ပုံ- File Photo)
(ပြန်​ပေးဆွဲခံရ​ပြီး ပြန်လွတ်လာ​သောက​လေးငယ် နှင့် ပြန်​ပေးဆွဲခဲ့​သော ကားကို​တွေ့ရစဥ်။ ဓါတ်ပုံ- File Photo)

အိမ်သွင်/People’s Spring

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် အသက် ၈ နှစ်အရွယ်ခန့် ကလေးငယ်တစ်ဦးယနေ့ (ဒီဇင်ဘာလ၁၀ရက်)ညနေပိုင်းကပြန်ပေးဆွဲခံလိုက်ရသည်။

မူဆယ်မြို့၊ စွမ်စော် (၂)လမ်းတွင် အင်္ဂါ​နေ့ ည​နေသုံးနာရီခန့် ၌ အဖြူ​ရောင် အိမ်စီးကားတစ်စီးက ကလေးငယ်အားဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ဒေသခံတဦးကပြောသည်။

” 2D 8676 ကားနံပတ်မှ မှ ခလေးလေးကို ပြန်​ပြေးဆွဲသွားပါတယ်။ တွေ့ရှိခဲ့ပါက0968×××××ကိုဆက်သွယ်ပေးပါကျေးဇူးပြန်ဆပ်ပါမည်။

Public Service Announcement

Public Service Announcement

ဒီကားပါ။ဝိုင်းပြီရှယ်ပေးကြပါ” ဟု ပြန်ပေးဆွဲသွားသည့်ကားဓာတ်ပုံ နှင့်အတူ ကလေးငယ်၏မိသားစုဝင်တစ်ဦးက လူမှုကွန်ရက်တွင်အကူအညီတောင်းခဲ့သည်။

(ပြန်​ပေးဆွဲခံရ​ပြီး ပြန်လွတ်လာ​သောက​လေးငယ် နှင့် ပြန်​ပေးဆွဲခဲ့​သော ကားကို​တွေ့ရစဥ်။ ဓါတ်ပုံ- File Photo)
(ပြန်​ပေးဆွဲခံရ​ပြီး ပြန်လွတ်လာ​သောက​လေးငယ် နှင့် ပြန်​ပေးဆွဲခဲ့​သော ကားကို​တွေ့ရစဥ်။ ဓါတ်ပုံ- File Photo)

ည ၆နာရီခွဲခန့်တွင် အဆိုပါကလေးငယ်အား မူဆယ်မြို့တစ်နေရာတွင် လာရောက်ချသွားပြီး ယခုအခါ မိဘများထံပြန်လည်ရောက်ရှိသွားပြီဟု စုံစမ်းသိရသည်။

“ကလေးကို မြို့ထဲမှာ ချထားခဲ့တာ။ မိဘတွေက ပိုက်ဆံဘယ်လောက်ပေးလိုက်ရလဲမသိဘူး။ ဆိုင်တစ်ဆိုင်ရှေ့မှာချသွားတာ။ အဲဒီဆိုင်က အင်တာနက်ပေါ်ကိုကလေးဓာတ်ပုံတင်ပြီး လာခေါ်ခိုင်းလို့ သူ့အိမ်ကလာခေါ်သွားပြီ” ဟု မူဆယ်မြို့ခံတဦးကပြောသည်။

ကလေးငယ်၏မိဖများထံဖုန်းခေါ်ဆိုရာဆက်သွယ်ရေးအခက်အခဲကြောင့် မေးမြန်း၍မရခဲ့ပေ။

မူဆယ်မြို့သည် စစ်ကောင်စီထိန်းချုပ်ထားသည် မြို့ဖြစ်ပြီး ပြန်ပေးဆွဲမှုများ မကြာခဏဖြစ်နေသည်ဟု မြို့ခံများကပြောသည်။

(ပြန်​ပေးဆွဲခံရ​ပြီး ပြန်လွတ်လာ​သောက​လေးငယ် နှင့် ပြန်​ပေးဆွဲခဲ့​သော ကားကို​တွေ့ရစဥ်။ ဓါတ်ပုံ- File Photo)
(ပြန်​ပေးဆွဲခံရ​ပြီး ပြန်လွတ်လာ​သောက​လေးငယ် နှင့် ပြန်​ပေးဆွဲခဲ့​သော ကားကို​တွေ့ရစဥ်။ ဓါတ်ပုံ- File Photo)

“ပြန်ပေးဆွဲရင်သိန်းထောင်ချီတောင်းတာ။ဒီနောက်ပိုင်းပြန်ပေးဆွဲမှုတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ကလူတွေ၊ ပြည်သူ့စစ်တွေလုပ်နေကြတာ။ အခြေအနေတော်တော်ဆိုးနေတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။

၂၀၂၄ ခုနှစ်အတွင်း မူဆယ်မြို့မှ ပြင်ပဆေးခန်းဆရာဝန်တစ်ဦးအပါအဝင် ပြန်ပေးဆွဲခံရသူ ၇ဦးရှိခဲ့ပြီး တဦးလျှင် ကျပ်သိန်း ၁,၀၀၀ မှ သိန်း ၁၅၀၀ကြား တန်ဖိုးနှင့်ကိုက်ညီသည့် ယွမ်ငွေကို ပြန်ပေးဆွဲသူများထံ ပေးပြီးမှ ပြန်လည်လွတ်မြောက်လာကြသည်ဟု သတင်းရရှိသည်။

မကြာသေးမီက ဖမ်းမိခဲ့သည့် ပြန်ပေးဆွဲမှုတရားခံများတွင် မူဆယ်အခြေစိုက် တပ်မ(၉၉)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ပါဝင်ခဲ့သည်ဟု မြို့ခံများကပြောသည်။

မူဆယ်မြို့ပေါ်ကို စစ်ကောင်စီကအထိန်းချုပ်ထားသော်လည်း ၁၀၅မိုင်ကုန်သွယ်ရေးဇုန်၊ ကျင်စန်းကျော့နယ်စပ်ဂိတ်တို့ကို မြောက်ပိုင်းမဟာမိတ်ညီ​နောင်သုံးဖွဲ့က ထိန်းချုပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ဒီနေ့ မေလ ၇ရက် မနက်ပိုင်းမှာဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ထောင်ထားတဲ့မိုင်းပေါက်ကွဲလို့ (၂)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ချောင်းသာကမ်းခြေဒေသမှာ ‌ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရပြီးစွန့်ပစ်ထားတဲ့ရုပ်အလောင်းကိုဒေသခံတွေက တွေ့ရှိခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချင်းတွင်းမြစ်ဆိပ်မှာ ရေနစ်ပျောက်ဆုံးနေတဲ့ က​လေး ၃ ဦးထဲက တစ်ဦးကို သေဆုံးလျက် ပြန်လည်ရှာဖွေတွေရှိခဲ့ပြီး ၂ ဦး ရှာမတွေ့သေးကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ပွက်ပွက်ဆူနေတဲ့ ရေနွေးကို သောက်ဖို့ အတင်းအကျပ် ဖိအားပေး ခံခဲ့ရတဲ့ ကလေးငယ် တစ်ဦးဟာ မသေဆုံးခင်မှာ သူ့ကို အဓမ္မ ခိုင်းစေခဲ့သူကို ဖော်ထုတ်သွားခဲ့ပါတယ်။