Connect with us

Hi, what are you looking for?

သတင်း

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲဝင် တပ်ရင်းများကို ထောက်ပို့ထီမိသားစုက ကျပ်သိန်း ၁,၅၀၀ ဂုဏ်ပြု

ယင်းမာပင်၊ ရွှေဘို၊ မုံရွာ၊ ကလေးခရိုင်တို့မှ ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၀ကို ယခုရက်ပိုင်း ထောက်ပံ့မည်ဟု ယင်းအစီအစဉ်ဖြစ်မြောက်ရေး အကောင်အထည်ဖော်နေသည့် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

(ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း တွေ့ရသော တော်လှန်ရေးရဲဘော်များ၊ ဓာတ်ပုံ − အမှတ်(၁) စစ်ဒေသ)
(ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း တွေ့ရသော တော်လှန်ရေးရဲဘော်များ၊ ဓာတ်ပုံ − အမှတ်(၁) စစ်ဒေသ)

အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၀ကို ထောက်ပို့ထီမိသားစုမှ တပ်ရင်းတစ်ရင်းလျှင် ဂုဏ်ပြုကူငွေ ကျပ်သိန်းငါးဆယ်ကျပ်စီဖြင့် စုစုပေါင်း ကျပ်သိန်း ၁,၅၀၀ ဂုဏ်ပြုချီးမြှင့်မည်ဖြစ်သည်။

ယင်းမာပင်၊ ရွှေဘို၊ မုံရွာ၊ ကလေးခရိုင်တို့မှ ပြည်သူ့ကာကွယ်ရေးတပ်ရင်း ၃၀ကို ယခုရက်ပိုင်း ထောက်ပံ့မည်ဟု ယင်းအစီအစဉ်ဖြစ်မြောက်ရေး အကောင်အထည်ဖော်နေသည့် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့ကို ဩဂုတ် ၁၅ရက်ကစတင်ကာ အမှတ်(၁)စစ်ဒေသအောက်ရှ်ိ PDFတပ်ပေါင်းစုက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ အောက်တိုဘာ ၇ရက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချအရှုံးပေးပြီး အောက်တိုဘာ ၈ရက်တွင် မြို့အား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ကသုံးလုံးခရိုင် အထူးစစ်ဆင်ရေးမှူး ကွပ်ကဲမှုဖြင့် ကသုံးလုံးခရိုင် အထူးစစ်ဆင်ရေးရုံးအဖွဲ့၊ ကောလင်းခရိုင် ကွပ်ကဲရေးရုံး၊ ကောလင်းခရိုင် တပ်ရင်း (၁၊ ၂၊ ၃၊ ၄)၊ အမှတ် (၁) စစ်ဒေသတိုက်ခိုက်ရေးအဖွဲ့/ လက်နက်ကြီးအဖွဲ့၊ အထူးလှုပ်ရှားတပ်ရင်း (၁၊ ၂၊ ၄၊ ၈၊ ၁၀)၊ အမှတ် (၁၊ ၂) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံးအဖွဲ့၊ တမူးခရိုင် တပ်ရင်း-၃၊ မော်လိုက်ခရိုင် တပ်ရင်း (၁၊ ၂၊ ၄)၊ ကလေးခရိုင် တပ်ရင်း-၁၄၊ ယင်းမာပင်ခရိုင် တပ်ရင်း-၁၄၊ ယင်းမာပင်ခရိုင် ထုတ်နုတ်တပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း (၇၊ ၂၄)၊ စစ်ကိုင်းခရိုင် ထုတ်နုတ်တပ်ဖွဲ့၊ ကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ (၄၁၊ ၄၂၊ ၄၅၊ ၄၉၊ ၅၂၊ ၅၃) တပ်ရင်းများ၊ ပကဖ (စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ရွှေဘိုခရိုင်၊ ပင်လည်ဘူးမြို့နယ်၊ ကောလင်းမြို့နယ်၊ ဝန်းသိုမြို့နယ် ပကဖ)၊ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ ပလဖ (ကောလင်းခရိုင်/ ပင်လည်ဘူးမြို့နယ်၊ ကောလင်းမြို့နယ်၊ ဝန်းသိုမြို့နယ်)၊ ဒရုန်းအဖွဲ့များ (အမှတ် (၁) စစ်ဒေသ/ စစ်ကိုင်းတိုင်း PDF တာဝန်ခံရုံး၊ ရွှေဘိုခရိုင် ပကဖ၊ ပင်လည်ဘူးမြို့နယ် ပကဖ၊ ကောလင်းမြို့နယ် ပကဖ၊ ဝန်းသိုမြို့နယ် ပကဖ) ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသက သတင်းထုတ်ပြန်ထားသည်။

မြို့သိမ်း စစ်ဆင်ရေးသည် ၅၃ရက်ကြာခဲ့သည်။ စစ်ကောင်စီက ခြေလျင်တပ်ရင်း ခလရ (၅၀၊ ၈၇၊ ၃၀၁၊ ၃၀၅)၊ ခြေမြန်တပ်ရင်း(၁၆၊ ၁၀၁၊ ၁၁၁၊ ၃၆၃၊ ၃၆၈၊ ၇၀၄)အပြင် ရဲတပ်ဖွဲ့နှင့် ရှမ်းနီ(SNA) တပ်မဟာ-၆၁၄ တို့ဖြင့် အင်အား ၈၀၀ခန့်အထိသုံးကာလေကြောင်းမှလည်း ဗုံးသီး အလုံးရေ ၅၀၀၀ ကျော်အသုံးပြုခုခံခဲ့သည့်ကြားမှ အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ခြင်းဟု အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတိုက်ခိုက်မှုကြောင့် မတ်လရဲ့ ပထမဆုံးနေ့မှာ အရပ်သား ၃၀ ကျော် သေဆုံး

သတင်း

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

Trending

Facebook