Connect with us

Hi, what are you looking for?

သတင်း

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း သိမ်းရသည့် မူးယစ်ဆေးဝါးများကို NUG ကာကွယ်ရေးဝန်ကြီး ဦးဆောင်မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း သိမ်းရသော မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - NUG

ထားမြတ်/People’s Spring

စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ရက်ပေါင်း ၅၄ရက်ကြာမြင့်ခဲ့သည့် ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေးတွင် သိမ်းရခဲ့သည့် ဘိန်းဖြူ ဆပ်ပြာခွက် (၁၃၅၂) ခွက်၊ ဘိန်းဖြူထုတ် (၁၂၈၅)ထုတ်နှင့် ဘိန်းမဲ ၁၈ထုတ် (တစ်ထုတ် လျှင် ၁ ပိဿာ ခန့်မှန်း)တို့ကို မီးရှို့ဖျက်ဆီး ခဲ့ခြင်းဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးမှုကို ပင်လည်ဘူးမြို့သို့ မြေပြင်ကွင်းဆင်းလာရောက်ခဲ့သည့် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ဦးဆောင်သောအဖွဲ့က အခမ်းအနားဖြင့် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးခြင်း အခမ်းအနားတွင် ကာကွယ်ရေးဝန်ကြီးက ပြည်သူ့တော်လှန်ရေး ရဲဘော်များအား ကူညီ စောင့်ရှောက်ပေးသည့် ရပ်မိ၊ရပ်ဖများကို အထူးကျေးဇူးတင်ကြောင်း ပြောကြားသည်။

ဖမ်းဆည်းရမိထားသည့် စစ်သုံ့ပန်းများကို မေးမြန်းရာတွင် မူးယစ်ဆေးဝါး သုံးစွဲထားကြောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲမှ စစ်တိုက် နိုင်သည်ကို ဝန်ခံကြကြောင်း ဝန်ကြီးက ပြောသည်။

စစ်ကောင်စီတပ်သားများသည် မူးယစ်ဆေးဝါးများ ကိုယ်တိုင်သုံးစွဲရုံ သာမက ယခု သိမ်းဆည်းရမိသည့် ပမာဏကို ကြည့်ခြင်းအားဖြင့် ၎င်းတို့ ကိုယ်တိုင် ရောင်းဝယ်၊ ဖောက်ကားဖြန့်ချီနေကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရနှင့်ပြည်သူများ လက်တွဲညီညီ တိုက်ဖျက်သွားရန် လိုအပ်ကြောင်း ကာကွယ်ရေးဝန်ကြီးက တိုက်တွန်းပြောကြားခဲ့ဟု ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် သိမ်းပိုက်ရရှိထားသည့် မြို့၊ ရွာများတွင် ပြည်သူ့အုပ်ချုပ်ရေးကို ဖော်ဆောင်နေပြီး ပြည်သူ့အုပ်ချုပ်ရေး သည် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းဖြစ်ကြောင်း(တနည်းအားဖြင့်) ပြည်သူကို အလုပ်အကျွေးပြုရန် ဖြစ်ကြောင်း၊ တာဝန်ပေးထားသော စစ်ဘက်၊ အရပ်ဘက် တာဝန်ရှိသူများ၏ မဟုတ်မမှန်သည့် လုပ်ဆောင်ခြင်းများ ကိုလည်း တိတိကျကျ ကိုင်တွယ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

အကြမ်းဖက်စစ်တပ်၏ အကြိမ်ကြိမ် အာဏာသိမ်းမှုများကြောင့် ပြည်သူများနှင့်လူငယ်များ၏ ဘဝများ ဆုံးရှုံးနစ်နာမှုကြီးမားခဲ့ပြီး တိုင်းပြည် သည်လည်း မည်သည့်နိုင်ငံနှင့်မှ မယှဥ်နိုင်ပဲ မျက်နှာငယ်ခဲ့ရကြောင်း ဝန်ကြီးက ပြောသည်။

၂၀၂၁ စစ်အာဏာသိမ်းမှုသည် အကြွင်းမဲ့ စစ်အာဏာလွှမ်းမိုးရေး ရည်ရွယ်ကြောင်း ထင်ရှားသည့်အတွက် လက်နက်ကိုင်ခုခံတွန်းလှန်စစ်ကို မဖြစ်မနေ ဆင်နွှဲခဲ့ရကြောင်း၊ခုခံတွန်းလှန်မှု မပြုလုပ်လျှင် နိုင်ငံအနာဂါတ်ပျောက်မည် ဖြစ်သည့်အတွက် ခေတ်သမိုင်း၏ တာဝန်ပေးချက် အရ လက်နက်နှင့် အကြမ်းဖက်နေသူကို လက်နက် နှင့် တွန်းလှန်တိုက်ဖျက်မှ ရမည်ဟု သန္နိဋ္ဌာန် ချမှတ်ကာ တိုက်ပွဲဝင်နေခြင်း ဖြစ်ကြောင်း ဝန်ကြီး ဦးရည်မွန်က ပြောကြားခဲ့သည်။

“ ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ ကနေပြီးတော့ အခုသိမ်းယူထားတဲ့ မြို့တွေ ရန်သူ့ဘက်ကိုမကျရောက်ရေးနဲ့ နောက်တစ်ခါ ရန်သူခြေချထားတဲ့နေရာတွေကို ဆက်လက်ပြီး ထိုးစစ်ဆင်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေတယ်။ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ အားပေးမှုကိုလည်း အများကြီးကျေးဇူးတင်တယ်ဆိုပြီး ပြောသွားပါတယ်” ဟု အမှတ်(၁)စစ်ဒေသကွပ်ကဲရေးအဖွဲ့ဝင်နှင့် စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ခံ ရဲဘော်ဩဇာက People’s Springသို့ ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့သိမ်းတိုက်ပွဲမှာ ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်းတွေထဲက တပ်ရင်မှူးတစ်ဦးနဲ့မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ၁၃ဦး ထွက်ပြေးလွတ်မြောက်သွားတယ်လို့ စုံစမ်းသိရပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်းက အဝေးပြေး ကားလမ်းမ တစ်ခုမှာ ယာဉ် ၈ စီးဆင့်တိုက်မှု ဖြစ်ပွားစေခဲ့တဲ့ ထရပ်ကား မောင်းနှင်သူဟာ မူးယစ်ဆေးဝါး သုံးစွဲထားခဲ့ကြောင်း စစ်ဆေး တွေ့ရှိခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က အာရက္ခတပ်တော်(AA)ကို မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ စွပ်စွဲမှုတွေ ဆက်တိုက်လုပ်ဆောင်နေကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။

သတင်း

၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP/UWSA) (၁၇၁)စစ်ဒေသက ဖမ်းမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေကို စစ်ကောင်စီ ထံ အပ်နှံခဲ့တယ်လို့ UWSP/UWSA လားရှိုးဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက လူမှုကွန်ရက်ကနေ တဆင့် ထုတ်ပြန်ပါတယ်။