Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့အမြောက်တပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် မြို့အတွင်းကျ ပေါက်ကွဲ၍ လူလေးဦး ဒဏ်ရာရ၊ နေအိမ်သုံးလုံး ပျက်စီး

ဒီဇင်ဘာ ၁၂ရက် တစ်ရက်တည်း မစ်ဇိုင်းရှစ်လုံး ပစ်ခတ်ခဲ့ပြီး တစ်လုံးမှာ မြို့ပေါ်ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခြင်း ဖြစ်သည်။

(စစ်ကောင်စီအမြောက်တပ်ပစ်ခတ်၍ ကလေးမြို့နေအိမ်များ ထိမှန်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီအမြောက်တပ်ပစ်ခတ်၍ ကလေးမြို့နေအိမ်များ ထိမှန်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

အိမ်သွင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ စစ်ကောင်စီ​၏ အမြောက်တပ်က ချင်းတောင်ခြေသို့ ပစ်ခတ်နေသည့် လက်နက်ကြီးကျည်အချို့သည် မြို့ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲပြီး အရပ်သား လေးဦး ဒဏ်ရာရရှိကာ နေအိမ်သုံးလုံးပျက်စီးခဲ့သည်။

စစ်ကောင်စီသည် ဒီဇင်ဘာ ၁၂ရက်ကစ၍ ချင်းတောင်ခြေဘက်သို့ မစ်ဇိုင်းများ ပစ်ခတ်နေခြင်းဖြစ်သည်။

(စစ်ကောင်စီအမြောက်တပ်ပစ်ခတ်၍ ကလေးမြို့နေအိမ်များ ထိမှန်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီအမြောက်တပ်ပစ်ခတ်၍ ကလေးမြို့နေအိမ်များ ထိမှန်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

” တောင်ခြေကရွာတွေ ရှောင်ရပြန်ပြီ။ နောက်ပြီးလက်နက်ကြီးက မြို့ထဲကိုပါ ကျတယ်။ လက်နက်ကြီးကဆက်ပစ်နေတုန်းပဲ”ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၁၂ရက် တစ်ရက်တည်း မစ်ဇိုင်းရှစ်လုံး ပစ်ခတ်ခဲ့ပြီး တစ်လုံးမှာ မြို့ပေါ်ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲခြင်း ဖြစ်သည်။

(စစ်ကောင်စီအမြောက်တပ်ပစ်ခတ်၍ ကလေးမြို့နေအိမ်များ ထိမှန်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စစ်ကောင်စီအမြောက်တပ်ပစ်ခတ်၍ ကလေးမြို့နေအိမ်များ ထိမှန်ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

ကလေးမြို့ အမြောက်တပ်က ပစ်ခတ်သောမစ်ဇိုင်းများသည် ချင်းတောင်ပေါ်သို့ ပစ်ခတ်နေခြင်းဖြစ်ပြီး မစ်ဇိုင်းဖြတ်သန်းသွားရာ လမ်းကြောင်းအောက်ရှ်ိ မြို့တွင်းရပ်ကွက်များ၊ မြို့ပြင်ကျေးရွာများမှ ဒေသခံပြည်သူများ သတိပြုကြရန် တော်လှန်ရေးရဲဘော်များက သတိပေးထားသည်။

စစ်ကောင်စီသည် ကလေးမြို့ပေါ်တွင် လုံခြုံရေးတင်းကြပ်ထားပြီး လူငယ်များအားအတင်းအကြပ်ဖမ်းဆီးမှုများလည်း လုပ်ဆောင်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် စစ်ကြောင်းတွေရှိနေလို့ ကချင် လွတ်လပ်ရေးတပ်မတော် (KIA)က လုံခြုံရေးသတိပေးချက်နဲ့ ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ ဖားကန့် - ကာမိုင်းလမ်းပိုင်းမှာ စစ်တပ်က အရပ်သားကားကို ထပ်မံပစ်ခတ်လို့ ၃ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကလေး-ကဘော်-ဂန့်ဂေါဒေသရှိ ပြည်သူများနဲ့ တစ်နိုင်ငံလုံးရှိ ပြည်သူ​တွေအနေနဲ့ ကျဆုံးလေပြီးသော အာဇာနည်အပေါင်းကို အောက်မေ့အမှတ်ရပြီး တော်လှန်ရေးပန်းတိုင်ကို ရှေးရှုကာ ဆင်နွှဲနေတဲ့ ပြည်သူ့ တော်လှန်ရေးကြီးမှာ မဆုတ်မနစ်ဇွဲလုံ့လစိုက်၍ ဆထက်ထမ်းပိုး ပံ့ပိုးပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ကြောင်းချင်းဒေသကာကွယ်ရေးတပ်-ကလေး-ကဘော်-ဂန့်ဂေါ(CDF-KKG)က ကြေညာချက် ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ကင်ဆာဆဲလ်တွေလို ပျံ့နှံ့နေတဲ့ မူးယစ်ဆေးဝါး မှောင်ခိုဂိုဏ်းတွေကို စစ်အင်အားသုံး ဖြိုခွင်းကြဖို့ လက်တင်အမေရိက နိုင်ငံ ခေါင်းဆောင်တွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းခဲ့ပါတယ်။ သူက မူးယစ်ရာဇာတွေကို လုပ်ကြံမယ့် စစ်ဆင်ရေးတွေအတွက် အမေရိကန်က ဒုံးကျည်တွေနဲ့ ကူညီ ပစ်ခတ်ပေးနိုင်ကြောင်းလည်း ကမ်းလှမ်းထားပါတယ်။

နိုင်ငံတကာ

နှစ်ဖက် ထိတွေ့ပစ်ခတ်မှုအတွင်း အမေရိကန်မှာ မှတ်ပုံတင်ထားတဲ့ ရေယာဉ်တစ်စီးပေါ်က လူ ၄ ဦးကို သေဆုံးခဲ့ကြောင်း ကျူးဘား ကမ်းခြေစောင့်တပ်က အတည်ပြုခဲ့ပါတယ်။