Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့ တွင် စစ်ကောင်စီထောင်ထားသည့် မိုင်းပေါက်ကွဲ၍ စစ်ဘေးရှောင်ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံး

ကလေးမြို့ တာဟန်းရပ်ကွက်မှ ဗိုလ်ချုပ်လမ်းမပေါ်ရှိ စစ်ကောင်စီဂိတ်အနီးတွင် ယမန်‌နေ့(မတ်လ ၁၈ရက်) နံနက်က မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

(မိုင်းပေါက်ကွဲသည့်နေရာ နှင့် ပေါက်ကွဲပြီး‌နောက် ပျက်စီးသွားသည့် သုံးဘီးဆိုင်ကယ် ။ဓါတ်ပုံ-CJ )
(မိုင်းပေါက်ကွဲသည့်နေရာ နှင့် ပေါက်ကွဲပြီး‌နောက် ပျက်စီးသွားသည့် သုံးဘီးဆိုင်ကယ် ။ဓါတ်ပုံ-CJ )

▪︎က​လေးငယ် ၏ မိခင်ဖြစ်သူ ဒဏ်ရာရ

ကလေးမြို့ ဗိုလ်ချုပ်လမ်းမပေါ်တွင် စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းပေါက်ကွဲပြီး စစ်ဘေးရှောင်ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ကလေးငယ်၏ မိခင်လည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

ကလေးမြို့ တာဟန်းရပ်ကွက်မှ ဗိုလ်ချုပ်လမ်းမပေါ်ရှိ စစ်ကောင်စီဂိတ်အနီးတွင် ယမန်‌နေ့(မတ်လ ၁၈ရက်) နံနက်က မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

(မိုင်းပေါက်ကွဲသည့်နေရာ နှင့် ပေါက်ကွဲပြီး‌နောက် ပျက်စီးသွားသည့် သုံးဘီးဆိုင်ကယ် ။ဓါတ်ပုံ-CJ )
(မိုင်းပေါက်ကွဲသည့်နေရာ နှင့် ပေါက်ကွဲပြီး‌နောက် ပျက်စီးသွားသည့် သုံးဘီးဆိုင်ကယ် ။ဓါတ်ပုံ-CJ )

” စစ်ဘေးရှောင်မိသားစုက သူတို့အိမ်ကိုသွားကြည့်ဖို့ သုံးဘီးငှားပြီလာတာ။ စစ်တပ်ဂိတ်ရှေ့ကို ဖြတ်ချိန် မိုင်းပေါက်ကွဲတာ။ စစ်တပ်က သူတို့လုံခြုံရေးအတွက်ထောင်ထားတဲ့မိုင်း။ ကလေးလေးနဲ့ သုံးဘီးသမားသေဆုံးတယ်။ ကလေးအမေက ဒဏ်ရာရတယ်” ဟုကလေးမြို့ခံတစ်ဦးကပြောသည်။

သေဆုံးသူကလေးငယ်သည် အသက် ၅နှစ်အရွယ် ယောင်္ကျားလေးဖြစ်သည်။ မိခင်ဖြစ်သူမှာ ဆေးကုသမှုခံယူနေရသည်။ ကလေးမြို့မြောက်ပိုင်းကျေးရွာတခုတွင် နေထိုင်သူများဖြစ်ပြီး ရွာဘက်တွင်တိုက်ပွဲများဖြစ်​နေ၍ မြို​ပေါ်သို့လာပြီး စစ်ရှောင်နေကြရသူများဖြစ်ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

မိုင်းပေါက်ကွဲသည့်နေရာသည် စစ်တပ်အာဏာသိမ်းပြီး​နောက် မြို့ခံလူငယ်အများစုပါဝင်​သော ပြည်သူများကသပိတ်စခန်းဖွင့်ခဲ့သည့် တာဟန်းခံတပ်နေရာနှင့် နီးပြီး အဆိုပါနေရာတဝိုက်ကို စစ်ကောင်စီကအခိုင်အမာတပ်စွဲထားသည်။

ကလေးမြို့ပေါ်တွင်သာ တပ်စွဲထားနိုင်သည့် စစ်ကောင်စီတပ်သည် အရပ်သားများအားပစ်မှတ်ထား၍ သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ လေကြောင်းမှပစ်ခတ်ခြင်းများမကြာခဏ ပြုလုပ်နေကြောင်း ကာကွယ်ရေးရဲဘော်အချို့ကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီဒေသက စစ်ဘေးရှောင်ကလေးငယ်တွေရဲ့ ပညာရေးအတွက် ထောက်ပံ့ပေးမယ့် "Keep Their Dreams Alive Thadingyut Charity Concert 2026" ပွဲကို အွန်လိုင်းကနေ ပြုလုပ်သွားမှာဖြစ်ပြီး တော်လှန်အနုပညာရှင် ဂီတအဖွဲ့ သုံးဖွဲ့က ပါဝင်တင်ဆက်သွားမှာပါ။

သတင်း

စစ်ကိုင်းတိုင်း ကလေးမြို့ ကလေးအကျဉ်းထောင်အတွင်း အာဟာရပြတ်လပ်မှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရှိတာ၊ အာဏာပိုင်တွေက ဖိနှိပ်တာ၊ ရိက္ခာ ခေါင်းပုံဖြတ်တာတွေကြောင့် အိန္ဒိယနိုင်ငံသား အပါအဝင် အကျဉ်းသား ၇ဦး ဒီနှစ်အတွင်း သေဆုံးခဲ့ရကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။