Connect with us

Hi, what are you looking for?

သတင်း

ကျွန်းလှမြို့နယ်တွင် စစ်ကောင်စီတပ်စွဲထားသော မဒေါင်ရွာစခန်းအား တော်လှန်ရေးတပ်များ တိုက်ခိုက် ရာ စခန်းစွန့်ဆုတ်ခွာသွား

စစ်ကောင်စီတပ်သည် အနီးအနားတဝိုက်ရှိ ဒေသခံများ​၏ စပါးခင်းများအား စပါးရိတ်စက်ဖြင့် ရိတ်သိမ်းကာ ခိုးယူသယ်ဆောင်နေကြောင်းသိရသည်။

ကျွန်းလှမြို့နယ်တွင် စစ်ကောင်စီတပ်စွဲထားသော မဒေါင်ရွာစခန်းအား တော်လှန်ရေးတပ်များ တိုက်ခိုက် ရာ စခန်းစွန့်ဆုတ်ခွာသွား
ကျွန်းလှမြို့နယ်တွင် စစ်ကောင်စီတပ်စွဲထားသော မဒေါင်ရွာစခန်းအား တော်လှန်ရေးတပ်များ တိုက်ခိုက် ရာ စခန်းစွန့်ဆုတ်ခွာသွား

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်တွင် စစ်ကောင်စီတပ်တစ်လနီးပါးကြာ တပ်စွဲထားသော မဒေါင်ကျေးရွာရှိ စခန်းအား တော်လှန်ရေးအဖွဲ့များတိုက်ခိုက်ရာ စခန်းစွန့်ဆုတ်ခွာသွား သတင်းရရှ်သည်။

ယမန်နေ့(ဒီဇင်ဘာ ၁၃ ရက်) နံနက် ၅နာရီခွဲခန့်က စစ်ကောင်စီတပ်နှင့်ပျူစောထီး အင်အား ၇၀ ခန့်ဖြင့် အထိုင်ချတပ်စွဲထားသည့် မဒေါင်ကျေးရွာအား တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲမှာ ၅နာရီ‌ကျော်ကြာပြီး နံနက် ၁၀နာရီ ၄၅ မိနစ်ခန့်တွင် တော်လှန်ရေးအင်အားစုများမှ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က တစ်ဦးသေဆုံး၍ ၂၀ ခန့်ဒဏ်ရာရရှိပြီး ဆုတ်ခွာသွားကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“စခတွေ ကုက္ကိုကုန်းဘက်ပြန်ဆုတ်တယ်။ ပြည်သူတွေတော့ ရွာထဲဝင်လို့မရဘူး။ ရွာတွေကနီးနီးလေးတွေ။ စခထိုင်နေတဲ့ ကုက္ကိုကုန်းနဲ့ မဒေါင်က နှစ်မိုင်ကိုမဝေးဘူး။”ဟု အထက်ပါတာဝန်ရှိသူက ဆိုသည်။ ထို့အပြင် သေနတ်တစ်လက်နှင့် အခြားပစ္စည်းအချို့ သိမ်းရကြောင်း သတင်းရရှိသည်။

အဆိုပါ စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၂၀ ရက် က ကျွန်းလှမြို့နယ်၊ကုက္ကိုကုန်းရွာသို့ အင်အား ၂၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကြောင်းဖြစ်သည်။

ကုက္ကိုကုန်း၊လွှတ်တိုက်၊ဆွဲလှဲ နှင့် မဒေါင်ကျေးရွာတို့မှ ပြည်သူပိုင်ပစ္စည်းများခိုးယူကာ နေအိမ်များမီးရှို့နေသည်မှာ ခုနစ်ကြိမ်ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် အနီးအနားတဝိုက်ရှိ ဒေသခံများ​၏ စပါးခင်းများအား စပါးရိတ်စက်ဖြင့် ရိတ်သိမ်းကာ ခိုးယူသယ်ဆောင်နေကြောင်းသိရသည်။

အဆိုပါ စစ်ကြောင်းကြောင့် ဒေသခံပြည်သူ နှစ်သောင်းခန့် တစ်လနီးပါး တိမ်းရှောင်နေရပြီး အခြေခံစားသောက်ကုန်၊ဆေးဝါး၊အနွေးထည်၊စောင်နှင့် အမိုးအကာများလည်း အရေးပေါ် လိုအပ်နေကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။