Connect with us

Hi, what are you looking for?

သတင်း

ညောင်လေးပင်မြို့နယ်ရှိ မလူးတဲဂိတ်စခန်းအား PDF တိုက်ခိုက်သိမ်းပိုက်

စစ်ကောင်စီတပ်သားများထံမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများမှာ MA1 သေနတ် ၃ လက်၊ G – 3သေနတ် ၂လက်၊ တိုက်မိုင်း၊ နင်းမိုင်းများ၊ ခဲယမ်းများနှင့် စစ်သုံးပစ္စည်းများပါဝင်သည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့် တပ်ရင်း ၃၇၀၃မှ ရဲဘော် အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - အမှတ်(၂) စစ်ဒေသခွဲ)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့် တပ်ရင်း ၃၇၀၃မှ ရဲဘော် အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - အမှတ်(၂) စစ်ဒေသခွဲ)

▪️စစ်ကောင်စီတပ် ငါးဦးသေပြီး သေနတ်ငါး လက်ရဟု အမှတ်(၂)စစ်ဒေသခွဲပြော

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင် – မဒေါက်လမ်းပိုင်းရှိ စစ်ကောင်စီ၏ မလူးတဲဂိတ် စခန်းအား စီးနင်းတိုက်ခိုက်ခဲ့ရာ ဂိတ်စခန်းအားရှင်းလင်းနိုင်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲ၊ ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁၄ရက် နံနက် ၃နာရီခန့်က ညောင်လေးပင်-မဒေါက်လမ်းပိုင်းမှ စစ်ကောင်စီ​၏ မလူးတဲဂိတ်စခန်းကို အမှတ်(၂)စစ်ဒေသခွဲအောက်ရှိ PDF တပ်ရင်း ၃၇၀၃ မှ ရဲဘော်များက စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့် တပ်ရင်း ၃၇၀၃မှ ရဲဘော် အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - အမှတ်(၂) စစ်ဒေသခွဲ)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့် တပ်ရင်း ၃၇၀၃မှ ရဲဘော် အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ – အမှတ်(၂) စစ်ဒေသခွဲ)

“သူတို့အင်အားကတော့ ပုံသေမရှိပါဘူး။ စစ် ကူအချိန်မရွေးရောက်နိုင်တဲ့ ရွှေကျင်၊ ညောင်လေးပင်၊ မဒေါက် အဲဒီနေရာတွေမှာရှိတဲ့ တပ်တွေရဲ့ အဓိကထောက်ပို့သွေးကြော ဂိတ်စ ခန်းတစ်ခုဖြစ်တယ်။ ပြီးတော့ ရွှေကျင်ဗျူ ဟာမှာရှိတဲ့စခန်းတွေအတွက် ကာကင်းအနေနဲ့တပ်ဆွဲထားတဲ့ စခန်းတစ်ခုဖြစ်ပါတယ်”ဟု မလူးတဲဂိတ်စခန်း၏အခြေအနေကို အမှတ် (၂)စစ်ဒေသခွဲ၊ ပြန်ကြားရေးဌာန တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ မလူးတဲဂိတ်စခန်းသည် ပုံမှန်အားဖြင့် အင်အား ၂၀ မှ၃၀ ကြားအထိုင်ချထားလေ့ရှိပြီး ဝင်ရောက်တိုက်ခိုက်ချိန် နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှု ၁နာရီကြာမြင့် စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးကာ သေနတ်ငါးလက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း အမှတ်(၂)စစ်ဒေသခွဲက အသိပေးသည်။

စစ်ကောင်စီတပ်သားများထံမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများမှာ MA1 သေနတ် ၃ လက်၊ G – 3သေနတ် ၂လက်၊ တိုက်မိုင်း၊ နင်းမိုင်းများ၊ ခဲယမ်းများနှင့် စစ်သုံးပစ္စည်းများပါဝင်သည်။

အထက်ပါ စစ်ကောင်စီတပ်၏ မလူးတဲဂိတ်စခန်းကို တပ်ရင်း ၃၇၀၃မှ ရဲဘော်များက ဒီဇင်ဘာ ၁၄ ရက် နံနက် ၄နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး စခန်းအားရှင်းလင်းနိုင်ခဲ့ကြောင်း အမှတ်(၂) စစ်ဒေသခွဲထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်၊လက်ပံကျင်းရွာကို မီးရှို့ဖျက်ဆီးပြီးဒေသခံတွေကို သတ်ဖြတ်ခဲ့တဲ့ စစ်တပ်နဲ့ပျူ​စောထီးတွေကို PDF​တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က၇ဦးသေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိတယ်လို့ မြင်းခြံခရိုင်တပ်ရင်း-၇(Zero ပျောက်ကြားအဖွဲ့ )တပ်ရင်းမှူးဗိုလ်သက်ကြီးက​ပြောပါတယ်။

နိုင်ငံတကာ

ရုရှားနိုင်ငံ အတွင်းပိုင်းက ပစ်မှတ်တွေကို စစ်ပွဲတလျှောက် အတိုင်းအတာ အကြီးမားဆုံး စစ်ဆင်ရေး အစီအမံမျိုးနဲ့ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ယူကရိန်းက ကြွေးကြော်ခဲ့ပါတယ်။

သတင်း

နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များထပ်မံဖမ်းမိပြီး လက်နက်များရဟု အသိပေး

သတင်း

စစ်​ကောင်စီတပ်ဖွဲ့ဝင်များထွက်​ပြေးသွားပြီးစာရွက်စာတမ်းနှင့်ကျည်များဖမ်းဆီးရမိ

Facebook