Connect with us

Hi, what are you looking for?

သတင်း

ညောင်လေးပင်မြို့နယ်ရှိ မလူးတဲဂိတ်စခန်းအား PDF တိုက်ခိုက်သိမ်းပိုက်

စစ်ကောင်စီတပ်သားများထံမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများမှာ MA1 သေနတ် ၃ လက်၊ G – 3သေနတ် ၂လက်၊ တိုက်မိုင်း၊ နင်းမိုင်းများ၊ ခဲယမ်းများနှင့် စစ်သုံးပစ္စည်းများပါဝင်သည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့် တပ်ရင်း ၃၇၀၃မှ ရဲဘော် အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - အမှတ်(၂) စစ်ဒေသခွဲ)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့် တပ်ရင်း ၃၇၀၃မှ ရဲဘော် အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - အမှတ်(၂) စစ်ဒေသခွဲ)

▪️စစ်ကောင်စီတပ် ငါးဦးသေပြီး သေနတ်ငါး လက်ရဟု အမှတ်(၂)စစ်ဒေသခွဲပြော

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင် – မဒေါက်လမ်းပိုင်းရှိ စစ်ကောင်စီ၏ မလူးတဲဂိတ် စခန်းအား စီးနင်းတိုက်ခိုက်ခဲ့ရာ ဂိတ်စခန်းအားရှင်းလင်းနိုင်ခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲ၊ ပြန်ကြားရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁၄ရက် နံနက် ၃နာရီခန့်က ညောင်လေးပင်-မဒေါက်လမ်းပိုင်းမှ စစ်ကောင်စီ​၏ မလူးတဲဂိတ်စခန်းကို အမှတ်(၂)စစ်ဒေသခွဲအောက်ရှိ PDF တပ်ရင်း ၃၇၀၃ မှ ရဲဘော်များက စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့် တပ်ရင်း ၃၇၀၃မှ ရဲဘော် အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - အမှတ်(၂) စစ်ဒေသခွဲ)
(စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများနှင့် တပ်ရင်း ၃၇၀၃မှ ရဲဘော် အချို့ကို တွေ့ရစဥ်။ ဓာတ်ပုံ – အမှတ်(၂) စစ်ဒေသခွဲ)

“ သူတို့အင်အားကတော့ ပုံသေမရှိပါဘူး။ စစ် ကူအချိန်မရွေးရောက်နိုင်တဲ့ ရွှေကျင်၊ ညောင်လေးပင်၊ မဒေါက် အဲဒီနေရာတွေမှာရှိတဲ့ တပ်တွေရဲ့ အဓိကထောက်ပို့သွေးကြော ဂိတ်စ ခန်းတစ်ခုဖြစ်တယ်။ ပြီးတော့ ရွှေကျင်ဗျူ ဟာမှာရှိတဲ့စခန်းတွေအတွက် ကာကင်းအနေနဲ့တပ်ဆွဲထားတဲ့ စခန်းတစ်ခုဖြစ်ပါတယ်” ဟု မလူးတဲဂိတ်စခန်း၏အခြေအနေကို အမှတ် (၂)စစ်ဒေသခွဲ၊ ပြန်ကြားရေးဌာန တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ မလူးတဲဂိတ်စခန်းသည် ပုံမှန်အားဖြင့် အင်အား ၂၀ မှ၃၀ ကြားအထိုင်ချထားလေ့ရှိပြီး ဝင်ရောက်တိုက်ခိုက်ချိန် နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှု ၁နာရီကြာမြင့် စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးကာ သေနတ်ငါးလက်နှင့် ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်း အမှတ်(၂)စစ်ဒေသခွဲက အသိပေးသည်။

စစ်ကောင်စီတပ်သားများထံမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများမှာ MA1 သေနတ် ၃ လက်၊ G – 3သေနတ် ၂လက်၊ တိုက်မိုင်း၊ နင်းမိုင်းများ၊ ခဲယမ်းများနှင့် စစ်သုံးပစ္စည်းများပါဝင်သည်။

အထက်ပါ စစ်ကောင်စီတပ်၏ မလူးတဲဂိတ်စခန်းကို တပ်ရင်း ၃၇၀၃မှ ရဲဘော်များက ဒီဇင်ဘာ ၁၄ ရက် နံနက် ၄နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး စခန်းအားရှင်းလင်းနိုင်ခဲ့ကြောင်း အမှတ်(၂) စစ်ဒေသခွဲထံမှ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက သူရဲကောင်းဘွဲ့နဲ့ ဆုတံဆိပ်ချီးမြှင့်အပ်နှင်းခြင်းပြုလုပ်မယ်လို့ထုတ်ပြန်ခဲ့တဲ့အပေါ်ကြိုဆိုကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဗျူဟာ(၃၃) ဗျူဟာမှူးရဲဘော်စောဒါးကိုကကြိုဆိုခဲ့ပြီးဒါဟာ ကျဆုံးထိခိုက်ဒဏ်ရာရ ရဲဘော်တွေကို အသိအမှတ်ပြုဖို့ ဖြစ်သလို တိုက်ပွဲဝင်နေတဲ့ရဲဘော်တွေအတွက်စိတ်ခွန်အား ဖြစ်စေကြောင်း အသိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်၊ မော်လူးမြို့အနီးမှာ ‌တိုက်ပွဲအပြင်းအထန်ဖြစ်ပြီးတဲ့နောက် ပြည်သူ့ကာကွယ်ရေးတပ်တွေက ဆုတ်ခွာသွားလို့ စစ်တပ်က ပြန်လည်ထိန်းချုပ်သွားပြီလို့ သတင်းရရှိပါတယ်။

သတင်း

သိမ်းပိုက်ရရှိထားတဲ့ မြို့အချို့ကို ဗျူဟာအရ ယာယီစွန့်ခွာရမှုများ အပါအဝင် မြေပြင်မှာ အခက်အခဲများ၊ အတက်အကျများ ရှိနေတာဟာ စစ်မက်ရေးရာရဲ့ သဘာဝပင် ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပြီး လတ်တလော အခြေအနေတွေအပေါ် စိတ်ဓာတ်မကျဘဲ တော်လှန်ရေးပန်းတိုင် အတွက် ဝိုင်းဝန်းပေးဖို့ နှိုးဆော်ထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ကြို့ပင်ကောက်မြို့အဝင် စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ တပ်ရင်း(၃၈၀၁)တပ်ခွဲ( ၅ )ကြို့ပင်ကောက် HEROပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

Facebook