Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ် ညောင်ပင်ကုန်းရွာတပ်စွဲထားသည့်စစ်တပ်ကို ပကဖ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

စစ်ကောင်စီတပ်သည် ဒဏ်ရာရသူနှစ်ဦးကို ခမရ(၅၅၆)တပ်အတွင်း ကားဖြင့်သယ်ဆောင်သွားပြီး ကျန်စစ်ကောင်စီတပ်သားများမှာ ညောင်ပင်ကုန်းကျေးရွာ၌ ဆက်လက်တပ်စွဲထားကြောင်း စုံစမ်းသိရသည်။

(တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − PDOTD)
(တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − PDOTD)

ကျော်ဇော/People’s Spring

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကုန်းကျေးရွာဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ဇုန်-၅ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲ ၂ နာရီခန့်က ဇဝဲကျေးရွာအခြေစိုက် ခမရ(၅၅၆)တပ်ရင်းမှလာသော အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ညောင်ပင်ကုန်းရွာရှိ နေအိမ်တစ်အိမ်၌ ဝင်ရောက်တပ်စွဲစဥ် ဒရုန်းဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

“ပိုင်ရှင်တွေမရှိတဲ့ အိမ်လွတ်တစ်လုံးမှာ စကစ တွေတပ်စွဲနေတယ်ဆိုတာ သတင်းရလို့ ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာဗျ”ဟု တနင်္သာရီမြို့နယ်(ပကဖ)ဇုန်-၅ မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်စဥ် စစ်ကောင်စီတပ်သား(၁၀)ဦးခန့် စုဝေးနေချိန်ကြဲချခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားနှစ်ဦးအပြင်းအထန် ဒဏ်ရာရရှိကာ ထိခိုက်သေဆုံးမှုရှိ၊မရှိ မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်သည် ဒဏ်ရာရသူနှစ်ဦးကို ခမရ(၅၅၆)တပ်အတွင်း ကားဖြင့်သယ်ဆောင်သွားပြီး ကျန်စစ်ကောင်စီတပ်သားများမှာ ညောင်ပင်ကုန်းကျေးရွာ၌ ဆက်လက်တပ်စွဲထားကြောင်း စုံစမ်းသိရသည်။

ခမရ(၅၅၆) တပ်ရင်းမှ စစ်ကောင်စီတပ်သားများသည် ထန်းပင်းကုန်း၊ ညောင်ပင်ကုန်းနှင့်ဘန်းလမွတ်၊ ရမ်းဖိုစသည့် ကျေးရွာများအနီး တပ်ဖျောက်၍ ကင်းပုန်းများဝပ်နေသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်​သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ဝေဟင်နည်းပညာပိုင်း မြှင့်တင်မှုတွေပြုလုပ်ဖို့အတွက် ကြိုးနဲ့စွန် 2.0 (မီးပုံးပျံပွဲ) ကမ်ပိန်းမှာပါဝင်ပေးကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက နှိုးဆော်ထားပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။