Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ် ညောင်ပင်ကုန်းရွာတပ်စွဲထားသည့်စစ်တပ်ကို ပကဖ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

စစ်ကောင်စီတပ်သည် ဒဏ်ရာရသူနှစ်ဦးကို ခမရ(၅၅၆)တပ်အတွင်း ကားဖြင့်သယ်ဆောင်သွားပြီး ကျန်စစ်ကောင်စီတပ်သားများမှာ ညောင်ပင်ကုန်းကျေးရွာ၌ ဆက်လက်တပ်စွဲထားကြောင်း စုံစမ်းသိရသည်။

(တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − PDOTD)
(တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − PDOTD)

ကျော်ဇော/People’s Spring

တနင်္သာရီမြို့နယ်၊ ညောင်ပင်ကုန်းကျေးရွာဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ဇုန်-၅ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲ ၂ နာရီခန့်က ဇဝဲကျေးရွာအခြေစိုက် ခမရ(၅၅၆)တပ်ရင်းမှလာသော အင်အား ၆၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် ညောင်ပင်ကုန်းရွာရှိ နေအိမ်တစ်အိမ်၌ ဝင်ရောက်တပ်စွဲစဥ် ဒရုန်းဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

“ပိုင်ရှင်တွေမရှိတဲ့ အိမ်လွတ်တစ်လုံးမှာ စကစ တွေတပ်စွဲနေတယ်ဆိုတာ သတင်းရလို့ ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာဗျ”ဟု တနင်္သာရီမြို့နယ်(ပကဖ)ဇုန်-၅ မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်စဥ် စစ်ကောင်စီတပ်သား(၁၀)ဦးခန့် စုဝေးနေချိန်ကြဲချခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားနှစ်ဦးအပြင်းအထန် ဒဏ်ရာရရှိကာ ထိခိုက်သေဆုံးမှုရှိ၊မရှိ မသိရသေးကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်သည် ဒဏ်ရာရသူနှစ်ဦးကို ခမရ(၅၅၆)တပ်အတွင်း ကားဖြင့်သယ်ဆောင်သွားပြီး ကျန်စစ်ကောင်စီတပ်သားများမှာ ညောင်ပင်ကုန်းကျေးရွာ၌ ဆက်လက်တပ်စွဲထားကြောင်း စုံစမ်းသိရသည်။

ခမရ(၅၅၆) တပ်ရင်းမှ စစ်ကောင်စီတပ်သားများသည် ထန်းပင်းကုန်း၊ ညောင်ပင်ကုန်းနှင့်ဘန်းလမွတ်၊ ရမ်းဖိုစသည့် ကျေးရွာများအနီး တပ်ဖျောက်၍ ကင်းပုန်းများဝပ်နေသည်မှာ တစ်ပတ်ခန့်ရှိပြီဖြစ်​သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်း - ကရင်နီပြည်နယ်အစပ်ရှိ မိုးဗြဲမြို့၌ တိုက်ပွဲပြင်းထန်နေပြီး မြို့ပြန်ရရေး စစ်ကောင်စီက ထိုးစစ်အရှိန်မြှင့်နေကြောင်း အဆိုပါ စစ်မြေပြင်ရှိ ရဲဘော်အချို့က လူထုနွေဦးသို့ ပြောသည်။

သတင်း

ဒီပဲယင်းမြို့တွင် စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို Y-12 လေယာဉ်ဖြင့် ​လေထီးအသုံးပြု၍ ရိက္ခာအထုပ်တစ်ရာနီးပါး လာချခဲ့ရာ ရိက္ခာထုပ်အချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများက ရရှိခဲ့သည်။

သတင်း

“ရင်းထားရတဲ့ အသက်တွေလည်း အများကြီး ပြန်ပေးစရာတော့ မရှိပါဘူး”

သတင်း

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နောက်ထပ်လေကြောင်းပျံသန်းမှုများရှိနေကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။