Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမြို့နယ်မှာ စစ်တပ်ကအင်အားထပ်ဖြည့်​နေ

မတ္တရာမြို့ရဲ့မြောက်ဘက် မိုးကုတ်-မန္တလေးလမ်းဘက်ကို ဒီရက်ပိုင်းစစ်ကြောင်းထိုးတာတွေပြုလုပ်လာနိုင်တယ်လို့ ​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့ဝင် အချို့က ​ပြောပါတယ်။

(မတ္တရာမြို့နယ် အနောက်ဖက်ခြမ်း ရွာသစ် ၊ ဝန်စု နဲ့ ထိန်ပင်စောက်ရွာ​တွေကစစ်တပ်စခန်း​တွေကိုမန္တ​လေး PDF က တိုက်ခိုက်ပြီး သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေနဲ့ စစ်သုံ့ပန်းတဦး။ဓါတ်ပုံ-မန္တ​လေးPDF)
(မတ္တရာမြို့နယ် အနောက်ဖက်ခြမ်း ရွာသစ် ၊ ဝန်စု နဲ့ ထိန်ပင်စောက်ရွာ​တွေကစစ်တပ်စခန်း​တွေကိုမန္တ​လေး PDF က တိုက်ခိုက်ပြီး သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေနဲ့ စစ်သုံ့ပန်းတဦး။ဓါတ်ပုံ-မန္တ​လေးPDF)

ရှိန်း/People’s Spring

မတ္တရာမြို့နယ်မှာစစ်​ကောင်စီတပ်ကထပ်မံအင်အားဖြည့်တင်းတာတွေ၊လက်နက်ကြီးအထိုင်ချတာတွေပြုလုပ်နေတယ်လို့ ​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့ဝင် အချို့နဲ့ ​ဒေသခံအချို့က​ပြောပါတယ်။

ဒီရက်ပိုင်းမှာမတ္တရာမြို့ရဲ့မြောက်ဘက်ကပ်လျက်က ပန်းယျရွာကိုစစ်တပ်ကအထိုင်ချထားပြီး အင်အားအများအပြားဖြည့်တင်းနေတယ်လို့ ​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့ဝင် အချို့ကပြောပါတယ်။

ပန်းယျကျေးရွာအနီးကရွှေပြည်ညာ စားသောက်ဆိုင်မှာလည်း အင်အားဖြည့်တင်းတာတွေပြုလုပ်နေတယ်လို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“စကျင်ရွာကို အသည်းသန်ပြန်လိုချင်နေတာနဲ့တူတယ်။ရေနံ့သာရွာကိုလည်းလက်နက်ကြီးပစ်မယ့်သတင်းတွေလည်းကြား​နေတယ် “လို့ဒေသခံတော်လှန်ရေးရဲဘော်တဦးကပြောပါတယ်။

မတ္တရာမြို့ထဲကို မန္တလေးနန်းတွင်းနဲ့ အမှတ် (၉၅) ​ခြေမြန်တပ်ရင်း (ခမရ၉၅) ၊ ပြင်ဦးလွင် နဲ့ စစ်ကိုင်းမြို့မရပ်ကွက်ကပျူစောထီးတွေ၊ပြည်သူ့စစ်မှုထမ်းတက်ရောက်ပြီးသူတွေကို အင်အားပို့ဆောင်တာတွေလည်းဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေကလည်းပြောပါတယ်။

“ရိက္ခာပို့လို့ယူဆရတဲ့ကားတွေလည်း မတ္တရာဘက်ကိုဆက်တိုက်သွားတယ်။ဒီရက်ပိုင်းမှာကို ပြည်သူ့စစ်ယူနီဖောင်းနဲ့လူငယ်တွေအပြည့်ကားတွေသွားတာတွေ့လိုက်သေးတယ် “လို့ ဒေသခံအမျိုးသားတဦးကလည်းပြောပါတယ်။

မတ္တရာမြို့ရဲ့မြောက်ဘက် မိုးကုတ်-မန္တလေးလမ်းဘက်ကို ဒီရက်ပိုင်းစစ်ကြောင်းထိုးတာတွေပြုလုပ်လာနိုင်တယ်လို့ ​ဒေသခံကာကွယ်​ရေးတပ်ဖွဲ့ဝင် အချို့က ​ပြောပါတယ်။

ယခင်က ​ဒေသခံကာကွယ်​ရေးတပ်​တွေ နဲ့ ပကဖ ​တွေ စိုးမိုးထားတဲ့ မတ္တရာမြို့နယ် အ​နောက်ခြမ်းကရွာ​တွေကို စစ်​ကောင်စီတပ်က နိုဝင်ဘာလမှာထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ​ကြောင့်​ဒေသခံကာကွယ်​ရေးတပ်​တွေပြန်ဆုတ်​ပေးခဲ့ရပါတယ် ။

မတ္တရာမြို့နယ် အ​​ရှေ့ခြမ်းကို​တော့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး) က စစ်စခန်း​ပေါင်း ၄၀ နီးပါးကို သိမ်းပိုက်ပြီးထိန်းချုပ်ထားတာပါ ။မတ္တရာအ​ရှေ့ခြမ်းကို စစ်​ကြောင်းထိုးတဲ့စစ်သား​တွေကို မန္တ​လေးPDF အကြိမ်ကြိမ်လန်ကျသွား​အောင် တိုက်ခိုက်နိုင်ခဲ့ပါတယ် ။

ဒါအပြင် မတ္တရာမြို့နယ် အနောက်ဖက်ခြမ်းမှာ တော်လှန်ရေးတပ်ဖွဲ့​တွေ ခေတ္တလက်လွှတ်ခဲ့ရတဲ့ရွာ​တွေထဲက ရွာသစ်ကျေးရွာ ၊ ဝန်စုကျေးရွာ နဲ့ ထိန်ပင်စောက်ကျေးရွာ​တွေက စစ်​ကောင်စီတပ်ကို မန္တ​လေးPDF ကထိုးစစ်ဆင်တိုက်ခိုက်ပြီးအပြီးသတ် ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့မန္တ​လေးPDF ကထုတ်ပြန်ထားပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ကျူးလွန်နေသော အကြမ်းဖက်စစ်အုပ်စု၊ ရာဇဝတ်ကောင်များကို အပြစ်ပေး အရေးယူနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

သတင်း

ဝန်ထမ်းတွေရဲ့ပြောကြားချက်အရ စက်ရုံအလုပ်ရုံတိုင်းကို စစ်တပ်ကစာရင်းတောင်းတာမို့ လုပ်ငန်းရှင်တွေအားလုံးက ပေးထားရတာလို့ ဆိုပါတယ်။

သတင်း

တော်လှန်ရေးရဲဘော်၂ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း မြိုင်ပကဖတာဝန်ရှိသူက ပြောသည်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းက တော်လှန်ရေးရဲဘော်တစ်ဦးအား သတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။