Connect with us

Hi, what are you looking for?

သတင်း

မင်းတပ် မြို့ကို ချင်းညီနောင် သိမ်းပိုက်

မြို့သိမ်းတိုက်ပွဲဆင်နွှဲရာတွင် ချင်းညီနောင်အဖွဲ့ ဝင် ဒေသကာကွယ်ရေးတပ်များနှင့်အတူ ရက္ခိုင့်တပ်တော်(AA)နှင့် မဟာမိတ်တပ်များ ပူးပေါင်းပါဝင်လျက်ရှိကြောင်း ချင်းညီနောင်က အသိပေးထားသည်။

မင်းတပ်မြို့သိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ
မင်းတပ်မြို့သိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ

■ချင်းညီနောင်က အလုံးစုံ သိမ်းပိုက်နိုင်သည့် တတိယမြောက်မြို့ ဖြစ်လာ

ဟန်နွေ၊ အိမ်သွင်/People’s Spring

ချင်းပြည်နယ် မင်းတပ်မြို့ကို ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ်ပါဝင်သည့် ချင်းညီနောင် မဟာမိတ်များက ယနေ့ (ဒီဇင်ဘာ ၂၁ရ်​နေ့)တွင် အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ကြောင်း ချင်းဒေသ သတင်းရင်းမြစ်များက ပြောသည်။

နိုဝင်ဘာ ၉ရက်မှ စတင်ခဲ့သည့် မြို့သိမ်း စစ်ဆင်ရေးအတွင်း မင်းတပ်ရှိ စစ်ကောင်စီ တပ်စွဲရာနေရာ ၇နေရာကို ချင်းညီနောင်က သိမ်းပိုက်ပြီးနောက် ဒီဇင်ဘာ ၁၅ရက်တွင် မင်းတပ် ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့ဝင်းအတွင်းရှိ စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင် ၁၂၃ ဦး လက်နက်ချ အလင်းဝင်ခဲ့ သည်

ခလရ(၂၇၄) နှင့် မင်းတပ်မြို့ကို အ​ပေါ်စီးမှ​တွေ့ရစဥ်
ခလရ(၂၇၄) နှင့် မင်းတပ်မြို့ကို အ​ပေါ်စီးမှ​တွေ့ရစဥ်

ထို့နောက် မင်းတပ်၌ နောက်ဆုံးကျန်နေသည့် အမှတ် ၂၇၄​ခြေလျင်တပ်ရင်း( ခလရ-၂၇၄) ကို ဆက်လက်ထိုးစစ်ဆင်နေရာ တစ်ပတ်ခန့်အကြာ ဒီဇင်ဘာ ၂၁ရက်တွင် သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟုစစ်​ရေးသတင်းရင်းမြစ်များက​ပြောသည်။ မင်းတပ်မြို့သိမ်းတိုက်ပွဲ စစ်ဆင်ရေး ၄၂ရက်မြောက်နေ့တွင် မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ခြင်းလည်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“သက်ဆိုင်ရာက တရားဝင် ထုတ်ပြန်လာမှာပါ။ အခုတချို့က ထွက်ပြေးတယ်ထင်ပါရဲ့ ။ ထွက်ပြေးတဲ့ စစ်သားတွေကို လိုက်နေကြတုန်း” ဟု ချင်းသတင်းရင်းမြစ်တဦးက ဒီဇင်ဘာ ၂၁ ရက်ည​မေပိုင်းတွင်ပြောသည်။

​တော်လှန်​ရေးတပ်များနှင့် နီးစပ်​သော ​ဒေသခံတဦးကလည်း”၂၇၄ကို သိမ်းပြီး မြို့ကို ထိန်းနိုင်တာမှန်တယ်။ ဘယ်လိုဆက်ထိန်းမလဲဆိုတာတော့ ကျနော်တော့ မသိနိုင်သေးဘူး။ သေချာတာက မင်းတပ်ကို ပူးပေါင်းတပ်တွေလည်းထိန်းချုပ်ထားနိုင်တာပါ။ စစ်တပ်ကတော့ လေကြောင်းကနေဆက်တိုက်ဗုံးကြဲနေတယ်”ဟု​ပြောသည်။

မင်းတပ်မြို့သိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ
မင်းတပ်မြို့သိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ

တတိယ​မြောက်သတင်းရင်းမြစ်တစ်ဦးကမူခလရ(၂၇၄) တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များလက်နက်ချခြင်း သို့မဟုတ် ဝင်ရောက်စီးနင်းတိုက်ခိုက်ခြင်း စသည့် စစ်ရေး အခြေအနေကို ပြောပြနိုင်ခြင်းမရှိသကဲ့သို့ ပြောဆိုခွင့်လည်း မရှိကြောင်းပြောသည်။ သို့​သော် မြို့သိမ်းတိုက်ပွဲသတင်းကို သက်ဆိုင်ရာက မကြာမီထုတ်ပြန်လိမ့်မည်ဟုဆက်​ပြောသည်။

မင်းတပ် မြို့သိမ်းပိုက်နိုင်မှုနှင့်ပတ်သက်၍ CDF -မင်းတပ် တာဝန်ရှိသူတစ်ဦးအား People’s Spring က မေးမြန်းရာ ထုတ်ပြန်မှုများ ရှိလာပြီးမှ ဖြေကြားနိုင်မည်ဖြစ်သည်ဟု ပြောသည်။

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီနှင့် ရဲများ တပ်စွဲထားသည့် စေတီကုန်း၊ ဝန်ထမ်းအိမ်ရာလိုင်းခန်း၊ ခရိုင်ဆောက်လုပ်ရေးဝင်း၊ တာဝါတိုင်ကုန်း၊ ဟိုတယ်(မင်းတပ်)၊ မြလေးပွင့်စေတီကုန်း၊ ၄မိုင်ကုန်းတို့ကို သိမ်းပိုက်ထားပြီး ခရိုင် နှင့် မြို့နယ်ရဲဝင်းမှ ရဲနှင့် စစ်သား ၁၂၃ ဦး မိသားစုများနှင့်အတူ လက်နက်ချ အညံ့ခံခဲ့ကြောင်း ချင်းညီနောင်က ဒီဇင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။

ခလရ(၂၇၄) နှင့် မင်းတပ်မြို့ကို အ​ပေါ်စီးမှ​တွေ့ရစဥ်
ခလရ(၂၇၄) နှင့် မင်းတပ်မြို့ကို အ​ပေါ်စီးမှ​တွေ့ရစဥ်

ချင်းညီနောင်သည် ယခုနှစ်အတွင်း ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့နှင့် မတူပီမြို့ကို သိမ်းပိုက်ထားပြီးဖြစ်ရာ မင်းတပ်မြို့သည် တတိယမြောက်သိမ်းနိုင်သည့် မြို့ဖြစ်သည်။ ထို့ပြင် မင်းတပ်နှင့်အတူ ဖလမ်းမြို့သိမ်းတိုက်ပွဲကိုလည်း ဆင်နွှဲလျက်ရှိရာ ခရိုင်နှင့် မြို့နယ် ရဲရုံး အပါအဝင် စစ်ကောင်စီ တပ်စွဲရာ နေရာ ၅နေရာကို သိမ်းပိုက်ထားနိုင်ခဲ့သည်။

မြို့သိမ်းတိုက်ပွဲဆင်နွှဲရာတွင် ချင်းညီနောင်အဖွဲ့ ဝင် ဒေသကာကွယ်ရေးတပ်များနှင့်အတူ ရက္ခိုင့်တပ်တော်(AA)နှင့် မဟာမိတ်တပ်များ ပူးပေါင်းပါဝင်လျက်ရှိကြောင်း ချင်းညီနောင်က အသိပေးထားသည်။

(မင်းတပ်မြို့သိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ / ခလရ(၂၇၄) နှင့် မင်းတပ်မြို့ကို အ​ပေါ်စီးမှ​တွေ့ရစဥ်။ဓါတ်ပုံ-ချင်းညီ​နောင်၊ HKL Mindat)

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို သတ်မှတ်နေအိမ်မှာ အကျဉ်းကျခံစေဖို့ စစ်အုပ်စုကကြေညာတာ၊ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးတာတွေဟာ စစ်အုပ်စုရဲ့ နိုင်ငံရေးလှည့်ကွက်ဖြစ်ပြီး တော်လှန်ရေးကိုဖြိုခွဲဖို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း ချင်းညီနောင် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆလိုင်းယောမာန်က သတိပေးပြောကြားလိုက်ပြီးအချိန်မရွေး ပြန်လည်ဖမ်းဆီးတာ လုပ်ဆောင်နိုင်တယ်လို့ ပြောပါတယ်။

သတင်း

ချင်းညီနောင်သိမ်းပိုက်ထားတဲ့ မြို့တွေကို ကာကွယ်ဖို့၊ ကျန်နေသေးတဲ့ မြို့တွေကို ဆက်လက်တိုက်ခိုက်သိမ်းပိုက်ဖို့ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ချင်းညီနောင် စစ်ဦးစီးချုပ် ကိုဂိဒွန်က ပြောပါတယ်။

သတင်း

တော်လှန်ရေးရဲ့ လက်ရှိ အခြေအနေဟာ စိတ်ဓာတ်ကျစရာမရှိဘဲ အောင်မြင်ဖို့အတွက် အားနည်းချက်ရှာ အားသာချက်ဖြစ်အောင်လုပ်ပြီး တော်လှန်ရေးပန်းတိုင်အတွက် ဆက်လက်ကြိုးစားကြရမယ်လို့ချင်းညီနောင် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။

သတင်း

ချင်းညီနောင်အနေနဲ့ တီးတိန်မြို့သိမ်းစစ်ဆင်ရေးအပါအဝင် ပိုမိုကြီးမားတဲ့ တိုက်ပွဲတွေ ဖော်ဆောင်ဖို့ ဆောင်ရွက်နေသလို ချင်းညီနောင်ပါဝင်ထားတဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ဟာလည်း တော်လှန်ရေးအောင်မြင်အောင် လုပ်ဆောင်ဖို့ ဆွေးနွေးဆောင်ရွက်လျက်ရှိတယ်လို့ ချင်းညီနောင် အဖွဲ့ဝင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီ က ပြောပါတယ်။