ဆိုင်းမင်း/People’s Spring
မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ် ဘောလုံးကွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ရာ မြို့မြောက်ဘက်ခြမ်းက အောင်ကန်သာရွာထဲ ကျရောက် ပေါက်ကွဲလို့ အမျိုးသား ၁ဦးသေဆုံးခဲ့ရပါတယ်။
မနေ့ (ဒီဇင်ဘာလ ၂၂ ) မနက်ပိုင်း ၁၁ နာရီခန့်က အောင်ကန်သာရွာ ၊လူနေအိမ်ဝိုင်းထဲ လက်နက်ကြီး ကျ တာဖြစ်ပြီး လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦး နေရာမှာတင်သေဆုံးတာလို့ မြေပြင်သတင်းရင်းမြစ်ထံကသိရပါတယ်။
ဒီနေ့မနက်ပိုင်းမှာလည်း မတ္တရာအနောက်ခြမ်းက ရေလယ်ကျွန်း ကျေးရွာဘက် လက်နက်ကြီးကျခဲ့ပေမယ့် လူသူထိခိုက်မှုတော့ မရှိခဲ့ပါဘူး။
မန္တလေးမြို့နဲ့ ၂၅ မိုင်ခန့်သာဝေးတဲ့ မတ္တရာမြို့ရဲ့အရှေ့ခြမ်းကို မန္တလေး PDF ကသိမ်းထားပြီး အနောက်ခြမ်းကိုလည်း စိုးမိုးထားတာပါ။
မတ္တရာမြို့နယ်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ်က နိုဝင်ဘာလဆန်းက စတင်ပြီး လေကြောင်းပစ်ကူ ၊ လက်နက်ကြီးပစ်ကူတွေသုံးပြီး မြို့အနောက်ခြမ်းကနေ ထိုးစစ်ဆင်ခဲ့ပါတယ်။
နိုဝင်ဘာလလကုန်ပိုင်းမှာ မြို့အနောက်ခြမ်းကိုးပြန်သိမ်းနိုင်ခဲ့ပေမယ့် ဒီဇင်ဘာလ ပထမ ပတ်မှာတင် မန္တလေး PDF က ဆုံးရှုံးခဲ့တဲ့နေရာတွေကို ပြန်လည်တိုက်ယူနိုင်ခဲ့ပါတယ်။
မတ္တရာမြို့ပေါ်မှာတာ့ စစ်ကောင်စီတပ်က အထိုင်ချထားပြီး လက်နက်ကြီးနဲ့ပစ်ခတ်တွေပြုလုပ်နေတာပါ။