Connect with us

Hi, what are you looking for?

သတင်း

မတ္တရာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ကြောင့် ဒေသခံ ၁ဦးသေဆုံး

မန္တလေးမြို့နဲ့ ၂၅ မိုင်ခန့်သာဝေးတဲ့ မတ္တရာမြို့ရဲ့အရှေ့ခြမ်းကို မန္တလေး PDF ကသိမ်းထားပြီး အနောက်ခြမ်းကိုလည်း စိုးမိုးထားတာပါ။

အာဏာမသိမ်းခင်က စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်လေ့ကျင့်မှုကိုတွေ့ရစဉ် (ပုံဟောင်း)
အာဏာမသိမ်းခင်က စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်လေ့ကျင့်မှုကိုတွေ့ရစဉ် (ပုံဟောင်း)

ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ် ဘောလုံးကွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ရာ မြို့မြောက်ဘက်ခြမ်းက အောင်ကန်သာရွာထဲ ကျရောက် ပေါက်ကွဲလို့ အမျိုးသား ၁ဦးသေဆုံးခဲ့ရပါတယ်။

မနေ့ (ဒီဇင်ဘာလ ၂၂ ) မနက်ပိုင်း ၁၁ နာရီခန့်က အောင်ကန်သာရွာ ၊လူနေအိမ်ဝိုင်းထဲ လက်နက်ကြီး ကျ တာဖြစ်ပြီး လူလတ်ပိုင်းအရွယ် အမျိုးသား တစ်ဦး နေရာမှာတင်သေဆုံးတာလို့ မြေပြင်သတင်းရင်းမြစ်ထံကသိရပါတယ်။

ဒီနေ့မနက်ပိုင်းမှာလည်း မတ္တရာအနောက်ခြမ်းက ရေလယ်ကျွန်း ကျေးရွာဘက် လက်နက်ကြီးကျခဲ့ပေမယ့် လူသူထိခိုက်မှုတော့ မရှိခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

မန္တလေးမြို့နဲ့ ၂၅ မိုင်ခန့်သာဝေးတဲ့ မတ္တရာမြို့ရဲ့အရှေ့ခြမ်းကို မန္တလေး PDF ကသိမ်းထားပြီး အနောက်ခြမ်းကိုလည်း စိုးမိုးထားတာပါ။

မတ္တရာမြို့နယ်ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီတပ်က နိုဝင်ဘာလဆန်းက စတင်ပြီး လေကြောင်းပစ်ကူ ၊ လက်နက်ကြီးပစ်ကူတွေသုံးပြီး မြို့အနောက်ခြမ်းကနေ ထိုးစစ်ဆင်ခဲ့ပါတယ်။

နိုဝင်ဘာလလကုန်ပိုင်းမှာ မြို့အနောက်ခြမ်းကိုးပြန်သိမ်းနိုင်ခဲ့ပေမယ့် ဒီဇင်ဘာလ ပထမ ပတ်မှာတင် မန္တလေး PDF က ဆုံးရှုံးခဲ့တဲ့နေရာတွေကို ပြန်လည်တိုက်ယူနိုင်ခဲ့ပါတယ်။

မတ္တရာမြို့ပေါ်မှာတာ့ စစ်ကောင်စီတပ်က အထိုင်ချထားပြီး လက်နက်ကြီးနဲ့ပစ်ခတ်တွေပြုလုပ်နေတာပါ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မတ္တရာမြို့နယ်အရှေ့‌‌ခြမ်း နဲ့ မြို့အနီးကစစ်တပ် တက်စွဲထားရာ​နေရာ အများစုက​နေပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ် နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။