Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့တွင် လူသတ်ကားလုသွားသူများမှာ ဆယ်ကျော်သက်အရွယ်များနှင့် မိန်းကလေးငယ်များ ဖြစ်နေ

၂၀၂၂ ဒီဇင်ဘာ ၂၀ရက်ကလည်း မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ​ရွှေမုံရွာ ရတနာရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ရှင်အမျိုးသားပါ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။

(ဖမ်းဆီးရမိသော ကားလုသည့် လူငယ်များအား တွေ့ရစဥ်။ဓာတ်ပုံ-မုံရွာပလဖ)
(ဖမ်းဆီးရမိသော ကားလုသည့် လူငယ်များအား တွေ့ရစဥ်။ဓာတ်ပုံ-မုံရွာပလဖ)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် လူသတ်ကားလုသွားသူများအား ဖမ်းဆီးရမိရာ အသက်မပြည့်သေးသူနှင့် မိန်းကလေးငယ်များ ပါဝင်ကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၆ရက် နံနက် ၇နာရီခန့်က မုံရွာမြို့ပေါ်၊ သလ္လာအမှတ်(၄)ရပ်ကွက်၊ မိုဃ်းကောင်းလမ်းအတွင်း၌ လူသတ်ပြီး ကားအားလုယူပြေးသူများကို မုံရွာမြို့နယ် ပလဖ ရဲဘော်များက လိုက်လံဖမ်းဆီးခဲ့သည်။

လူသတ်ကားလုသူများသည် အက်တောရပ်ကွက်လမ်းပေါ်တွင် ကားကာ ထွက်ပြေးသွားခဲ့ပြီးနောက် မုံရွာပလဖက ဆက်လက်စုံစမ်းခဲ့ရာ ညပိုင်းတွင် ကျူးလွန်သူ အသက်(၁၈)နှစ်အရွယ် မောင်မင်းသန့်၊ အသက် (၁၉)နှစ်အရွယ် မောင်အောင်‌လေး (ခ)ငသဲ၊ အသက် (၂၂)နှစ်အရွယ် မောင်ခန့်၊ အသက် (၁၇)နှစ်အရွယ် မောင်အောင်ချမ်းဇင်၊ အသက်(၂၀)နှစ် အရွယ် မဖြူဖြူငြိမ်းနှင့် မလဲ့လဲ့မွန် စုစုပေါင်း ခြောက်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း မုံရွာပလဖက ထပ်မံအသိပေးသည်။

Public Service Announcement

Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ မုံရွာပလဖထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ကားပိုင်ရှင်အမျိုးသမီးမှာ သေနတ်ဖြင့် ၄ချက်ပစ်ခတ်ခံရပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်သည်။

“ တခြားကိစ္စတစ်ခုလည်း ပါတယ်လို့လည်း ပြောနေကြတယ်။ မုံရွာမှာက အသက်မပြည့်တဲ့သူကအစ လက်နက်ကိုင်တာမဆန်းတော့ဘူး။ ပိုက်ဆံရှိရင်အကုန်ရတယ်။” ဟု မုံရွာ ဒေသခံတစ်ဦးက ပြောသည်။

၂၀၂၃ သြဂုတ်ကလည်း မုံရွာမြို့၊ ထန်းတောရပ်ကွက်၊ အင်းဖြတ်လမ်းရှိ နေအိမ် ဓါးပြတိုက်ခံရပြီး သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

၂၀၂၂ ဒီဇင်ဘာ ၂၀ရက်ကလည်း မုံရွာမြို့၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ ​ရွှေမုံရွာ ရတနာရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ရှင်အမျိုးသားပါ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။

မုံရွာမြို့ပေါ်တွင် အာဏာသိမ်းကာလတလျှောက် ရွှေဆိုင်များ၊အခြားစီးပွားရေးလုပ်ငန်းများ မကြာခဏ ဓါးပြတိုက်ခံနေရပြီး လူသေဆုံးသည့်ဓါးပြမှုများပင် ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် စစ်ကောင်စီတပ်ဂိတ်အနီးသေဆုံးနေတဲ့ အမျိုးသမီးဟာ ကြာပိုင်ကျေးရွာကနေ ဘုန်းကြီးမွေးနေ့ပွဲသွားရင်း ပျောက်ဆုံးသွားသူဖြစ်နေကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က ခရီးသည်တင်ယာဥ်တစ်စီးကို သေနတ်နဲ့ပစ်ခတ်လို့ ယာဥ်မောင်းသေဆုံးခဲ့ရပါတယ်။

ဆောင်းပါး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကိုရောက်ရင် ဒလီဗာရီ(ပစ္စည်းပို့)ဝန်ထမ်းတွေကိုကြည့်ပြီးစာဖတ်သူအနည်းငယ်အံ့သြနိုင်ပါတယ်။တခြားကြောင့်မဟုတ်ပါဘူး။ဒလီဗာရီဝန်ထမ်းတွေဟာ များသောအားဖြင့် လူငယ်လေးတွေ လုပ်ကြတာများပါတယ်။ ၂၀ ကျော် ၃၀ ကျော်တွေပေါ့။မုံရွာမြို့မှာတော့ တခြားဒေသက ဒလီဗာရီတွေထက် မတူတာက ပစ္စည်းပို့သူအများစုဟာ အသက်လေးဆယ်ကျော်တွေနဲ့ လူကြီးပိုင်းတွေ ဖြစ်နေတာပဲ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်တပ်က အိမ်စီးကားတစ်စီးကို လိုက်လံပစ်ခတ်ရာ လမ်းဘေးကပြည်သူတွေပါ ထိခိုက်သေဆုံးမှုတွေရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook