Connect with us

Hi, what are you looking for?

သတင်း

ကျိုင်းတုံမြို့မှာ လူသတ်ဓားပြတိုက်မှု တရားခံတွေ လွတ်မြောက်နေ

စစ်တပ်ရဲ့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရှိတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ကျိုင်းတုံမြို့မှာလူသတ်ဓားပြတိုက်မှုဖြစ်ခဲ့ပြီးတရားခံတွေလွတ်မြောက်နေပါတယ်။

မတ်လ ၂၁ ရက်က ဓါးပြတိုက်ရင်းလူသတ်ခဲ့တဲ့ အရပ်ဝတ်နဲ့​သေနတ်သမား​တွေကား​ပေါ်ကဆင်းလာတာကို CCTV မှ​တွေ့ရစဥ်။ ဓါတ်ပုံ-CCTV Grab

မတ်-၂၂၊၂၀၂၆။ဇော်ရမ်း/People’s Spring

စစ်တပ်ရဲ့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရှိတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ကျိုင်းတုံမြို့မှာလူသတ်ဓားပြတိုက်မှုဖြစ်ခဲ့ပြီးတရားခံတွေလွတ်မြောက်နေပါတယ်။

မတ်လ ၂၁ ရက် ညနေက ကျိုင်းတုံမြို့၊ ရပ်ကွက် (၄) နောင်ခမ်းမီးပွိုင့်အနီးမှာရှိတဲ့ နေအိမ်တစ်အိမ်ကို လူငါးဦးက ကားနဲ့လာပြီး ဓားပြတိုက်တာဖြစ်ပါတယ်။

“သေနတ်မောင်းတင်ပြီးဝင်လာတာ။အိမ်ရှင်ကို ပစ်သတ်သွားတယ်။ ပြီးတော့ ‌ကားမောင်းပြေးတယ်။ လွယ်လွယ်လေးလုပ်သွားတာ”လို့မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကျိုင်းတုံမြို့မှာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရှိပြီး စစ်ကောင်စီတပ်အဓိက အခြေစိုက်ထားပါတယ်။ ခရိုင်မြို့လည်းဖြစ်ပြီး စစ်ကောင်စီက လုံခြုံရေး တင်းကျပ်ထားတာပါ။ အခု ဓားပြတိုက်သွားတဲ့ဖြစ်စဉ်မှာ စစ်ကောင်စီတပ်နဲ့ ဆက်စပ်သူတွေပါဝင်ပတ်သက်လိမ့်မယ်လို့ မြို့ခံတချို့က သုံးသပ်ပါတယ်။

” ဒီလောက်တောင်ဖြစ်သွားတာကို ဒီနေ့အထိ တရားခံမမိဘူး။ မဖမ်းဘူး။စစ်တပ်အသိုင်းအဝိုင်းလည်း ပါးစပ်ပိတ်နေတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ လားရှိုးမြို့မှာလည်း လူသတ်ဓားပြတိုက်မှုတွေ မကြာခဏဖြစ်ပွားနေပြီး အချို့အမှုတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပါဝင်ပတ်သက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းကျေးရွာမှာ မူးယစ်ဆေးဝါးရောင်းတဲ့နေအိမ် ဓားပြတိုက်သူတွေနဲ့ နေအိမ်ပိုင်ရှင်ကို ဖမ်းဆီးရမိတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊မုဆိုးခြုံရွာမ ရွာမှာ စပါးရောင်းလာတဲ့ လင်မယားနှစ်ဦး နေအိမ်ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း၂၅၀နဲ့ဖုန်းတွေပါယူသွားခံရကာ အမျိုးသားဖြစ်သူကိုပါ သတ်ဖြတ်သွားတယ်လို့ ‌‌‌‌ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

မန္တလေးမြို့က မီလျံနာရွှေဆိုင်ဓားပြတိုက်မှု ကျူးလွန်သူတွေဖမ်းမိပြီး ကျူးလွန်သူတွေဟာ စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ လွတ်မြောက်လာသူတွေပါဝင်တယ်လို့ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့အသိုင်းဝိုင်းက ပြောပါတယ်။