Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကြိုးပမ်းနေသည့် အတုအယောင်ရွေးကောက်ပွဲကန့်ကွက်ကြောင်း တအာင်းပါတီ ထုတ်ပြန်

တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ ဦးဆောင်အကောင်အထည်ဖော်မည့် နိုင်ငံရေး လမ်းပြမြေပုံအဆင့်ဆင့်တိုင်းတွင် ပူးပေါင်းဆောင်ရွက်မည်ဟု ဖော်ပြသည်။

(ရှမ်းမြောက်၊ နမ့်ခမ်းမြို့နယ် မန်ပူးကျေးရွာတွင် တအာင်း(ပလောင်)အမျိုးသားပါတီရုံး ဆိုင်းဘုတ်တင်နေစဉ်။ ဓာတ်ပုံ - TNP / Facebook)
(ရှမ်းမြောက်၊ နမ့်ခမ်းမြို့နယ် မန်ပူးကျေးရွာတွင် တအာင်း(ပလောင်)အမျိုးသားပါတီရုံး ဆိုင်းဘုတ်တင်နေစဉ်။ ဓာတ်ပုံ - TNP / Facebook)

◾️တော်လှန်ရေးအင်အားစုများ၏ စစ်အာဏာရှင်ချုပ်ငြိမ်းရေး ကြိုးပမ်းမှုနှင့် အောင်မြင်မှုများအပေါ် ဂုဏ်ပြု

ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီကဦးဆောင်ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း တအာင်း(ပလောင်)အမျိုးသားပါတီ ညီလာခံက ထုတ်ပြန်ကြေညာသည်။

ထို့အပြင် နွေဦးတော်လှန်ရေး၊ ၁ဝ၂၇ စစ်ဆင်ရေးနှင့် အခြားတိုင်းရင်းသားတော်လှန်ရေးအင်အားစုတို့မှ စစ်အာဏာ ရှင်အမြစ်ပြတ် ချုပ်ငြိမ်းရေးအတွက် ကြိုးပမ်းလုပ်ဆောင်မှုများနှင့် အောင်မြင်မှုများ ရရှိခြင်းအပေါ် ကြိုဆိုဂုဏ်ပြုကြောင်း တအာင်း(ပလောင်)အမျိုးသားပါတီညီလာခံက ကြေညာသည်။

ဒီဇင်ဘာ ၂၄ရက်နှင့် ၂၅ရက်က ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် တအာင်း(ပလောင်) အမျိုးသားပါတီညီလာခံက ဒီဇင်ဘာ ၂၇ရက်တွင် သဘောထား ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ညီလာခံကို တအာင်းပြည်တစ်နေရာ၌ ကျင်းပခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးအင်အားစုများ၏ အောင်ပွဲများအနက် ၁၀၂၇ စစ်ဆင်ရေး၌ တအာင်းတိုင်းရင်းသားလက်နက်ကိုင်တပ်(PSLF/TNLA)လည်း ပါဝင်ဆင်နွှဲခဲ့ပြီး တစ်နှစ်တာအတွင်း စစ်ကောင်စီတပ်စခန်း ၁၅၀ ကျော်၊ မြို့ ၁၂မြို့ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့သည်။

ညီလာခံတွင် တက်ရောက်ခဲ့ကြသော ကိုယ်စားလှယ်များတို့မှ လက်ရှိနိုင်ငံရေးအခင်းအကျင်းတို့ကို သုံးသပ်ခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ ဦးဆောင်ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီ၏ အရပ်သားပြည်သူလူထုအပေါ် တိုက်လေယာဉ်များဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခြင်းတို့ကြောင့် ပြည်သူလူထုမှ နေရပ်စွန့်ခွါပြီး အတိဒုက္ခရောက်နေခြင်းတို့အပေါ် စာနာထောက်ထားသည်ဟု အသိပေးသည်။

ထို့ပြင် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ ဦးဆောင်အကောင်အထည်ဖော်မည့် နိုင်ငံရေး လမ်းပြမြေပုံအဆင့်ဆင့်တိုင်းတွင် ပူးပေါင်းဆောင်ရွက်မည်ဟု ဖော်ပြသည်။

တအာင်း(ပလောင်)အမျိုးသားပါတီအနေဖြင့်လည်း တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထုမှ ဦးဆောင်သည့် နွေဦးတော်လှန်ရေး၏ အန္တိမပန်းတိုင်ဖြစ်သည့် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ် ဟူသမျှ ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည် ဆောက်ရေးတို့အတွက် ပြည်သူတစ်ရပ်လုံးနှင့် အတူရပ်တည်ပြီး ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ခဲ့သည်။

အဆိုပါ ညီလာခံသို့ ပါတီဗဟိုကော်မတီဝင်များ၊ အရပ်ဖက်အဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်များနှင့် လေ့လာသူများ တက်ရောက်ခဲ့ပြီး ပါတီ ပါတီ၏စတုတ္ထသက်တမ်းတွင် ဆက်လက်တာဝန် ထမ်းဆောင်မည့် ဗဟိုကော်မတီဝင် (၃၈)ဦး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (၂၁) ဦးနှင့် ဗဟိုဥက္ကဌအဖွဲ့၊ အထွေထွေအတွင်းရေးမှူးအဖွဲ့တို့ကို လျှို့ဝှက် ဆန္ဒမဲပေးစနစ်ဖြင့် ရွေးချယ် တင်မြောက်နိုင်ခဲ့ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

နိုင်ငံတကာ

၂၀၂၀ အမေရိကန် ရွေးကောက်ပွဲ ရလဒ်တွေကို တရုတ်က နောက်ကွယ်ကနေ စွက်ဖက် ခြယ်လှယ်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲမှုကို တရုတ်ဖက်က ပယ်ချခဲ့ပါတယ်။