Connect with us

Hi, what are you looking for?

သတင်း

KIA၏ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲတွင် တရုတ်ပြေး​သောစစ်သားများ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွက် စစ်ကူအပို့ခံရပြန်

မူဆယ်မြို့မှစစ်ကူပို့ဆောင်ခံရသူများကို KIA က ပိတ်ဆို့တိုက်ခိုက်ရာ စစ်ကြောင်းအလိုက် အထိနာကြောင်း သတင်းများထွက်ပေါ်နေသည်။

(KIA ၏ ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲတွင်တရုတ်ထွက်​ပြေး​သောစစ်သားများကို တရုတ်စစ်တပ်က မူဆယ်သို့ ကားများဖြင့် ပြန်ပို့စဥ်။ဓါတ်ပုံ-File Photo ၊CJ)
(KIA ၏ ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲတွင်တရုတ်ထွက်​ပြေး​သောစစ်သားများကို တရုတ်စစ်တပ်က မူဆယ်သို့ ကားများဖြင့် ပြန်ပို့စဥ်။ဓါတ်ပုံ-File Photo ၊CJ)

အိမ်သွင်/People’s Spring

ကချင်ပြည်နယ်၊ ကန်ပိုက်တီမြို့နယ်မှKIA ၏ထိုးစစ်​ကြောင့် တရုတ်နိုင်ငံဘက်သို့ပြေးထွက်​ပြေးခဲ့ပြီး မူဆယ်ပြန်ပို့ခံရ​သော စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးရာကျော်သည် ဗန်းမော်မြို့တိုက်ပွဲသို့စစ်ကူအဖြစ်ပို့ဆောင်ခံလိုက်ရ​ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်းသတင်းမြစ်များကပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ပြီးခဲ့သည့်နိုဝင်ဘာလတွင် ကချင်ပြည်နယ် ကန်ပိုက်တီမြို့ကို တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၂ဦးသည် တရုတ်နိုင်ငံဘက်သို့ပြေးသွားခဲ့သည်။ တရုတ်အစိုးရက စစ်ကောင်စီထံသို့ ​ရွှေလီမှတဆင့် မယ်ဆယ်မြို့သို့ နိုဝင်ဘာလ၂၃ရက်နေ့တွင် ကားများဖြင့်ပို့၍ ပြန်လွှဲ​ပြောင်းပေးခဲ့သည်။

၎င်းတို့ကို မူဆယ်ခံစစ်အတွက် စစ်ကောင်စီကပြင်ဆင်ပြီး မူဆယ်မြို့အခြေစိုက် တပ်မ(၉၉)တွင်ကနဦး ထားခဲ့သည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်း စစ်ရေးသတင်းမြစ်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

(KIA ၏ ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲတွင်တရုတ်ထွက်​ပြေး​သောစစ်သားများကို တရုတ်စစ်တပ်က မူဆယ်သို့ ကားများဖြင့် ပြန်ပို့စဥ်။ဓါတ်ပုံ-File Photo ၊CJ)
(KIA ၏ ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲတွင်တရုတ်ထွက်​ပြေး​သောစစ်သားများကို တရုတ်စစ်တပ်က မူဆယ်သို့ ကားများဖြင့် ပြန်ပို့စဥ်။ဓါတ်ပုံ-File Photo ၊CJ)

သို့​သော် KIAက ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ဒီဇင်ဘာလ၄ရက်နေ့တွင်စတင်တိုက်ခိုက်ပြီး တိုက်ပွဲများပြင်းထန်နေစဉ် တရုတ်ဘက်​ပြေးခဲ့​သောအဆိုပါစစ်သားများကို ဒီဇင်ဘာလ၂၂ရက်နေ့မှစ၍ စစ်ကောင်စီက ဗန်းမော်မြို့သို့ ပို့ဆောင်နေခြင်းဖြစ်သည်။

“တရုတ်ကိုပြေးသွားလို့ နယ်စပ်ကနေပြန်ပို့ခံရတဲ့ သူတွေ အကုန် ဗန်းမော်ကိုရောက်သွားပြီ။အစက မူဆယ်အတွက်ဆိုပြီး ထားတာ” ဟု ရှမ်းပြည်နယ်မြောက်ပိုင်းသတင်းရင်းမြစ်ကပြောသည်။

စစ်ကောင်စီသည် စစ်ကူများကို မူဆယ်မှဗန်းမော်သို့ ရဟတ်ယာဉ်များဖြင့် အကြိမ်ကြိမ်ပို့ဆောင်နေခြင်းဖြစ်သည်။

“၂၂ရက်နေ့က တစ်နေ့တည်း ငါးခေါက်သယ်တယ်။ အဲဒီနောက်ပိုင်း နေ့တိုင်းလာလာသယ်နေတာ။ တရုတ်က ပြန်ပို့တဲ့သုံးရာကျော် မူဆယ်မှာတစ်ယောက်မှမကျန်တော့ဘူး”ဟု မူဆယ်မြို့ခံတစ်ဦးကပြောသည်။

ဗန်း​မော်မြို့သိမ်းတိုက်ပွဲသို့ စစ်တပ်က တပ်မ (၉၉) မှတပ်ရင်း ၂ရင်း ၊ တပ်မ (၈၈)မှတပ်ရင်း၂ ရင်းကို ရဟတ်ယာဥ်များဖြင့် ပို့​ဆောင်ခဲ့​ကြောင်း ကချင်စစ်​ရေးရင်းမြစ် တဦးက​ပြောသည်။ ထိုသို့ပို့ရာတွင် လတ်တ​လောတိုက်ပွဲမဖြစ်​တော့​သော ရှမ်း​မြောက်မှ စစ်သားများ ပါဝင်​ကြောင်း ၎င်းကဆက်​ပြောသည်။

(KIA ၏ ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲတွင်တရုတ်ထွက်​ပြေး​သောစစ်သားများကို တရုတ်စစ်တပ်က မူဆယ်သို့ ကားများဖြင့် ပြန်ပို့စဥ်။ဓါတ်ပုံ-File Photo ၊CJ)
(KIA ၏ ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲတွင်တရုတ်ထွက်​ပြေး​သောစစ်သားများကို တရုတ်စစ်တပ်က မူဆယ်သို့ ကားများဖြင့် ပြန်ပို့စဥ်။ဓါတ်ပုံ-File Photo ၊CJ)

မူဆယ်နှင့် ဗန်းမော်မြို့သည် နမ့်ခမ်း-မန့်ဝိန်းကြီး-မံစီလမ်းဖြင့် ကုန်းလမ်းဆက်သွယ်ရေးရှိသော်လည်း နမ့်ခမ်းမြို့ကို တအာင်းလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မန့်ဝိန်းကြီးနှင့်မံစီမြို့ကို KIA က သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်သည်။ ထို့ကြောင့်စစ်ကောင်စီသည် ရဟတ်ယာဉ်ဖြင့်သာ စစ်ကူပို့နိုင်သည့်အခြေအနေဖြစ်သည်။

မူဆယ်မြို့မှစစ်ကူပို့ဆောင်ခံရသူများကို KIA က ပိတ်ဆို့တိုက်ခိုက်ရာ စစ်ကြောင်းအလိုက် အထိနာကြောင်း သတင်းများထွက်ပေါ်နေသည်။

KIA၏ ဗန်းမော်မြို့သိမ်းတိုက်ပွဲသည် ၂၆ရက်ရှိလာပြီဖြစ်ပြီး စစ်ကောင်စီ၏စခန်းအများအပြားကို သိမ်းပိုက်ထားပြီးဖြစ်သည်ဟု ကချင်စစ်ရေးသတင်းမြစ်အချို့ကဆိုသည်။

(KIA ၏ ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲတွင်တရုတ်ထွက်​ပြေး​သောစစ်သားများကို တရုတ်စစ်တပ်က မူဆယ်သို့ ကားများဖြင့် ပြန်ပို့စဥ်။ဓါတ်ပုံ-File Photo ၊CJ)
(KIA ၏ ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲတွင်တရုတ်ထွက်​ပြေး​သောစစ်သားများကို တရုတ်စစ်တပ်က မူဆယ်သို့ ကားများဖြင့် ပြန်ပို့စဥ်။ဓါတ်ပုံ-File Photo ၊CJ)

စစ်ကောင်စီသည် တပ်ဖွဲ့ဝင်အင်အားအလွန်နည်းနေပြီး မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖော်ဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး၊ မန္တလေးတိုင်းနှင့်စစ်ကိုင်းတိုင်းမှ မြို့သိမ်းတိုက်ပွဲများ၊ ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော်(AA)၏မြို့သိမ်းတိုက်ပွဲများ၊ ချင်းပြည်နယ်မှမြို့သိမ်း တိုက်ပွဲများတွင် စစ်သုံ့ပန်း ရာထောင်ချီ၍ ဖမ်းဆီးခံနေရသည်။ စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အကြောင်းပြ၍ စစ်သားစုဆောင်းခဲ့သော်လည်း ထွက်ပြေးမှုများ၊ တိုက်ပွဲအတွင်းသေဆုံးမှုများနေသည်။

ဒီဇင်ဘာလ၂၇ရက်နေ့က ဧရာဝတီတိုင်းပုသိမ်မြို့တွင် စစ်မှုထမ်းသင်တန်းဆင်းသည်ကို စစ်ကောင်စီဒုတိယခေါင်းဆောင် တို့ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် ကြည်း၊ရေ၊လေထိပ်ပိုင်းခေါင်းဆောင်များကိုယ်တိုင်လာရောက်၍ စစ်​ကောင်စီအတွက်စစ်တိုက်​ပေးရန်စည်းရုံးရေးဆင်းခဲ့သည်။

(KIA ၏ ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲတွင်တရုတ်ထွက်​ပြေး​သောစစ်သားများကို တရုတ်စစ်တပ်က မူဆယ်သို့ ကားများဖြင့် ပြန်ပို့စဥ်။ဓါတ်ပုံ-File Photo ၊CJ)

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်သားတွေ ကိုယ့်အသက်ဘေးကာကွယ်ဖို့ တော်လှန်ရေးတပ်တွေထံ ဘက်ပြောင်းခိုလှုံ ကြဖို့ KNU ထပ်မံတိုက်တွန်း

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။