Connect with us

Hi, what are you looking for?

သတင်း

ယုန်လေးအားတိုက်ခိုက်ရာတွင် ထိခိုက်ခဲ့သူများအနေဖြင့် နားလည်ပေးကြရန် ပြောက်ကျားအဖွဲ့ မေတ္တာရပ်ခံ

ယနေ့(ဒီဇင်ဘာ ၃၀ ရက်) နံနက် ၉ နာရီနှင့် နေ့လည် ၁၁ နာရီတို့တွင် ယုန်လေး နှင့်အပေါင်းအပါများအား ချိန်ကိုက်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယုန်လေးအားတိုက်ခိုက်ရာတွင် ထိခိုက်ခဲ့သူများအနေဖြင့် နားလည်ပေးကြရန် ပြောက်ကျားအဖွဲ့ မေတ္တာရပ်ခံ
ယုန်လေးအားတိုက်ခိုက်ရာတွင် ထိခိုက်ခဲ့သူများအနေဖြင့် နားလည်ပေးကြရန် ပြောက်ကျားအဖွဲ့ မေတ္တာရပ်ခံ

▪️ယုန်လေးကို ရေဆုံးမြေဆုံးထိလိုက်လံရှာဖွေပြီး အပြစ်ပေးအရေးယူမည်ဟု ပြောက်ကျားအဖွဲ့ Mission JOKER သတိပေး

သတိုး/People’s Spring

စစ်ကောင်စီထောက်ခံသူ အနုပညာအမည်ခံယုန်လေးအား တိုက်ခိုက်ရာတွင် ပြည်သူများအထိအခိုက်အနည်းဆုံးဖြစ်အောင်လုပ်ဆောင်ခဲ့သော်လည်း မလွှဲသာမရှောင်သာထိခိုက်သူအချို့ရှိခဲ့၍ နားလည်ပေးရန် ပြောက်ကျားအဖွဲ့ Mission JOKER မှ တာဝန်ရှိသူက မေတ္တာရပ်ခံသည်။

“ဖောက်ခွဲတိုက်ခိုက်မှုအတွင်း မလွှမရှောင်သာ အခြေနေကြောင့် ပစ်မှတ်အနီးနား ပြည်သူတစ်ဦးထိခိုက်ခဲ့ပြီး၊ ပြည်သူ့နေအိမ်တစ်ချိုနှင့် ကားအချို ပျက်စီးမှုရှိခဲ့ကြောင်းကိုလည်း သိရသည့်အတွက် နားလည်ခွင့်လွှတ်ပေးပါရန် အနူးအညွတ်ပန်ကြားအပ်ပါတယ်” ဟု ၎င်းက ပြောသည်။

ယနေ့(ဒီဇင်ဘာ ၃၀ ရက်) နံနက် ၉ နာရီနှင့် နေ့လည် ၁၁ နာရီတို့တွင် ယုန်လေး နှင့်အပေါင်းအပါများအား ချိန်ကိုက်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီဘက်တော်သား အဓိကထောက်တိုင်ဖြစ်တဲ့ အောင်ဖုန်းကျော်(ခ)အဆိုတော်ယုန်လေးသည် အနုပညာ ကို အသုံးချကာ အကြမ်းဖက်စစ်တပ်အတွက် ပွဲလမ်းသဘင်များ စီစဉ်ပြုလုပ်ပေးခြင်း၊ လော်ဘီလုပ် ဝါဒဖြန့် စည်းရုံးလှုံ့ဆော်ပေးခြင်း၊ အခြားသော သရုပ်ဆောင်နှင့်အနုပညာရှင်များအား စစ်ကောင်စီနှင့် ပူးပေါင်းရန် ခြိမ်းခြောက်အကြပ်ကိုင် ခံဝန်ထိုးခိုင်းခြင်းများစသည့် ပြည်သူလူထု လုံးဝလက်မခံနိုင်သော လုပ်ရပ်များကို လုပ်ဆောင်နေသောကြောင့် အပြစ်ပေးအရေးယူသည့်အနေဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီး ဆုံးမခဲ့ခြင်း ဖြစ်သည်။” ဟု ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းတိုက်ခိုက်မှုအတွင်း ယုန်လေးမထိခိုက်သော်လည်း ၎င်း၏ ယောက်ဖြဖစ်သူနှင့် ၎င်းတို့၏ ကားထိခိုက်မှူရှိသည်ဟု သိရပြီး စစ်ကောင်စီဘက်မှ ယုန်လေးနှင့်မိသားစုကို ကားများဖြင့် ခေါ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။

“ကျွန်ုပ်တို့အနေဖြင့် အပြစ်သားယုန်လေးကို ရေဆုံးမြေဆုံးထိ လိုက်လံရှာဖွေပြီး အပြစ်ပေးအရေးယူ ခြင်းကို စဉ်ဆက်မပျက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး၊ ၎င်းနှင့် ကြံရာပါ အခြားသော အနုပညာ အမည်ခံ အကြမ်းဖက်စစ်တပ်ထောက်တိုင်များကိုလည်း ထိထိရောက်ရောက် အရေးယူခြင်း၊ အပြစ်ပေးဆုံးမခြင်းများကို လုပ်ဆောင်သွားမှာဖြစ်ပါတယ်။” ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

နံနက်ပိုင်းပေါက်ကွဲမှုတွင် အနီးရှိ ကားနှင့် အဆောက်အဦးအချို့ထိခိုက်မှုရှိခဲ့ပြီး နေ့လည် ပေါက်ကွဲမှုတွင် ပြည်သူတစ်ဦး ခြေထောက်အနည်းငယ်ထိခဲ့သည်ဟု ဆိုသည်။

ယုန်လေးသည် အာဏာသိမ်းကာလအစကတည်းကစစ်ကောင်စီဘက်တွင်ပါဝင်ခဲ့သောကြောင့် တော်လှန်ရေးအင်အားစုများဘက်မှ တိုက်ခိုက်မှုအချို့ပြုလုပ်ကာ သတိပေးသည့်ဖြစ်စဉ်များရှိခဲ့သည်။

သို့သော်လည်း ယုန်လေးသည် စစ်ကောင်စီကျင်းပသည့်ပွဲများတွင် လက်ရှိအချိန်အထိ တတ်တတ်ကြွကြွပါဝင်ပေးနေသည်။

ယုန်လေးနှင့်ပတ်သက်ပြီး မြို့ပြပြောက်ကျား(UG)အဖွဲ့များက သတိပေးဖောက်ခွဲမှု သုံးကြိမ်အထိပြုလုပ်ခံထားရသည်။

၂၀၂၄ အောက်တိုဘာ ၁၀ရက်က ယုန်လေးနှင့်အဖွဲ့ ရိုက်ကူးထားသည့် ရုပ်ရှင်ပြသမည့် ဒဂုံမြို့နယ် သမ္မတရုပ်ရှင်ရုံအနီးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိုင်ချနေသည့် ယာယီဂိတ်ကို မြို့ပြပြောက်ကျားအဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။

၂၀၂၁ ဧပြီ ၁၈ရက်ကလည်း ယုန်လေး၏ကား စမ်းချောင်းမြို့နယ်၊ ကျွန်းတောလမ်းအလယ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်။

ထို့အပြင် စစ်ကောင်စီကို ထောက်ခံအားပေးနေသော အနုပညာရှင်အမည်ခံ ရန်အောင်၏ ရန်ကင်းမြို့နယ်၊ ဘောက်ထော် မြရတနာလမ်းရှိ နေအိမ်ကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ရက်က ပြင်းအားပျော့မိုင်း အသုံးပြု၍ ဖောက်ခွဲသတိပေးတိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားနိုင်ငံ အတွင်းပိုင်းက ပစ်မှတ်တွေကို စစ်ပွဲတလျှောက် အတိုင်းအတာ အကြီးမားဆုံး စစ်ဆင်ရေး အစီအမံမျိုးနဲ့ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ယူကရိန်းက ကြွေးကြော်ခဲ့ပါတယ်။

သတင်း

ဇန်နဝါရီ ၂ ရက် ညပိုင်းကလည်း ဆင်ဖြူကျွန်းမြို့ရှိ စစ်ကောင်စီ၏ ထွေအုပ်ရုံးကို ဗုံးသီးနှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

သတင်း

"အပြန်အလှန်ပစ်ခတ်မှုတော့ မဖြစ်လိုက်ဘူးဗျ။ ကျနော်တို့က ဒရုန်းနဲ့ပဲ ဗုံးသီးကြဲချပြီး ပြန်လာခဲ့တာပါ။ သူတို့ဘက်က ရမ်းသမ်းပြန်ပစ်တာမျိုးတော့ ရှိပါတယ်"ဟု ၎င်းက ပြောသည်။

သတင်း

၂၀၂၃ ဩဂုတ် ၁ရက်ကလည်း စစ်ကောင်စီတပ်စွဲထားသည့် ရွှေပေါက္ကံမြို့သစ်ထွေအုပ်ရုံးကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊တပ်ခွဲ ၂ က ဗုံးခွဲတိုက်ခိုက်ခဲ့သေးသည်။

Facebook