Connect with us

Hi, what are you looking for?

သတင်း

အင်းစိန်ထောင်ကနေ လွတ်ငြိမ်းတွေစတင်လွှတ်ပေး

အာဏာသိမ်းစစ်ကောင်စီက ဒီနေ့ လွတ်လပ်ရေးနေ့မှာ လွတ်ငြိမ်းပေးရာမှာ ရန်ကုန်မြို့ အင်းစိန်ထောင်ကနေ အကျဉ်းသားအချို့ ပြန်လည်လွတ်မြောက်လာပါတယ်။

People’s Spring

အာဏာသိမ်းစစ်ကောင်စီက ဒီနေ့ လွတ်လပ်ရေးနေ့မှာ လွတ်ငြိမ်းပေးရာမှာ ရန်ကုန်မြို့ အင်းစိန်ထောင်ကနေ အကျဉ်းသားအချို့ ပြန်လည်လွတ်မြောက်လာပါတယ်။

မွန်းလွဲပိုင်း ၁၂ နာရီ ခွဲဝန်းကျင်မှာ အကျဉ်းသားတွေကို စတင်လွှတ်ပေးတာပါ။

လွတ်ငြိမ်းခွင့်ရတဲ့အကျဉ်းသူ၊ အကျဉ်းသားတွေကို သယ်ဆောင်လာတဲ့ YBS ကားတွေ ထောင်ဝန်းထဲကနေ တစ်စီးပြီး တစ်စီးထွက်လာတာတွေ့ရပြီး ထောင်ပြင်ပမှာ မိသားစုတွေ​၊ သက်ဆိုင်သူတွေကလည်း မျှော်လင့်တကြီးလာရောက်စောင့်ဆိုင်းနေကြတာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့ အင်းစိန်ထောင်ကနေ လွတ်ပေးတဲ့ အကျဉ်းသူ၊ အကျဉ်းသားဦးရေကို အတိအကျမသိရသေးပါဘူး။

လွတ်မြောက်လာသူ တစ်ဦးရဲ့ ပြောပြချက်အရတော့ အမျိုးသမီး အကျဉ်းသူ ၁၀၀ ခန့် လွှတ်ပေးပြီး နိုင်ငံရေးအကျဉ်းသား ၁၅ ဦးဝန်းကျင်ပါဝင်လာတယ်လို့သိရပါတယ်။

ဒါပေမယ့် People’s Spring အနေနဲ့ အင်းစိန်ထောင်ကနေ လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားဦးရေ ကို သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီနေ့ ကျရောက်တဲ့ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့မှာ အာဏာသိမ်းစစ်ကောင်စီက အကျဉ်းသူ ၊ အကျဉ်းသား ခြောက်ထောင်နီးပါး ကို လွှတ်ပေးမယ်လို့ ကြေညာထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဆန့်ကျင်မှုတွေနဲ့ဆက်စပ်ပြီး မတရား ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၈,၀၉၆ ဦးရှိပြီး အဲဒီအထဲက ၂၁,၄၉၉ ဦးဟာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၉, ၉၅၈ ဦးကတော့ ထောင်ဒဏ်တွေ ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) က စာရင်းပြုစုထားပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

သံမဏီနှင်းဆီနဲ့ သ​​င်​ကေတပြုထားတဲ့လူထု​​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ​မွေး​နေ့ရက်​တွေဟာ တကယ်​တော့ လူတစ်ဦးရဲ့​မွေး​နေ့ထက် အဓိပ္ပါယ်​လေးနက်ပါတယ်။ လူထု​​ခေါင်း​ဆောင်အ​ပေါ် ပြည်သူတွေရဲ့ချစ်ခြင်း​မေတ္တာပြသခြင်းရဲ့ပြယုဂ်ခြင်းဖြစ်ပါတယ်။ဒါအပြင် လူထု​ခေါင်း​ဆောင်ရဲ့ ဒီမိုက​ရေစီအတွက် ခက်ခဲကြမ်းတမ်းလှတဲ့လမ်းကို​​လျှောက်လှမ်းရ​ပေမယ့် ​နောက်မတွန့်ပဲ ပန်းတိုင်ဆီ သတ္တိအပြည့်နဲ့ ချီတက်​နေတဲ့ လမ်းစဥ်ကို ယုံကြည်တယ်၊လိုက်နာမယ်ဆိုတဲ့ အချက်ပြ​မှု​တွေလည်းဖြစ်ပါတယ် ။

သတင်း

တန်းစီးချုပ်ကိုဦးက ​မြောက်ဥက္ကလာပမျက်နှာဖုံးလူသတ်မှုက အမှုတွဲဖြစ်

သတင်း

ကဆုန်လပြည့်နေ့က စစ်ကောင်စီရဲ့လွတ်ငြိမ်းမှာ နိုင်ငံရေးအကျဥ်းသား ၈ဦးသာ လွတ်မြောက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နှစ်ဆန်းတစ်ရက်နေ့မှာ အကျဥ်းသားပေါင်း လေးထောင်ကျော် လွှတ်မယ်လို့ ကြေညာထားပေမဲ့ လက်တွေ့မှာ ၁၆၀၀ ကျော်သာ လွတ်မြောက်လာပြီး နိုင်ငံရေးအကျဥ်းသား ၂၈၀ကျော်သာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။