Connect with us

Hi, what are you looking for?

သတင်း

အမ်းနှင့်မင်းဘူးကြားရှိ စစ်တပ် တပ်စွဲထား​သော တရုတ်ဓါတ်​ငွေ့ပိုက်လိုင်းစခန်း နှင့် အ​မြောက်တပ်စခန်းကို AA သိမ်းပိုက်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် သို့ စစ်ကောင်စီက လေကြောင်းမှ ပို့ဆောင်ခဲ့သည့် စစ်သားများ တပ်စွဲထားသော တောင်ဇောက်ရွာရှိ တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစက်ရုံနှင့်အမြောက်တပ်စခန်းကို အာရက္ခတပ်တော် (AA)က တိုက်ခိုက်သိမ်းယူလိုက်သည်။

ဂွမြို့သိမ်းတိုက်ပွဲတိုက်ပွဲတွင် စစ်တပ်၏သံချပ်ကာယာဥ်​ပေါ်တွင်​အောင်ပွဲခံ​နေကြ​သော AA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-AA Info Desk

ကဖေး/People’s Spring

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် သို့ စစ်ကောင်စီက လေကြောင်းမှ ပို့ဆောင်ခဲ့သည့် စစ်သားများ တပ်စွဲထားသော တောင်ဇောက်ရွာရှိ တရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစက်ရုံနှင့်အမြောက်တပ်စခန်းကို အာရက္ခတပ်တော် (AA)က တိုက်ခိုက်သိမ်းယူလိုက်သည်။

အမ်းနှင့် မင်းဘူးမြို့ကြားရှိ တောင်ဇောက်ရွာမှ အဆိုပါစခန်းနှစ်ခုကို AA က ဒီဇင်ဘာလ ၂၂ရက်မှစ၍ တိုက်ခိုက်ခဲ့ပြီး ရက်သတ္တပတ် နှစ်ပါတ်ခန့်အကြာ ဇန်နဝါရီ ၅ ရက်တွင် သိမ်းယူခြင်းဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

“စခန်းက အရမ်းမကြီးပေမယ့် AAက သတိထားပြီးတိုက်ခဲ့ရတယ်။ AAကတရုတ်စီမံကိန်းတွေကိုမထိအောင် ထိန်းပြီး စစ်ရေးဖော်ဆောင်တာ။ စစ်တပ်က တရုတ်ပိုက်လိုင်းကို အကာအကွယ်ယူထားတာ။ ဒါကို တရုတ် သိဖို့လိုတယ်” ဟု ရခိုင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

AAသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) ကို ဒီဇင်ဘာလ၂၀ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အမ်းတစ်မြို့လုံးကိုထိန်းချုပ်လိုက်ကြောင်းကြေညာခဲ့သည်။ စစ်ကောင်စီက မကွေးတိုင်းဘက်မှတပ်ဖွဲ့ဝင်အများအပြားကိုလေကြောင်းမှပို့ဆောင်ခဲ့ပြီး တောင်‌‌ဇောက်ရွာအပါအဝင် တရုတ်ပိုက်လိုင်းတစ်လျှောက် အကာအကွယ်ယူ၍ နပခကို ပြန်လည်တိုက်ခိုက်ရန် စီစဥ်ခဲ့သည်။

ထို့ကြောင့် AAက ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အရေးကြီးသောစခန်းများကို သိမ်းယူခဲ့ခြင်းဖြစ်​ကြောင်း AAနှင့်နီးစပ်သည့် တော်လှန်ရေးတပ်ဖွဲ့တခုမှ ရဲဘော်တဦးကပြောသည်။

သို့​သော်စခန်းသိမ်းတိုက်ပွဲသတင်းကို AAကဇန်နဝါရီ ၆ ရက်အထိ့ မထုတ်ပြန်သေးပေ။ တောင်ဇောက်တောင်ရွာရှိတရုတ်သဘာဝဓာတ်ငွေ့ပိုက်လိုင်းစက်ရုံအတွင်း စက်ရုံဝန်ထမ်းအချို့အပြင် တရုတ်နိုင်ငံသားအချို့ကိုလည်း တွေ့ရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ကပြောသည်။ အဆိုပါအချက်အလက်ကို People’s Sping က သီခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

AA သည် နပခအား တိုက်ခိုက်သိမ်းပိုက်သည့်တိုက်ပွဲ၌ နပခဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကို ဖမ်းမိခဲ့သည်။ ထို့အပြင် AAက ၎င်းတို့ထိန်းချုပ်ထား​​သော​ အာရက္ခဒေသအတွင်း ရင်းနှီးမြှပ်နှံမှုများကို ဖိတ်​ခေါ်ပြီး ရင်းနှီးမြှပ်နှံမှု စီမံကိန်းများ ၊ ရင်းနှီးမြှပ်နှံသူများ၏ အသက်အန္တရာယ်ကိုAA ကအထူးဂရုစိုက်ကာကွယ်​စောင့်​ရှောက်သွားမည်ဟု ဒီဇင်ဘာ ၂၉ ရက်ထုတ်ပြန်ချက်တွင်​ဖော်ပြသည်။

နပခနှင့် အမ်းမြို့မှ ထွက်ပြေးနေသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မကွေးတိုင်းဘက်ရှိ ငဖဲ၊ ပဒါန်း၊ မင်းဘူးမြို့နယ်များသို့ ရောက်ရှိလာပြီး AA၏ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များနှင့် PDF များက လိုက်လံဖမ်းဆီးနေသည်။

ဇန်နဝါရီလ၄ရက်နှင့်၅ရက်က တောင်ဇောက်ကျေးရွာအပါအဝင် အမ်းမြို့နယ်ဘက်မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးကိုလက်နက်ခဲယမ်းများနှင့်အတူထပ်မံဖမ်းမိကြောင်း ချင်းကာကွယ်ရေးတပ်(အရှို)နှင့်လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA Magway) က ထုတ်ပြန်ထားသည်။

ယခုအခါ AA က အာရက္ခ​ပြည်နယ်တွင် မြို့နယ် ၁၄ မြို့နယ် ကို သိမ်းပိုက်ထားပြီး စစ်​တွေ ၊​ကျောက်ဖြူ ၊မာန်​အောင် သုံးမြို့နယ်သာ သိမ်းပိုက်ရန် ကျန်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းဝန်းကျင်တိုက်ပွဲမှာအာရက္ခတပ်တော် (AA)က စစ်တပ်ဆီကလက်နက်ခဲယမ်းတွေနဲ့ အလောင်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေ ကပြောပါတယ်။

Facebook