Connect with us

Hi, what are you looking for?

သတင်း

မောင်တောတွင် ခရီးသည်တင်ယာဉ်တစ်စီးအား ARSAအဖွဲ့ပစ်ခတ်တိုက်ခိုက်၍ တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီးအား ARSAအဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

၂၀၂၂ နှစ်ဆန်းပိုင်းက အွန်လိုင်းပေါ်တွင် ပြန့်လာသည့် ARSA အဖွဲ့၏ စစ်ရေးပြမြင်ကွင်း။ ဓာတ်ပုံ - ARSA

အိမ်သွင်/People’s Spring

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ခရီးသည်တင်ယာဉ်တစ်စီးအား ARSAအဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

မောင်တောမြို့နယ်၊ကျောက်ပန္ဒူကျေးရွာမှ ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာလာသည့် သုံးဘီးကားတစ်စီးကို မေယုတောင်ကျော်လမ်း၊ မြို့ယုကျေးရွာအနီးတွင် ARSA အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဟု မောင်တောမြို့ဒေသခံတစ်ဦးက ပြောသည်။

” ARSAက ချောင်းပစ်တာ။ တပ်တော်(AA)ကတော့ လိုက်ရှင်းနေတာကြားတယ်။ အခုတခါ အပစ်ခံရတာမှာ ခရီးသည်ထဲက တစ်ယောက်သေပြီးနှစ်ယောက် ဒဏ်ရာရတယ်”ဟု မောင်တောမြို့ဒေသခံကပြောသည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၂၄ရက်ကလည်း မောင်တောမြို့နယ်၊ ကြိမ်ချောင်းနှင့် တောင်ပြိုကျေးရွာအကြားတွင် စေတနာ့ဝန်ထမ်းအမျိုးသမီး၊ စျေးဝယ်အမျိုးသမီး စုစုပေါင်း ၁၆ဦးလိုက်ပါလာသော ခရီးသည်တင်ယာဉ်တစ်စီးအား ARSAအဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ခဲ့သည်။

တိုက်ခိုက်မှုတွင် ARSAအဖွဲ့တွင် ၂၅ဦးခန့်ပါဝင်သည်ဟု ဆိုသည်။ အရပ်ဘက်ပြည်သူလူထုများအားတိုက်ခိုက်ခဲ့သော ARSAအကြမ်းဖက်အဖွဲ့အား လိုက်လံရှာဖွေလျက်ရှိသည်ဟုလည်း AAက ထုတ်ပြန်ထားသည်။

မောင်တောမြို့ကို ဒီဇင်ဘာ ၈ရက်တွင် AAက အပြီးသတ်တိုက်ခိုက်သိမ်းယူထားခြင်းဖြစ်သည်။ မောင်တောမြို့သိမ်းတိုက်ပွဲတွင် ARSA အပြင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့များသည် စစ်ကောင်စီဘက်မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု AAက ထုတ်ပြန်ခဲ့သည်။

မောင်တောမြို့ကိုသိမ်းယူထားသည့် AAကို တိုက်ခိုက်မည်ဟု ARSAအဖွဲ့က ကြွေးကျော်သည့် ရုပ်သံဖိုင်အချို့ လူမှုကွန်ရက်၌ထွက်ပေါ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

အတွေးအမြင်

ဇာတ်လမ်းရဲ့ အစမှာ ကိန်းဂဏန်းတွေ မြင်နေရပါတယ်။စစ်အုပ်စုကအခြေခံလူတန်းစားကို ဆင်းရဲတွင်းထဲ တွန်းပို့ထားတဲ့ နှစ်လုံးထီလောင်းကစားအတွက် ဒီဂဏန်းတွေကို အသုံးမချဖို့မေတ္တာရပ်ခံပါတယ်။ ခေတ်သစ်ကမ္ဘာမှာ သူရဲဘောအကြောင်ဆုံး စစ်ဆင်ရေးတစ်ခု မြန်မာနိုင်ငံမှာ ရှိနေတဲ့အကြောင်း သိစေလိုခြင်းဖြစ်ပါတယ်။

ရသစာတမ်းငယ်

ဂျိတ္တောဆိုတာ သံတွဲလေဆိပ်ကနေ ငပလီကမ်းခြေတလျှောက် လာလိုက်ရင် ငပလီကမ်းခြေရဲ့ အစွန်ဆုံး။ ဟိုးတုန်းကတော့ ဂျိတ္တောတံငါရွာလေးပေါ့။ နောက်ကျတော့ငပလီကိုမြို့သတ်မှတ်တဲ့အခါ ဂျိတ္တောရပ်ကွက်ဆိုပြီး ဖြစ်လာတယ်။တချို့က ရပ်ကွက်ဆိုတာကို သဘောကျကြတယ်။ တချို့က ရွာလို့ပဲ ဆက်ပြီး ခေါ်ချင်ကြတယ်။ "ဂျိတ္တောတံငါရွာလေး" လို့ ဆိုလိုက်ရင် နှလုံးသားကို ပိုပြီး နွေးထွေးစေတယ်လေ။

သတင်း

စစ်ကြာင်း​တွေတပ်ဆုတ်ပြေးနေရပြီး ​ဒေသအချို့မှာတိုက်စစ်က​နေ ခံစစ်ဖြစ်​နေ