Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမြို့နယ်၌ တစ်နှစ်အတွင်း ပြည်သူ ၇,၅၀၀ခန့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဟု ပကဖ ပြော

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် တော်လှန်ရေးရဲဘော်အချို့အပါအဝင် ပြည်သူ ၇,၅၀၀ခန့်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လောင်းလုံးမြို့နယ်ရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဥ်။ဓာတ်ပုံ - ပေးပို့

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် တော်လှန်ရေးရဲဘော်အချို့အပါအဝင် ပြည်သူ ၇,၅၀၀ခန့်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၂၄ ဇန်နဝါရီ ၁ရက်မှ ဒီဇင်ဘာ ၃၁ရက်အထိ ရဲဘော်နှင့် ပြည်သူ ၇,၄၅၃ဦးအား လောင်းလုံး ပကဖ Medical Teamမှ ကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“စစ်ဘေးရှောင်ရယ်၊ ပြည်သူရယ်၊ ရဲဘော်ရယ်ကို အဓိကထားပြီး ဆေးကုသမှုပေးပါတယ်။ နေမကောင်းတာ၊ ဖျားနာတာ၊ အစရှိသည်ဖြင့်ပေါ့။ တချို့တရွာလုံး အရေပြားရောဂါဖြစ်တာမျိုးတွေလည်း ပါတာပေါ့။ ကွင်းဆင်း ကုသပေးတာလည်းရှိတယ်”ဟု လောင်းလုံး ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မြို့နယ်တွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ် ငန်းများလုပ်ဆောင်ရာတွင် သွားလာရခက်ခဲပြီး ဆေးဘက်ဆိုင်ရာ ဆရာ၊ ဆရာမများရှိမနေသည့် ကျေးရွာများ၊ အရေးပေါ် ကုသမှုခံယူရမည့် ရောဂါများဖြစ်ပွားနေသည့်ရွာများ စသည့်ဒေသများသို့ သွားရောက်ကုသပေးနိုင်ခဲ့ကြောင်း ပကဖ လက်အောက်ခံ Medical Team တာဝန်ခံဆရာမက ရှင်းပြသည်။

ပြီးခဲ့သည့်နှစ်အတွင်း ပြည်သူများအဖြစ်များသည့် ရောဂါများမှာ ရေနာရောဂါနှင့် ငှက်ဖျားရောဂါတို့ဖြစ်ပြီး ရေနာရောဂါဖြစ်ပွားသည့်လူနာတစ်ဦးလျှင် အနည်းဆုံးနှစ်ပတ်မှ တစ်လခန့်အထိ ဆေးကုသပေးရကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် ငှက်ဖျားရောဂါမှာ စစ်အုပ်စုအာဏာမသိမ်းမီက မဖြစ်သလောက်အတွေ့ရနည်းခဲ့သော်လည်း ကြိုတင်ကာကွယ်ရေးနည်းလမ်းများမလုပ်ဆောင်နိုင်သည့် ယခုနောက်ပိုင်းလုပ်သားအင်အားများသည့်နေရာများ၌ အဖြစ်များသည်ကို တွေ့ရကြောင်း Medical Team တာဝန်ခံက ပြောသည်။

“Outbreak ရောဂါကတော့ ဒီနှစ်ထဲ ယားနာနဲ့ ငှက်ဖျား အဓိကတွေ့ရပါတယ်။ ငှက်ဖျားက တော့အရင်က တလရ မတိုင်ခင်ကပေါ့ လောင်းလုံးမြို့နယ်မှာ မရှိတော့ဘူးလို့ ဆိုရပါတယ်။ ခုက ပြန်ပေါ်လာတယ်ပေါ့နော်”ဟု ၎င်းက ရှင်းပြသည်။

လတ်တလောတွင် လိုအပ်သည့် ဆေးဝါးများသယ်ယူရာ၌ စစ်ကောင်စီဘက်မှ တားဆီးစစ်ဆေးဖမ်းဆီးမှုများကြောင့် အခက်အခဲရှိနေသော်လည်း NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန MOHs မှ CDM Network နှင့် ချိတ်ဆက်၍ ကျန်းမားရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေအောင်လုပ်ဆောင်လာနိုင်ကြောင်း လောင်းလုံးမြို့နယ်ပကဖက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒေါက်တာဇော်မြင့်မောင် ဆုံးပါးရဲ့အကြောင်းရင်း ဟာ အကျဉ်းထောင်ထဲမှာ ကင်ဆာရောဂါ နဲ့ကိုက်ညီတဲ့ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရတာကြောင့် ဖြစ်တယ်လို့ NUG အစိုးရက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သိမ်းပိုက်ထိန်းချုပ်ထားသည့် ဒေသများအတွင်း ဆေးရုံဆေးပေးခန်းမရှိသေးသည့် ကျေးရွာ၊ မြို့များမှ ပြည်သူများကို တစ်လလျင် အနည်းဆုံးတစ်ကြိမ် ကျန်းမာရေးစောင့်ရှောက်မှု ပေးသွားမည်ဖြစ်ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

သတင်း

ဆက်လက်၍ LLPDF အနေဖြင့် ပျူစောထီးစာရင်း၀င် သောင်းကျန်းသူများအား အလျဉ်း သင့်သလို တိုက်ခိုက်ရှင်းလင်းသွားမည်ဖြစ်ပြီး အသက်မဆုံးရှူံးလိုပါက လက်နက်နှင့်တ ကွ‌ လောင်းလုံး(ပကဖ)ထံ အလင်း၀င်ရောက်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

သတင်း

လောင်းလုံးမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်း စစ်ရေးဖော်ဆောင်မှု (၁၇)ကြိမ်ရှိခဲ့ပြီး ရန်သူစစ်ကောင်စီတပ်မှ (၂၆)ဦးသေဆုံးကာ ဗိုလ်ကြီးတစ်ဦးအပါအဝင်(၃၇)ဦး ထိခိုက်ဒဏ်ရာရကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) LLPDF က အသိပေး ထုတ်ပြန်ထားသည်။