Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမြို့နယ်၌ တစ်နှစ်အတွင်း ပြည်သူ ၇,၅၀၀ခန့် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဟု ပကဖ ပြော

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် တော်လှန်ရေးရဲဘော်အချို့အပါအဝင် ပြည်သူ ၇,၅၀၀ခန့်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လောင်းလုံးမြို့နယ်ရှိ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေစဥ်။ဓာတ်ပုံ - ပေးပို့

ကျော်ဇော/People’s Spring

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် တော်လှန်ရေးရဲဘော်အချို့အပါအဝင် ပြည်သူ ၇,၅၀၀ခန့်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

၂၀၂၄ ဇန်နဝါရီ ၁ရက်မှ ဒီဇင်ဘာ ၃၁ရက်အထိ ရဲဘော်နှင့် ပြည်သူ ၇,၄၅၃ဦးအား လောင်းလုံး ပကဖ Medical Teamမှ ကျန်းမာရေးစောင့်ရှောက်မှုများပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“စစ်ဘေးရှောင်ရယ်၊ ပြည်သူရယ်၊ ရဲဘော်ရယ်ကို အဓိကထားပြီး ဆေးကုသမှုပေးပါတယ်။ နေမကောင်းတာ၊ ဖျားနာတာ၊ အစရှိသည်ဖြင့်ပေါ့။ တချို့တရွာလုံး အရေပြားရောဂါဖြစ်တာမျိုးတွေလည်း ပါတာပေါ့။ ကွင်းဆင်း ကုသပေးတာလည်းရှိတယ်”ဟု လောင်းလုံး ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မြို့နယ်တွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ် ငန်းများလုပ်ဆောင်ရာတွင် သွားလာရခက်ခဲပြီး ဆေးဘက်ဆိုင်ရာ ဆရာ၊ ဆရာမများရှိမနေသည့် ကျေးရွာများ၊ အရေးပေါ် ကုသမှုခံယူရမည့် ရောဂါများဖြစ်ပွားနေသည့်ရွာများ စသည့်ဒေသများသို့ သွားရောက်ကုသပေးနိုင်ခဲ့ကြောင်း ပကဖ လက်အောက်ခံ Medical Team တာဝန်ခံဆရာမက ရှင်းပြသည်။

ပြီးခဲ့သည့်နှစ်အတွင်း ပြည်သူများအဖြစ်များသည့် ရောဂါများမှာ ရေနာရောဂါနှင့် ငှက်ဖျားရောဂါတို့ဖြစ်ပြီး ရေနာရောဂါဖြစ်ပွားသည့်လူနာတစ်ဦးလျှင် အနည်းဆုံးနှစ်ပတ်မှ တစ်လခန့်အထိ ဆေးကုသပေးရကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် ငှက်ဖျားရောဂါမှာ စစ်အုပ်စုအာဏာမသိမ်းမီက မဖြစ်သလောက်အတွေ့ရနည်းခဲ့သော်လည်း ကြိုတင်ကာကွယ်ရေးနည်းလမ်းများမလုပ်ဆောင်နိုင်သည့် ယခုနောက်ပိုင်းလုပ်သားအင်အားများသည့်နေရာများ၌ အဖြစ်များသည်ကို တွေ့ရကြောင်း Medical Team တာဝန်ခံက ပြောသည်။

“Outbreak ရောဂါကတော့ ဒီနှစ်ထဲ ယားနာနဲ့ ငှက်ဖျား အဓိကတွေ့ရပါတယ်။ ငှက်ဖျားက တော့အရင်က တလရ မတိုင်ခင်ကပေါ့ လောင်းလုံးမြို့နယ်မှာ မရှိတော့ဘူးလို့ ဆိုရပါတယ်။ ခုက ပြန်ပေါ်လာတယ်ပေါ့နော်”ဟု ၎င်းက ရှင်းပြသည်။

လတ်တလောတွင် လိုအပ်သည့် ဆေးဝါးများသယ်ယူရာ၌ စစ်ကောင်စီဘက်မှ တားဆီးစစ်ဆေးဖမ်းဆီးမှုများကြောင့် အခက်အခဲရှိနေသော်လည်း NUG အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန MOHs မှ CDM Network နှင့် ချိတ်ဆက်၍ ကျန်းမားရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေအောင်လုပ်ဆောင်လာနိုင်ကြောင်း လောင်းလုံးမြို့နယ်ပကဖက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်က စိုးမိုးနယ်မြေတွေမှာရှိတဲ့ လူနာပေါင်း ၂၀၀ကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေဟာ စစ်ဘေးရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်​ရှောက်မှု​ပေးတာ နဲ့ ရှေးဦးသူနာပြုစုနည်း သင်တန်းပေးတာတွေကို ဒီကနေ့ (မေ ၃)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ လေကြောင်းအန္တရာယ်အသိပေးတာနဲ့ စစ်ဘေးရှောင်တွေကို ကျန်းမာရေးစောင့်ရှောက်ပေးတာတဲ့ လှုပ်ရှားမှုတွေ ဒီကနေ့ (မတ်လ ၂၅) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်တပ်တကျော့ပြန် အာဏာသိမ်းထားတဲ့ ငါးနှစ်တာကာလအတွင်း နိုင်ငံတဝှမ်းက အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ဆေးဝါးကုသခွင့်မရလို့ ဆုံးပါးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၃၉ ဦး ရှိတယ်လို့ မြန်မာ့အကျဉ်းထောင် သက်သေ (MPW) က ဒီဇင်ဘာ၁၄ရက်မှာ ထုတ်ပြန်ပါတယ်။