Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့​တွေက စစ်ရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်​ရှောက်မှုပေး

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေဟာ စစ်ဘေးရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်​ရှောက်မှု​ပေးတာ နဲ့ ရှေးဦးသူနာပြုစုနည်း သင်တန်းပေးတာတွေကို ဒီကနေ့ (မေ ၃)မှာ ပြုလုပ်ခဲ့ပါတယ်။

မေ-၃၊၂၀၂၆။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေဟာ စစ်ဘေးရှောင်ပြည်သူတွေကို ကျန်းမာရေးစောင့်​ရှောက်မှု​ပေးတာ နဲ့ ရှေးဦးသူနာပြုစုနည်း သင်တန်းပေးတာတွေကို ဒီကနေ့ (မေ ၃)မှာ ပြုလုပ်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူတွေကို သပိတ်အင်အားစုမှ လူငယ်တွေက အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးတာ​တွေ ပြုလုပ်ပေးခဲ့ပါတယ်။

ဝက်လက်မြို့နယ်မှာလည်း လူထုတိုက်ပွဲဦးဆောင်ကော်မတီဝင်တွေက ဒေသခံပြည်သူတွေကို ရှေးဦးသူနာပြုစုနည်း အတတ်ပညာသင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြုံတွေ့တဲ့အခါ အသက်ဆုံးရှုံးမှုနည်းပါးစေဖို့ အရေးပေါ်အခြေအနေမှာ အသက်ကယ်ရှေးဦးသူနာပြုနည်းလမ်းတွေကို သိရှိစေဖို့ ရည်ရွယ်သင်ကြားခဲ့တာဖြစ်ကြောင်း ဝက်လက်မြို့နယ်သပိတ်ကော်မတီက ထုတ်ပြန်ပါတယ်။

ယင်းသင်တန်းကို ဝက်လက်မြို့နယ်ကျန်းမာရေးအဖွဲ့၊ ၀က်လက်မြို့နယ်ပညာရေးဘုတ်အဖွဲ့၊ တိုက်နယ်နဲ့ ရပ်ကျေး ပအဖ၊ ပကဖအဖွဲ့၀င်တို့မှ ပူပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ရှေးဦးသူနာပြုစုနည်းအတက်ပညာသင်တန်းကိုစိတ်ပါ၀င်စားပါက လူမှုကွန်ယက်မှတဆင့် ဆက်သွယ်နိုင်ကြောင်းလည်း ဝက်လက်မြို့နယ်လူထုတိုက်ပွဲဦးဆောင်ကော်မတီက အသိပေးဖော်ပြထားပါတယ်။

ဓာတ်ပုံ – ရွှေဘိုသပိတ်အင်အားစု၊ ဝက်လက်မြို့နယ်လူထုတိုက်ပွဲဦးဆောင်ကော်မတီ

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်အရှေ့ခြမ်းမှာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့ စစ်ဘေးရှောင်ပြည်သူ တစ်ထောင်ကျော်ဟာ စား၀တ်နေရေးအခက်တွေ့နေတယ်လို့ စစ်ရှောင်အရေးကူညီဆောင်ရွက်ပေးသူတချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ရွှေဘို၊ ပုလဲနဲ့ ဝက်လက်မြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အားပေးထောက်ခံတဲ့ လှုပ်ရှားမှုတွေကိုဒီကနေ့ (စက်တင်ဘာ ၂၇) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ ပညာရေး Volunteer ကျောင်းဆရာအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ မိတ္ထီလာနည်းပညာတက္ကသိုလ်ကျောင်းသားဟောင်း ကိုထက်ကျော် ကွယ်လွန်သွားကြောင်း သတင်းရရှိပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

Facebook