Connect with us

Hi, what are you looking for?

သတင်း

အမရပူရမှာ ပိုးထည်ဆိုင်ဖွင့်ပွဲ စမ်းရေမိုးတက် မယ်ဆိုပြီး စစ်တပ်က စစ်ကိုင်း-မန္တလေးလမ်းပိုင်း ယာယီပိတ်

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

(စမ်းရေမိုးဖွင့်လှစ်မယ့် ပိုးထည်ဆိုင်ဖွင့်ပွဲကို လုံခြုံရေးယူပေးနေသော စစ်အုပ်စုဝင်များအား တွေ့ရစဥ်။ ဓါတ်ပုံံ-File Video)

ဩဂုတ်-၇၊၂၀၂၆။ လီယို/People’s Spring

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ သြဂုတ် ၇ ရက် မနက်ပိုင်းက အမရပူရမြို့နယ်၊ စစ်ကိုင်း-မန္တလေးလမ်းပေါ်မှာရှိတဲ့ ရွှေယမင်းပိုးထည်တိုက်ဟာ ဇာတ်မင်းသားစမ်းရေမိုးကိုဖိတ်ပြီး ဆိုင်ဖွင့်ပွဲ ပြုလုပ်ခဲ့ကြောင်း မြို့ခံအချို့က ပြောပါတယ်။

အဲဒီဆိုင်ဖွင့်ပွဲရှိလို့ဆိုပြီး လက်နက်ကိုင် ပြည်သူ့စစ်တွေက အဓိကလမ်းမကြီးဖြစ်တဲ့ စစ်ကိုင်း-မန္တလေးလမ်းကို အင်အားအပြည့်နဲ့ လုံခြုံရေးယူကာ ယာဥ်ဖြတ်သန်းခွင့်မပြုတော့ဘဲ ပိတ်ဆို့လိုက်တာကြောင့် ခရီးသွားတွေ အခက်အခဲ ဖြစ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“လူကြီးလမ်းကြောင်းရှိလို့ ပိတ်တယ်ထင်နေတာ။ ကားတွေကော ဆိုင်ကယ်တွေရော အကုန်ပြန်ကွေ့ခိုင်းတယ်။ ရပ်ကွက်ကြိုရပ်ကွက်ကြားတွေက အကုန်ပတ်သွားရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကိုင်း-မန္တလေးလမ်းဟာ စစ်ကိုင်းတိုင်းနဲ့ မန္တလေးမြို့ကို ကူးသန်းသွားလာသူတွေအတွက် အဓိက ကျတဲ့ လမ်းမကြီးတစ်ခုဖြစ်ပြီး မနက်ခင်း အလုပ်သွားချိန်ဖြစ်တာကြောင့် ယာ​ဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။