Connect with us

Hi, what are you looking for?

သတင်း

ကျောက်ဂူဒေသတွင် တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီ လက်နက်ကြီးရမ်းပစ်၍ ပြည်သူအချို့ထိခိုက်ဟု DPLA အသိပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နှင့် စစ် ကောင်စီတပ်တို့အကြားတိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း DPLAက ယနေ့ (ဇန်နဝါရီ ၁၆ရက်)တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်များပျက်စီးနေစဉ်။ ဓာတ်ပုံ - DPLA

ဟန်နွေ၊ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ် ကျောက်ဂူဒေသတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နှင့် စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း DPLAက ယနေ့ (ဇန်နဝါရီ ၁၆ရက်)တွင် သတင်းထုတ်ပြန်သည်။

ကျောက်ဂူဒေသတွင် စစ်ကောင်စီ၏စစ်အင်အားဖြည့်တင်းမှုများကြောင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်၍ အရပ်သားထိခိုက်မှု ရှိခဲ့ကြောင်း DPLAက အသိပေးထားသည်။

တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု နှင့် တိုက်ပွဲဖြစ်ပွားမှု အသေးစိတ် အချက်အလက် များ အတိအကျ မသိရသေးဟု DPLA ပြောရေးဆိုခွင့်ရှိသူ ကိုအမောင်က ပြောသည်။

Public Service Announcement

Public Service Announcement

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)မှ ရဲဘော်များ။ ဓာတ်ပုံ – DPLA

ဇန်နဝါရီ ၁၄ရက် နံနက်ပိုင်းတွင် ကျောက်ဂူတိုက်နယ်အတွင်း ၂နာရီအကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်(၂)လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း DPLAက ထုတ်ပြန်သည်။

ထို့ပြင် ဇန်နဝါရီ ၁၅ရက်တွင်လည်း စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ရွာသားတစ်ယောက် လက်နက်ကြီးစမှန်ပြီး ဒဏ်ရာရရှိခဲ့ဟု ဖော်ပြသည်။

စစ်ကောင်စီသည် စစ်ရေးပစ်မှတ်မဟုတ်သော ပြည်သူလူထုနေထိုင်ရာ ကျေးရွာများကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိရာ ခဲကြားရွာတွင်းသို့လည်းကောင်း၊ ဖက်ရင်းကုန်းရွာတွင်းလည်းကောင်း လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး အဆောက်အဦးပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ကျောက်ဂူဒေသသည် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့ ကြားတွင်တည်ရှိသည်။

ထို့အပြင် တိုက်ပွဲပြင်းထန်နေသည့် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာနှင့်လည်း ကျောက်ဂူတိုက်နယ်သည် မိုင်(၃၀)ခန့်သာကွာဝေပြီး ရပ်စောက် -ကျောက်ဂူလမ်းပိုင်းသည် တောင်းခမ်းရွာဘက်သို့ သွားရောက်နိုင်သည်။

ကျောက်ဂူဒေသတွင် စစ်ကောင်စီ၏အမြောက် တပ်(အမတ − ၃၄၉)အခြေစိုက်ထားပြီး ဗထူးမြို့မှ တိရစ္ဆာန်မွေးမြူရေးနှင့်လေ့ကျင့်ရေးတပ်ရင်း၊ ခြေလျင်တပ်ရင်း ခလရ (၂၉၂)တပ်ရင်းနှင့် ​ဗိုလ်သင်တန်းကျောင်း(ဗထူး)တပ်မှ စစ်ကူလွှတ်ထားရကြောင်း တိုက်ပွဲများတွင် ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားများက ထွက်ဆိုထားသည်။

ယခင်နှစ် နိုဝင်ဘာ ၃၀ရက်မှ ဒီဇင်ဘာ ၉ရက် အထိ တိုက်ပွဲ ၁၀ရက်တာအတွင်း စစ်ကောင်စီတပ်မှ ၅၀ဦးကျော် သေဆုံးကာ ဒဏ်ရာရသူများ ရှိကြောင်း DPLFက ထုတ်ပြန်ထားသည်။

DPLAသည် ၁၀၂၇ စစ်ဆင်ရေးကာလတွင် မဟာမိတ်တအာင်းတပ်မတော်(TNLA)နှင့်အတူ စစ်ကောင်စီကိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကျောက်ဂူဒေသ၊နောင်ချိုမြို့နယ် တောင်းခမ်းဒေသများ၌လည်း စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။