Connect with us

Hi, what are you looking for?

သတင်း

ပြင်ဦးလွင်မှာ လုယက်မှုနဲ့ ဆိုင်ကယ်ခိုးယူမှုတွေဆက်တိုက်ဖြစ်နေပြီး တရားခံမပေါ်

စစ်တပ်မြို့တော်လို့ပြောကြတဲ့ ပြင်ဦးလွင်မြို့မှာ ယခုလအတွင်း လုယက်မှုနဲ့ ဆိုင်ကယ်ခိုးယူမှုတွေဆက်တိုက်ဖြစ်နေပြီး တရားခံပေါ်တဲ့ အမှုမရှိသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

ပြင်ဦးလွင်မြို့​၏အလှ နာရီစင်အား မြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မေ/People’s Spring

စစ်တပ်မြို့တော်လို့ပြောကြတဲ့ ပြင်ဦးလွင်မြို့မှာ ယခုလအတွင်း လုယက်မှုနဲ့ ဆိုင်ကယ်ခိုးယူမှုတွေဆက်တိုက်ဖြစ်နေပြီး တရားခံပေါ်တဲ့ အမှုမရှိသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။

စစ်တက္ကသိုလ်အပါအဝင် စစ်တပ်အများအပြားရှိတဲ့ ပြင်ဦးလွင်မြို့မှာ ယခုလ ဇန်နဝါရီအတွင်းနေ့ခင်းကြောင်တောင်မှာ လုယက်မှုတွေ၊ဆိုင်ကယ်ခိုးယူမှုတွေ ဆက်တိုက်ဖြစ်​နေတာလို့မြို့ခံတွေက ပြောပါတယ်။

“ဆိုင်ကယ်လုတဲ့အဖွဲ့ဆို ၆ယောက်အဖွဲ့ဆိုပြီးတော့ကို နာမည်ကြီးနေတာ။ဒီမြို့ကျဥ်းကျဥ်းလေးကို ဘယ်စစ်သားမှ မဖမ်းနိုင်ဘူး။သူတို့မလုသွားတာတောင်ကျေးဇူးတင်နေအုံးမယ် “လို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မနေ့ကနေ့လယ်ပိုင်းမှာလည်း လူစည်ကားရာပြင်ဦးလွင်ကန်ဘောင်မှာ အမျိုးသမီးတစ်ဦးပိုက်ဆံအိတ်နဲ့ဖုန်းကို လူငယ်အမျိုးသားနှစ်ဦးကလုယက်သွားတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ အထက်တန်းကျောင်းသားတစ်ဦးကို လူ၆ဦးက ဝိုင်းရိုက်ကာ ဆိုင်ကယ်လုယူသွားသေးတယ်လို့မြို့ခံတွေက ပြောပါတယ်။

ဒီဇင်ဘာလကတည်းက ကျင်းပနေတဲ့ပန်းပွဲတော်ကို ယခုလအထိစစ်တပ်က ရက်တိုးမြှင့်ကျင်းပနေပြီး အဲဲဒီပွဲတော်အတွက် လုံခြုံရေးတွေချထားချိန်မှာပါ လုယက်မှုတွေ ဆက်တိုက် ဖြစ်နေတာလို့မြို့ခံတွေက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းအပြီးနောက်ပိုင်းမှာ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ လူသတ်ဓားပြတိုက်၊ လုယက်မှုတွေ ဆက်တိုက်ဖြစ်နေပြီး တရားခံကို ဖမ်းမိတာ နည်းပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ကနေ ရှမ်းမြောက် နောင်ချိုမြို့နယ်က ဂုတ်ထိပ်တံတားနဲ့ ကူးသန်းတဲ့ ရထား လမ်းချော်ပြီး တိမ်းစောင်းခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေး-ပြင်ဦးလွင်လမ်းမှာ အစီးရေရာချီတဲ့ ဆိုင်ကယ်ဘီးကြီးအုပ်စုလိုက်မောင်းနှင်တဲ့ပွဲကြောင့် ယာဥ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားခဲ့လို့ ဝေဖန်ခံနေရပါတယ်။

သတင်း

မန္တလေးတိုင်း ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ်ရှေ့မှာ တော်လှန်ပြည်သူတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုကို ဒီကနေ့ (ဇွန် ၁၉) မှာ ဖော်ဆောင်ခဲ့ပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။