Connect with us

Hi, what are you looking for?

သတင်း

တစ်နိုင်ငံလုံး စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေး ဒေသစွဲစိတ်ဖျောက်၍ တိုက်ပွဲဝင်ကြရန် ယာယီသမ္မတ တိုက်တွန်း

စစ်ကောင်စီတပ်ဖွဲ့ဝင် အလုံးအရင်း ပြည်သူ့ဘက်ပါဝင်လာရေး တွန်းတွန်းတိုက်တိုက် ကြိုးစားရန် လိုအပ်ဟု ပြော

ဟန်နွေ/People’s Spring

တစ်နိုင်ငံလုံး၊ တစ်ပြည်လုံး စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေးအတွက် ဒေသစွဲစိတ်ကို ဖျောက်ပြီး တစ်နိုင်ငံလုံးအရေးအတွက် မည်သည့်နေရာဒေသ၌မဆို တော်လှန်ရေးတာဝန်များ ထမ်းဆောင်ရန် အသင့်ရှိနေစေချင်ကြောင်း အမျိုသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားသည်။

ယနေ့ (ဇန်နဝါရီ၂၁ရက်)ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေး မိန့်ခွန်း၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တော်လှန်ရေးရဲဘော်တွေအနေနဲ့လည်း နိုင်ငံရဲ့ ဘယ်နေရာ ဘယ်ဒေသမှာမဆို ကာကွယ်ရေး တာဝန်တွေကို အသင့် ထမ်းဆောင်နိုင်စေဖို့ ကြိုးစားစေချင်ပါတယ်။ကျွန်တော်တို့ လက်ရှိ ဆင်နွှဲနေတဲ့ တော်လှန်ရေးဟာ ခုခံတော်လှန်စစ်ဖြစ်သလို၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးဖြစ်တယ်။ ဒေသစွဲစိတ်နဲ့ ကိုယ့်နေရာ ကွက်ကွက်လေးကိုပဲ ကာထားရုံနဲ့ ကျေနပ်တင်းတိမ်ရမယ့် အခြေအနေ မဟုတ်ဘူးဆိုတာ နားလည်ဖို့ လိုပါတယ်။ ဒါ့ကြောင့် တစ်နိုင်ငံလုံး၊ တစ်ပြည်လုံး စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေးအတွက် မိမိတို့ ဒေသစွဲစိတ်ကို ဖျောက်ပြီး၊ တစ်နိုင်ငံလုံးအရေးအတွက် ဘယ်နေရာဒေသမှာ မဆို တော်လှန်ရေးတာဝန်တွေ ထမ်းဆောင်နိုင်ဖို့ အမြဲ အသင့်ရှိနေစေချင်ပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက် စစ်အုပ်စုကို ဖြိုချရာတွင် စစ်ရေးကဏ္ဍသည် အဓိက အရေးကြီးသည်ကို အားလုံးသိပြီးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“လက်ရှိ အချိန်ဟာ မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက် စစ်တပ်ရဲ့ အင်အား အချိနဲ့ဆုံး အချိန်ဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုလက်အောက်က တပ်မတော် စစ်သားတွေ အမြင်မှန် ရရှိရေးနဲ့ ပြည်သူ့ဘက်ကို အလုံးအရင်းနဲ့ ပါဝင်လာစေရေးကို ကျွန်တော်တို့ဟာ တွန်းတွန်းတိုက်တိုက် ဆက်လက် ကြိုးစားနေဖို့ လိုပါတယ်။ စစ်ဆိုတာမှာ တိုက်လို့ နိုင်တယ်ဆိုတာထက် မတိုက်ဘဲ နိုင်အောင်လုပ်နိုင်တာဟာ အကောင်းဆုံးသော မဟာဗျူဟာ ဖြစ်တယ်လို့ ပြောစမှတ်ရှိပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

တစ်ဖက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ အမိန့်ပေးကွပ်ကဲမှု အောက်ရှိ PDFများနှင့် တော်လှန်ရေး တပ်ဖွဲ့များကို ညီညွတ်အောင် ဆက်လက်တည်ဆောက်နေရန်လိုအပ်သည်ဟု ပြောကြားသည်။

“လက်နက်ကိုင် တော်လှန်ရေးဟာ တစ်ယောက်တစ်ပေါက်ဖြစ်နေလို့ မရဘူးလို့ ပြောချင်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့လည်း စုစည်းညီညွတ်မှုဆိုတာကို နိုင်ငံရေးအရ တည်ဆောက်မှုအပြင် စစ်ရေးအရ လက်တွေ့ကျကျ တည်ဆောက်နိုင်အောင် ဆက်လက်ကြိုးစားဖို့ တိုက်တွန်းချင်ပါတယ်” ဟု ယာယီသမ္မတက ပြောသည်။

ထို့ပြင် စစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲ ကျင်းပပြီး နိုင်ငံရေးထွက်ပေါက်ယူရန် ကြိုးပမ်းနေမှုကို အာဆီယံ ခေါင်းဆောင်များ ကောင်းစွာ သိရှိပြီးဖြစ်သည်ဟုယူဆကြောင်း၊ စစ်ကောင်စီ၏ ရွေးကောက်ပွဲသည် အဖြေကောင်းမဟုတ်ဘဲ နိုင်ငံ့ငြိမ်းချမ်းရေးက အခရာဖြစ်ကြောင်း အာဆီယံ၏ တိုက်တွန်းချက်ကို ကြိုဆိုကြောင်း ယာယီသမ္မတကပြောသည်။

စစ်တပ်နိုင်ငံရေးမှ ပါဝင်မှု အဆုံးသတ်စေရန်နှင့်ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် တည်ဆောက်ရေး အတွက် လူထုအစိုးရသစ်တစ်ရပ် ပေါ်ပေါက်ရေးအတွက် လိုလားထက်သန်ကြောင်း ယာယီသမ္မတက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ မြန်မာ့ဒီမိုကရေစီအရေးဆောင်ရွက်သူတွေက စုပေါင်းပြီး မြန်မာစစ်အာဏာရှင်ကို အသိအမှတ်ပြုဆက်ဆံတာမျိုးမလုပ်ဖို့ ထိုင်းအစိုးရကို တောင်းဆိုတဲ့ ဆန္ဒပြပွဲကို ဇူလိုင် ၃၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

SCEFရဲ့ရည်မှန်းချက်ဟာ နိုင်ငံရေးပုံမှန်ပြန်လည်တည်ဆောက်ရေးမဟုတ်၊ စစ်တပ်အာဏာလွှမ်းမိုးမှုကို အဆုံးသတ်၊ ပဋိပက္ခ ဖြစ်စေတဲ့အရင်းခံတွေဖြေရှင်းဖို့ ဖြစ်ကြောင်းအသိပေး

သတင်း

စစ်အာဏာရှင်တွေကို အခါတော်ပေးခဲ့သူ ဒေါက်တာဖေဉာဏ် အသတ်ခံရမှုအတွက် အရပ်သားတွေကို ရိုက်နှက်စစ်ဆေးနေတဲ့ စစ်တပ်နဲ့ရဲက ပန်းရံလုပ်သား လေးဦးကို တရားခံအဖြစ် ခေါင်းစဉ်တပ် ဖမ်းဆီးလိုက်တယ်လို့ မှော်ဘီမြို့ခံတွေကပြောပါတယ်။

သတင်း

ဆဲဗင်းဂျူလိုင် စိတ်ဓာတ်နဲ့ စစ်အာဏာရှင်စနစ်ကို ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)က သဘောထားကြေညာချက် ထုတ်ပြန်ပါတယ်။