Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲမြို့ ညဈေးနေရာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ ညဈေးနေရာအား စစ်ကောင်စီက ယနေ့(ဇန်နဝါရီ ၂၇ရက်) နေ့လယ် ၂နာရီ ၁၅မိနစ်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ကျောက်မဲ​ဆေးရုံကို စစ်​ကောင်စီက ဗုံးကြဲတိုက်ခိုက်မှု​ကြောင့် အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ- TNLA

ကဖေး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ရှိ ညဈေးနေရာအား စစ်ကောင်စီက ယနေ့(ဇန်နဝါရီ ၂၇ရက်) နေ့လယ် ၂နာရီ ၁၅မိနစ်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ကျောက်မဲမြို့ရှိ ညဈေးနေရာအား ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး လူထိခိုက်မှုရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။

” နောက်ထပ် ဂျက်ပျံသံကြားလို့ ဘယ်သူမှမထွက်ရဲဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အခြားဒေသခံတစ်ဦးကလည်း ” မြို့တော်ခန်းမနားလည်း ချသွားတယ်တဲ့။ နှစ်လုံး။ ပေါက်ကွဲသံ နှစ်ချက်အကျယ်ကြီးကျရတယ်”ဟု ပြောသည်။

ကျောက်မဲမြို့ ညစျေးတန်းနှင့် ခရိုင်ရုံးပေါ်တွင် စစ်ကောင်တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး (၁)လုံး ထပ်မံ လာရောက်ကြဲချတိုက်ခိုက်ခဲ့ပါသည်ဟု TNLAက ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ဇန်နဝါရီ ၂၅ရက် နေ့လယ်ကလည်းလည်း ကျောက်မဲဆေးရုံကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ကျန်းမာရေးဝန်ထမ်းတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ၂၀ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

ကျောက်မဲ ပြည်သူ့ဆေးရုံတစ်ခုလုံးလည်း ပျက်စီးသွားခဲ့သည်ဟု TNLAက ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် တအာင်းဒေသအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများဦးတည်ကာ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေပြီး ယခု ဇန်နဝါရီအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူငါးဦး သေဆုံးကာ ၃၀ကျော် ဒဏ်ရာရခဲ့သည်ဟု TNLAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook