Connect with us

Hi, what are you looking for?

သတင်း

လပခ လုံခြုံ​ရေး​ကြောင့်ဆိုပြီး မန္တ​လေးမြို့လယ်မှာအထပ်မြင့်တိုက်​ဆောက်ခွင့် စစ်​ကောင်စီတားမြစ်

မန္တ​လေးနန်းတွင်းထဲကအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)လုံခြုံရေးအတွက် မန္တလေးမြို့လယ်ခေါင်ကို စစ်တပ်အမိန့်နဲ့အထပ်မြင့်အဆောက်အဦးဆောက်လုပ်ခွင့်ကန့်သတ်ထားတယ်လို့ ဆောက်လုပ်​ရေးလုပ်ငန်း​​တွေဆီကစုံစမ်းသိရပါတယ်။

ရှိန်း / People’s Spring

မန္တ​လေးနန်းတွင်းထဲက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) လုံခြုံရေးအတွက် မန္တလေးမြို့လယ်ခေါင်ကို စစ်တပ်အမိန့်နဲ့ အထပ်မြင့်အဆောက်အဦးဆောက်လုပ်ခွင့် ကန့်သတ်ထားတယ်လို့ ဆောက်လုပ်​ရေးလုပ်ငန်း​​တွေဆီကစုံစမ်းသိရပါတယ်။

မန္တလေးနန်းတွင်းရဲ့အရှေ့ဘက် ၆၆လမ်းကနေ ၅၆လမ်းအထိ၊အနောက်ဘက်လမ်း၈၀ကနေ လမ်း၉၀အထိ၊တောင်ဘက် ၂၆လမ်းကနေ ၃၅ လမ်းအထိ၊ မြောက်ဘက် ၁၂ လမ်းကနေ ၅ လမ်းအထိ အထပ်မြင့်တိုက်​ဆောက်လုပ်ခွင့်ကန့်သတ်ထားတာပါ။

မန္တ​လေးကျုံးအနီးဝန်းကျင်ကို Google Earth မှာ​တွေ့ရပုံ

မန္တလေးမြို့ရဲ့လမ်းတွေဟာ မြောက်ဘက်မြို့အဝင်ကို ၁ လမ်းအဖြစ်သတ်မှတ်ပြီးတောင်ဘက်ကို အစဥ်လိုက်နံပါတ်စဥ်ကြီးသွားတာပါ။

Public Service Announcement

Public Service Announcement

အလားတူ မြို့အရှေ့ဘက်မှာလည်း မြို့ပတ်လမ်း၊၅၁လမ်းကနေ အနောက်(ဧရာဝတီမြစ်ဘက်)ကို ၅၂၊၅၃အလိုက် နံပါတ်စဥ်ကြီးသွားတာပါ။

လက်ရှိအထပ်မြင့်အဆောက်အဦး ဆောက်လုပ်ခွင့်ပိတ်လိုက်တဲ့ လမ်းနံပါတ်တွေကိုကြည့်မယ်ဆိုရင် မြို့ရဲ့အဓိကအချက်အချာကျတဲ့နေရာတွေအားလုံးကို ပိတ်ထားတာဖြစ်ပြီး ကျုံးအရှေ့ဘက်နဲ့အနောက်ဘက်ဆိုရင် မြို့ပတ်လမ်းဘေးတွေသာ အဆောက်အဦးဆောက်လုပ်ခွင့်ရတော့မှာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လူထုနွေဦးက ဒီလုပ်ငန်းစဥ်ကို သိတဲ့ ရင်းမြစ်​တဦးဆီ ​​မေးကြည့်တဲ့အခါ

“ဟုတ်တယ်။ဘယ်နေ့အထိပိတ်မယ်မသိဘူး “လို့​ပြောပါတယ်။

၂၀၂၄ခုနှစ်အတွင်း မန္တလေးနန်းတွင်း ရှော့တိုက်ဒုံးနဲ့အကြိမ်ကြိမ်ပစ်ခတ်ခံခဲ့ရပြီး နောက်ဆုံးအကြိမ်ကတော့ စက်တင်ဘာလက ပစ်ခတ်ခံခဲ့ရတာပါ။

အဲဒီနောက်ပိုင်း တနေ့ကို ၅ကြိမ်လောက်အထိ နေ့ရော၊ညပါ မန္တလေးကျုံးဘေးပတ်လည်လူနေရပ်ကွက်တွေကို ကင်းထောက်လေယာဥ်နဲ့ စစ်ဆေးတာတွေရှိတယ်လို့မြို့ခံတွေကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံ တွေကပြောပါတယ်။