Connect with us

Hi, what are you looking for?

သတင်း

လပခ လုံခြုံ​ရေး​ကြောင့်ဆိုပြီး မန္တ​လေးမြို့လယ်မှာအထပ်မြင့်တိုက်​ဆောက်ခွင့် စစ်​ကောင်စီတားမြစ်

မန္တ​လေးနန်းတွင်းထဲကအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)လုံခြုံရေးအတွက် မန္တလေးမြို့လယ်ခေါင်ကို စစ်တပ်အမိန့်နဲ့အထပ်မြင့်အဆောက်အဦးဆောက်လုပ်ခွင့်ကန့်သတ်ထားတယ်လို့ ဆောက်လုပ်​ရေးလုပ်ငန်း​​တွေဆီကစုံစမ်းသိရပါတယ်။

ရှိန်း / People’s Spring

မန္တ​လေးနန်းတွင်းထဲက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) လုံခြုံရေးအတွက် မန္တလေးမြို့လယ်ခေါင်ကို စစ်တပ်အမိန့်နဲ့ အထပ်မြင့်အဆောက်အဦးဆောက်လုပ်ခွင့် ကန့်သတ်ထားတယ်လို့ ဆောက်လုပ်​ရေးလုပ်ငန်း​​တွေဆီကစုံစမ်းသိရပါတယ်။

မန္တလေးနန်းတွင်းရဲ့အရှေ့ဘက် ၆၆လမ်းကနေ ၅၆လမ်းအထိ၊အနောက်ဘက်လမ်း၈၀ကနေ လမ်း၉၀အထိ၊တောင်ဘက် ၂၆လမ်းကနေ ၃၅ လမ်းအထိ၊ မြောက်ဘက် ၁၂ လမ်းကနေ ၅ လမ်းအထိ အထပ်မြင့်တိုက်​ဆောက်လုပ်ခွင့်ကန့်သတ်ထားတာပါ။

မန္တ​လေးကျုံးအနီးဝန်းကျင်ကို Google Earth မှာ​တွေ့ရပုံ

မန္တလေးမြို့ရဲ့လမ်းတွေဟာ မြောက်ဘက်မြို့အဝင်ကို ၁ လမ်းအဖြစ်သတ်မှတ်ပြီးတောင်ဘက်ကို အစဥ်လိုက်နံပါတ်စဥ်ကြီးသွားတာပါ။

Public Service Announcement

Public Service Announcement

အလားတူ မြို့အရှေ့ဘက်မှာလည်း မြို့ပတ်လမ်း၊၅၁လမ်းကနေ အနောက်(ဧရာဝတီမြစ်ဘက်)ကို ၅၂၊၅၃အလိုက် နံပါတ်စဥ်ကြီးသွားတာပါ။

လက်ရှိအထပ်မြင့်အဆောက်အဦး ဆောက်လုပ်ခွင့်ပိတ်လိုက်တဲ့ လမ်းနံပါတ်တွေကိုကြည့်မယ်ဆိုရင် မြို့ရဲ့အဓိကအချက်အချာကျတဲ့နေရာတွေအားလုံးကို ပိတ်ထားတာဖြစ်ပြီး ကျုံးအရှေ့ဘက်နဲ့အနောက်ဘက်ဆိုရင် မြို့ပတ်လမ်းဘေးတွေသာ အဆောက်အဦးဆောက်လုပ်ခွင့်ရတော့မှာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး လူထုနွေဦးက ဒီလုပ်ငန်းစဥ်ကို သိတဲ့ ရင်းမြစ်​တဦးဆီ ​​မေးကြည့်တဲ့အခါ

“ဟုတ်တယ်။ဘယ်နေ့အထိပိတ်မယ်မသိဘူး “လို့​ပြောပါတယ်။

၂၀၂၄ခုနှစ်အတွင်း မန္တလေးနန်းတွင်း ရှော့တိုက်ဒုံးနဲ့အကြိမ်ကြိမ်ပစ်ခတ်ခံခဲ့ရပြီး နောက်ဆုံးအကြိမ်ကတော့ စက်တင်ဘာလက ပစ်ခတ်ခံခဲ့ရတာပါ။

အဲဒီနောက်ပိုင်း တနေ့ကို ၅ကြိမ်လောက်အထိ နေ့ရော၊ညပါ မန္တလေးကျုံးဘေးပတ်လည်လူနေရပ်ကွက်တွေကို ကင်းထောက်လေယာဥ်နဲ့ စစ်ဆေးတာတွေရှိတယ်လို့မြို့ခံတွေကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) (MDY-PDF) နှင့် အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (မန္တလေး) (AFCC-Mdy) တို့၏ ပူးတွဲသတင်းထုတ်ပြန်ချက်ကိုထုတ်ပြန်ခဲ့ရာ ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သော AFCC-Mdy အဖွဲ့ဝင်တစ်ဦးနှင့် MDY PDF နယ်မြေခံ ရဲဘော်များအကြား ပဋိပက္ခကိုဥပဒေနည်းလမ်းတကျဖြေရှင်းနိုင်ရန် ကြိုးပမ်းနေကြောင်း ဖော်ပြခဲ့သည်။

သတင်း

People’s Spring စစ်မှုထမ်းဖို့အတွက်ပေါ်တာဆွဲရန်မန္တလေးတိုင်းမှာ စစ်​ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)အပါအဝင် အဖွဲ့စုံဖွဲ့ထား ပြီး​တော့အသက်မပြည့်တဲ့လူငယ်တွေကိုပါ အသက်ပြည့်မှတ်ပုံတင်တွေထုတ်ကာ တခါထဲဖမ်းဆီးသွားမယ်လို့ နီးစပ်သူတွေဆီကသိရပါတယ်။ စစ်သားလိုအပ်ချက်အရ လူငယ်​တွေကို အဓမ္မဖမ်းဆီး စစ်သားသစ်စု​ဆောင်း​နေတဲ့ညစစ်​ကောင်စီဟာ အခုအခါ မန္တ​လေးတိုင်းမှာ လူငယ်​တွေကို​ပေါ်တာဆွဲဖမ်းဆီး​ခေါ်​ဆောင်ဖို့အတွက် လဝက၊​ထွေအုပ်၊အကျဥ်းဦးစီး၊ရဲနဲ့စစ်သားတွေပူးပေါင်းအဖွဲ့ ဖွဲ့စည်းထားတယ်လို့သိရပါတယ်။ “အဖွဲ့စုံဖွဲ့တာတော့ကြာပြီ။မြို့ပေါ်မှာမလုပ်ဖြစ်သေးတာ။တံတားဦးဘက်မှာတော့ အပတ်စဥ် ၆ လောက်ကတည်းကလုပ်နေတယ်”လို့ စစ်ကောင်စီနဲ့နီးစပ်သူတဦးကပြောပါတယ်။စစ်မှုထမ်းဖို့ပေါ်တာဆွဲဖမ်းဆီးချိန်မှာ...

သတင်း

မန္တလေးမြို့ကပန်းလှိုင်ဆေးရုံအပါအဝင် နာမည်ရ ပုဂ္ဂလိက ဆေးရုံ ၇ ရုံကို စစ်​ကောင်စီကပိတ်သိမ်းခိုင်းလိုက်တယ်လို့ ကျန်းမာရေးဝန်ထမ်းတွေက​ပြောပါတယ်။

သတင်း

မန္တလေးကစစ်မှုထမ်းသင်တန်းဆင်းတွေ ရာဂဏန်းလောက်ကို မတ္တရာမြို့နယ်၊ထီးတော်မိုးတပ်သားစုဆောင်းရေးထဲကိုပို့ဆောင်ထားပြီး စစ်တပ်က မတ္တရာမြို့နယ်အရှေ့ခြမ်းကိုစစ်ကြောင်းတွေထိုးလာနိုင်တယ်လို့ မတ္တရာမြို့နယ်က ​တော်လှန်ရေးတပ်တွေနဲ့ ​ဒေသခံတချို့က​ပြောပါတယ်။