Connect with us

Hi, what are you looking for?

သတင်း

မဲပလီဗျူဟာစခန်းက​ဟောင်ဝစ်ဇာ အ​ကောင်းအတိုင်းရ

စစ်ကောင်စီတပ်ရဲ့ မဲပလီဗျူဟာစခန်းက ဟောင်ဝစ်ဇာအမြောက်ကို အ​ကောင်းအတိုင်းရခဲ့ပြီသယ်ယူလာတဲ့ ရုပ်သံမှတ်တမ်းကို BPLA ကွပ်ကဲ​ရေးမှူး​ ​မောင်​ဆောင်းခက ​ဖေ​ဖော်ဝါရီ ၂ရက်ညက ​ဖေစ်ဘွခ်လူမှုကွန်ယက်မှာ မျှ​ဝေခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ မဲပလီဗျူဟာစခန်းက ဟောင်ဝစ်ဇာအမြောက်ကို အ​ကောင်းအတိုင်းရခဲ့ပြီသယ်ယူလာတဲ့ ရုပ်သံမှတ်တမ်းကို BPLA ကွပ်ကဲ​ရေးမှူး​ ​မောင်​ဆောင်းခက ​ဖေ​ဖော်ဝါရီ ၂ရက်ညက ​ဖေစ်ဘွခ်လူမှုကွန်ယက်မှာ မျှ​ဝေခဲ့ပါတယ်။

​ဟောင်ဝစ်ဇာ အ​မြောက်ကို ကရိန်ကားနဲ့သယ်လာတဲ့ ၅ စက္ကန့်ကြာရုပ်သံဖိုင်​လေးနဲ့ “ဒီတစ်ခါ​တော့ အ​ကောင်းတိုင်းရခဲ့ပါရဲ့ ” လို့ ​မောင်​ဆောင်းခက​ရေးသားထားပါတယ်။​ဟောင်ဝစ်ဇာအပြင် လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ခဲယမ်းတွေအများအပြားသိမ်းရရှိခဲ့ပါတယ်။ မဲပလီဗျူဟာစခန်းကိုကရင်အမျိုးသာလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ကဖေဖော်ဝါရီ ၁ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ခဲ့ပါတယ်။ မဲပလီ စခန်းသိမ်းတိုက်ပွဲက စစ်သုံ့ပန်း ၂၅ ​ဦးကိုဖမ်းဆီးရရှိတာကိုလည်းKNLA တပ်မဟာ -၁ထုတ်ပြန်တဲ့သတင်းဓါတ်ပုံမှာ​တွေ့ရပါတယ်။မဲပလီ စခန်းသိမ်းစစ်ဆင်ရေးမှာKNLA၊ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ BPLAနဲ့ FFD မဟာမိတ်ပူးပေါင်းတပ်တွေ အတူတကွ စစ်ကောင်စီကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ရုပ်သံ-​မောင်း​​ဆောင်းခ

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တည်ထောင်ခြင်းနှစ်ပတ်လည်နေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့ပြီး BPLAဟာ အားကိုးထိုက်တဲ့ တပ်တော်တခု အဖြစ် ဝင့်ထည်စွာ ရပ်တည်နိုင်ခဲ့ပြီလို့ ဖော်ပြထားပါတယ်။

သတင်း

ပဲခူးတိုင်း၊ပန်းတောင်းမြို့နယ်မှာရှိတဲ့ အမှတ်(၁၆)ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံ(ကပစ-၁၆)အနီးနဲ့ ပန်းတောင်းနယ်မြေစစ်ဆင်ရေးတွေမှာအာရက္ခတပ်တော်(AA)နဲ့အတူပူးပေါင်းတိုက်ခိုက်နေတယ်လို့ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က သတင်းထုတ်ပြန်ပါတယ်။

မေးမြန်းခန်း

မောင်ဆောင်းခ – အထူးသဖြင့်တော့ ကျနော်တို့က လက်နက်ကိုင်တော်လှန်ရေးကို အစောပိုင်းကတည်းက ရွေးချယ်ခဲ့တာဖြစ်တဲ့အတွက် အဲဒီအပိုင်းကို နည်းနည်းပိုပြီးတော့ ပြောချင်ပါတယ်။ စစ်အနိုင်တိုက်ရေးစဉ်းစားကြပေမယ့်လည်း စစ်တပ်တွေဖြစ်အောင် အစောတလျှင် မတည်ဆောက်နိုင်ခဲ့တာကတော့ အားနည်းချက်လို့ ကျနော်တို့မြင်ပါတယ်။

သတင်း

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏ NCO(အကြပ်) အပတ်စဉ် (၂)သင်တန်းကို တော်လှန်ရေးမဟာမိတ်အဖွဲ့များက ရဲဘော်များတက်ရောက်ခဲ့ပြီး အာရက္ခတပ်တော်(AA)မှ သင်တန်းမှူးများက လေ့ကျင့်သင်ကြားပို့ချခဲ့ဟု သင်တန်းတက်ရောက်ခဲ့သည့် အဖွဲ့တခုဖြစ်သော Force For Federal Democracy (FFD) တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။