Connect with us

Hi, what are you looking for?

သတင်း

မဲပလီဗျူဟာစခန်းက​ဟောင်ဝစ်ဇာ အ​ကောင်းအတိုင်းရ

စစ်ကောင်စီတပ်ရဲ့ မဲပလီဗျူဟာစခန်းက ဟောင်ဝစ်ဇာအမြောက်ကို အ​ကောင်းအတိုင်းရခဲ့ပြီသယ်ယူလာတဲ့ ရုပ်သံမှတ်တမ်းကို BPLA ကွပ်ကဲ​ရေးမှူး​ ​မောင်​ဆောင်းခက ​ဖေ​ဖော်ဝါရီ ၂ရက်ညက ​ဖေစ်ဘွခ်လူမှုကွန်ယက်မှာ မျှ​ဝေခဲ့ပါတယ်။

စစ်ကောင်စီတပ်ရဲ့ မဲပလီဗျူဟာစခန်းက ဟောင်ဝစ်ဇာအမြောက်ကို အ​ကောင်းအတိုင်းရခဲ့ပြီသယ်ယူလာတဲ့ ရုပ်သံမှတ်တမ်းကို BPLA ကွပ်ကဲ​ရေးမှူး​ ​မောင်​ဆောင်းခက ​ဖေ​ဖော်ဝါရီ ၂ရက်ညက ​ဖေစ်ဘွခ်လူမှုကွန်ယက်မှာ မျှ​ဝေခဲ့ပါတယ်။

​ဟောင်ဝစ်ဇာ အ​မြောက်ကို ကရိန်ကားနဲ့သယ်လာတဲ့ ၅ စက္ကန့်ကြာရုပ်သံဖိုင်​လေးနဲ့ “ဒီတစ်ခါ​တော့ အ​ကောင်းတိုင်းရခဲ့ပါရဲ့ ” လို့ ​မောင်​ဆောင်းခက​ရေးသားထားပါတယ်။​ဟောင်ဝစ်ဇာအပြင် လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ခဲယမ်းတွေအများအပြားသိမ်းရရှိခဲ့ပါတယ်။ မဲပလီဗျူဟာစခန်းကိုကရင်အမျိုးသာလွတ်မြောက်ရေးတပ်မတော်(KNLA) ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ကဖေဖော်ဝါရီ ၁ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ခဲ့ပါတယ်။ မဲပလီ စခန်းသိမ်းတိုက်ပွဲက စစ်သုံ့ပန်း ၂၅ ​ဦးကိုဖမ်းဆီးရရှိတာကိုလည်းKNLA တပ်မဟာ -၁ထုတ်ပြန်တဲ့သတင်းဓါတ်ပုံမှာ​တွေ့ရပါတယ်။မဲပလီ စခန်းသိမ်းစစ်ဆင်ရေးမှာKNLA၊ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ BPLAနဲ့ FFD မဟာမိတ်ပူးပေါင်းတပ်တွေ အတူတကွ စစ်ကောင်စီကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ရုပ်သံ-​မောင်း​​ဆောင်းခ

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁)နယ်မြေရှိ ဘီးလင်းမြို့နယ် မဲပလီကျေးရွာအခြေစိုက် စစ်ကောင်စီဗျူဟာစခန်းမှ ထွက်ပြေးသွားသည့် တပ်ဖွဲ့ဝင် ၁၉ဦးကို ဖမ်းဆီးရရှိထားကြောင်း မဲပလီစခန်းသိမ်းတိုက်ပွဲ၌ ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ် တစ်ဦးကအတည်ပြုသည်။

သတင်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက မဲပလီစစ်ကောင်စီဗျူဟာစခန်းကို​တော်လှန်​ရေးတပ်​တွေက သိမ်းပိုက်ခဲ့တဲ့ ရုပ်သံမှတ်တမ်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂၇)စစ်ဗျူဟာက ထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ၊ဘီးလင်းမြို့နယ်၊ စစ်တပ်၏ မဲပလီဗျူဟာစခန်းကို KNLA ဦး​ဆောင်​သော ပူး​ပေါင်းတပ်က သိမ်းပိုက်ခဲ့​သော ရုပ်သံမှတ်တမ်းကိုBPLA ကထုတ်ပြန်လိုက်သည်။

သတင်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မဲပလီကျေးရွာအနီးက စစ်ကောင်စီတပ်ရဲ့ မဲပလီဗျူဟာစခန်းကြီးကို ဒီက​နေ့ (ဖေဖော်ဝါရီ ၁ ရက်နေ့)မှာ KNLA ဦး​ဆောင်တဲ့ မဟာမိတ်တပ်​တွေက သိမ်းပိုက်လိုက်ပါတယ် ။