Connect with us

Hi, what are you looking for?

သတင်း

BPLA တပ်တည်ထောင်ခြင်း ၅နှစ်ပြည့်သို့ NUG ကာကွယ်ရေး ဂုဏ်ပြုသဝဏ်လွှာပို့

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တည်ထောင်ခြင်းနှစ်ပတ်လည်နေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့ပြီး BPLAဟာ အားကိုးထိုက်တဲ့ တပ်တော်တခု အဖြစ် ဝင့်ထည်စွာ ရပ်တည်နိုင်ခဲ့ပြီလို့ ဖော်ပြထားပါတယ်။

ဧပြီ ၁၇၊ ၂၀၂၆။ People’s Spring

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တည်ထောင်ခြင်းနှစ်ပတ်လည်နေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခဲ့ပြီး BPLAဟာ အားကိုးထိုက်တဲ့ တပ်တော်တခု အဖြစ် ဝင့်ထည်စွာ ရပ်တည်နိုင်ခဲ့ပြီလို့ ဖော်ပြထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) နယ်မြေ၊ ရှမ်းမြောက်နဲ့ အညာဒေသ စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့တဲ့ BPLA ဟာ ဒီကနေ့ ဧပြီ ၁၇ရက်မှာ တပ်ဖွဲ့တည်ထောင်တာ ၅နှစ် ပြည့်ပြီဖြစ်ပါတယ်။

BPLA ကွပ်ကဲရေးမှူး မောင်ဆောင်းခက “ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ပြည်သူတရပ်လုံး စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်တဲ့အထိ ကြိုးပမ်းအားထုတ်သွားမှာဖြစ်ကြောင်း ပြည်သူတွေကို အသိပေးလိုပါတယ်”လို့ People’s Spring ကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာတနိုင်ငံလုံးကို ဆယ်စုနှစ်ချီ ဖိနှိပ်အုပ်ချုပ်လျှက်ရှိတဲ့ စစ်အာဏာရှင်စနစ် ချေမှုန်း တိုက်ထုတ်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်တွေမှာ BPLA အပါအဝင် တော်လှန်ရေး အဖွဲ့အစည်းအားလုံးနဲ့ လက်တွဲ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း NUG ကာကွယ်ရေးက အသိပေးပါတယ်။

“၅ နှစ်တာ ကာလအတွင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) သည် ပြည်သူ့ ဘက်မှ ခိုင်ခိုင်မာမာ ရပ်တည်ကာ တော်လှန်ရေးအင်အားစုများနှင့် လက်တွဲ၍ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် မဆုတ်မနစ် ကြိုးပမ်းလာခဲ့ပြီး ယခုအခါ ပြည်သူအားလုံးအတွက် အားကိုး ထိုက်သော တပ်တော်တခုအဖြစ် ဝင့်ဝင့်ထည်ထည် ရပ်တည်နိုင်ခဲ့ပြီ ဖြစ်သည်” လို့ သဝဏ်လွှာမှာရေးသားထားပါတယ်။

တော်လှန်ရေးခရီးကြမ်းတွင် အသက်၊ ခန္ဓာပေးဆပ်ခဲ့ကြသော BPLA တပ်တော်သား အပေါင်း အား လေးစားဦးညွှတ်ကြောင်း ဖော်ပြထားပြီး ရှေ့တန်းစစ်မျက်နှာအသီးသီးတွင် အခက်အခဲပေါင်းစုံကို ကြံ့ကြံ့ခံရင်း တာဝန်ထမ်းဆောင် နေကြသည့် ရဲဘော်များ၊ တပ်မှူးများနဲ့ ခေါင်းဆောင်များ အားလုံး ကိုလည်း လှိုက်လှဲစွာ ဂုဏ်ပြုကြောင်း ဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။