Connect with us

Hi, what are you looking for?

သတင်း

မလေးရှားဝန်ကြီးချုပ် နဲ့ သက်ဆင်မြန်မာ့အ​ရေးဆွေးနွေး

မလေးရှား ဝန်ကြီးချုပ် အန်ဝါ အေဘရာဟင်နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာတို့ဟာ မြန်မာ့နိုင်ငံရေး အကျပ်အတည်း ကိစ္စ၊ ခရစ္စတို ဒစ်ဂျစ်တယ် ငွေကြေး ထွန်းကားရေး ကိစ္စတွေကို တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

သက်ဆင် နဲ့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အေဘရာဟင်။ ဓါတ်ပုံ-အန်ဝါအေဘရာဟင်ဖေ့စ်ဘွခ်

People’s Spring

မလေးရှား ဝန်ကြီးချုပ် အန်ဝါ အေဘရာဟင်နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာတို့ဟာ မြန်မာ့နိုင်ငံရေး အကျပ်အတည်း ကိစ္စ၊ ခရစ္စတို ဒစ်ဂျစ်တယ် ငွေကြေး ထွန်းကားရေး ကိစ္စတွေကို တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

သူတို့နှစ်ဦး တွေ့ဆုံမှု အကြောင်းကို အန်ဝါက ဖေဖော်ဝါရီ ၂ ရက်နေ့မှာ Facebook ကနေ အတည်ပြုခဲ့ပေမယ့်လည်း ဆွေးနွေးမှု အသေး

စိတ် အကြောင်းအရာတွေကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။ သူတို့ စကားပြောဖြစ်ခဲ့တာဟာ မြန်မာ့ကိစ္စနဲ့ ခရစ္စတို ငွေကြေးကိစ္စတွေသာ ဖြစ်တယ်လို့ အန်ဝါက ရေးသားခဲ့ပြီး ဆွေးနွေးမှုတွေက အပြုသဘော ဆန်ခဲ့တယ်လို့လည်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

သူတို့နှစ်ဦး တွေ့ဆုံမှုဟာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်မှာလို့ ယုံကြည်ရပြီး နောက်ပိုင်းမှာ စင်ကာပူ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဂျော့ဂျ်ယိုပါ သွားရောက် ချိတ်ဆက်ခဲ့ပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ အန်ဝါဟာ မနှစ်က ဒီဇင်ဘာလတုန်းက သက်ဆင်ကိုသူ့ရဲ့ပုဂ္ဂိုလ်ရေးအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခဲ့ပါတယ်။

မလေးရှားဟာ မြန်မာ့အကျပ်အတည်း ဖြေရှင်းရေးအတွက် အာဏာသိမ်း စစ်ကောင်စီ အနေနဲ့ ရန်လို အကြမ်းဖက်မှုတွေကို ရပ်တန့်ပြီး တွေ့ဆုံဆွေးနွေးမှု လမ်းစဉ်တွေ အစပြုဖို့အတွက် ဇန်နဝါရီလ တုန်းက လန်ကာဝီမှာ ပြုလုပ်ခဲ့တဲ့ မြန်မာ့အရေး ဆွေးနွေးမှုတွေမှာ ထည့်သွင်း တိုက်တွန်းခဲ့ပါတယ်။

တစ်ဖက်မှာတော့ အာဏာသိမ်း စစ်တပ်ဟာ အာဏာသိမ်းမှု ၄ နှစ်ပြည့်တဲ့ အချိန်မှာ နောက် ထပ် အရေးပေါ် အုပ်ချုပ်ရေး သက်တမ်း ကာလကို ၆ လ ထပ်တိုးလိုက်တဲ့အပြင် ကိုယ်တိုင် ကတိပြုထားတဲ့ ရွေးကောက်ပွဲ ကျင်းပရေး အစီအစဉ်တွေကို နောက်ထပ် ဆိုင်းငံ့ခဲ့ပါတယ်။

ကိုးကား: Bangkok Post

သက်ဆင် နဲ့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အေဘရာဟင်။

ဓါတ်ပုံ-အန်ဝါအေဘရာဟင်ဖေ့စ်ဘွခ်

ဆက်စပ်သတင်းများ

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု မစ်ရှင်တစ်ခု သွားရောက်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

သတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်တိုင်းကို အမြဲမပြတ်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆို

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး (အာဆီယံ)အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြား​ရေးဝန်ကြီးများ ​ဆွေး​နွေးပွဲမှာတော့ မြန်မာ့ နိုင်ငံရေး အကျပ်အတည်းနဲ့ အရှေ့အလယ်ပိုင်း ဒေသရဲ့ စစ်ရေး တင်းမာမှု အခြေအနေတွေဟာ အဓိက ဆွေးနွေးမှု ခေါင်းစဉ်တွေ ဖြစ်လာနိုင်ကြောင်း Thai PBS သတင်းဌာနက​ဖော်ပြပါတယ်။