Connect with us

Hi, what are you looking for?

သတင်း

ရခိုင်-ဧရာဝတီနယ်စပ်မှ စစ်ကောင်စီစခန်းတခု AAနှင့်ပူး​ပေါင်းတပ်ထပ်မံသိမ်းပိုက်

ရခိုင်ပြည်နယ် နှင့် ဧရာဝတီတိုင်းအစပ်တွင် တိုက်ပွဲပြင်းထန်နေပြီး ​ဖေ​ဖော်ဝါရီ ၃ ရက်နေ့တိုက်ပွဲ၌ စစ်ကောင်စီစခန်းတစ်ခုကို AAနှင့် ပူး​ပေါင်းတပ်ကထပ်မံ သိမ်းယူလိုက်ပြီး စစ်ကောင်စီဗိုလ်ကြီးတစ်ဦးလည်းသေဆုံးသွားကြောင်း စစ်​ရေးသတင်းအရင်းအမြစ်အချို့က​ပြောသည်။

ရက္ခိုင်-ဧရာဝတီတိုင်းအစပ်တိုက်ပွဲများတွင် ​တွေ့ရ​သော AA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-AA Info Desk

ကဖေး/People’s Spring

ရခိုင်ပြည်နယ် နှင့် ဧရာဝတီတိုင်းအစပ်တွင် တိုက်ပွဲပြင်းထန်နေပြီး ​ဖေ​ဖော်ဝါရီ ၃ ရက်နေ့တိုက်ပွဲ၌ စစ်ကောင်စီစခန်းတစ်ခုကို AAနှင့် ပူး​ပေါင်းတပ်ကထပ်မံ သိမ်းယူလိုက်ပြီး စစ်ကောင်စီဗိုလ်ကြီးတစ်ဦးလည်းသေဆုံးသွားကြောင်း စစ်​ရေးသတင်းအရင်းအမြစ်အချို့က​ပြောသည်။

ဖေဖော်ဝါရီလ၃ရက်နေ့က သာပေါင်းမြို့နယ် ကျားခေါင်းရွာမှ စစ်ကောင်စီစခန်းကို အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူလိုက်ပြီး ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်တစ်ဦးကပြောသည်။

“ဒဏ်ရာရတွေကိုကားတွေနဲ့သယ်ထုတ်သွားတယ်။ ဗိုလ်ကြီးအဆင့်ရှိသူတစ်ယောက်ပါတယ်။ လူနာတင်ကား ပေါ်မှာပဲသေတယ်လို့သတင်းရတယ်။ သေတာလည်းများတယ်လို့ကြားရတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ကျားခေါင်းရွာသည် ဇန်နဝါရီလ၁၆ရက်နေ့က AAသိမ်းယူခဲ့သည့် ရွှေသောင်ယံမြို့နယ်၊ ဘောမိကျေးရွာနှင့်ဆက်စပ်တည်ရှိသည်။ဘောမိရွာတိုက်ပွဲပြီးသည့်နောက်ပိုင်း သာပေါင်းမြို့နယ်အတွင်းတိုက်ပွဲဆက်ဖြစ်နေခြင်းဖြစ်သည်။

“ချောင်းဖျားလို့လည်းခေါ်တယ်။ဂွရယ်၊ သာပေါင်းရယ်၊ ရွှေသောင်ယံရယ် ဆုံတဲ့နေရာတွေပေါ့။ အဲဒီကနေငါးသိုင်းချောင်းဘက်ကိုတက်လည်းရတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ကျားခေါင်းရွာမှ စစ်ကောင်စီတပ်စခန်းကိုအာရက္ခတပ်တော်(AA)နှင့်ပူးပေါင်းတပ်များက ​ဖေ​ဖော်ဝါရီ ၃ ရက်​နေ့က တိုက်ခိုက်သိမ်းယူစဉ်သာပေါင်းမြို့ပေါ်မှစစ်တပ်က လက်နက်ကြီးအချက်ပေါင်းများစွာပစ်ခတ်ခဲ့သည်။ လက်နက်ကြီးသံနှင့် ပစ်ခတ်သံများညနက်ပိုင်းအထိ ဆူညံစွာကြားခဲ့ရသည် သာပေါင်းနှင့် ရွှေ သောင်ယံမြို့ခံများကပြောသည်။မြေပြင်မှစခန်းကျ၍ ရမ်းသမ်းပစ်ခတ်ခြင်းဟု ​ဒေသခံအချို့က​ပြောသည်။

ကျားခေါင်းရွာတွင်ပြီးခဲ့သည့် ဇန်နဝါရီလနှောင်းပိုင်းမှစ၍ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဇန်နဝါရီလ၂၈ ရက်နေ့တိုက်ပွဲ၌ သာပေါင်းမြို့မရဲစခန်းမှူးဒုရဲမှူး ဝင်းနိုင်ဦးသည် AA၏ စနိုက်ဘာကျည်ထိမှန်သေဆုံးခဲ့​သေးသည်။

ရခိုင်ပြည်နယ်နှင့်ဆက်စပ်နေသော ဧရာဝတီတိုင်း၊မကွေးတိုင်းနှင့် ပဲခူးတိုင်းမှ မြို့နယ်အချို့တွင် တိုက်ပွဲများဖြစ်နေကြောင်း AAက ဇန်နဝါရီ ၂၇ ရက်တွင်တရားဝင်သတင်းထုတ်ပြန်ထားသည်။ဧရာဝတီတိုင်းတွင်ပွိုင့်(၂၆၃) နှင့် ပွိုင့်(၃၆၉)စခန်းတို့ကိုသိမ်းပိုက်ပြီး​နောက် ကျား​ခေါင်းရွာမှစခန်းကိုထပ်မံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင်တောင်ကုတ်မြို့နယ်နှင့်ထိစပ်နေ သော ရခိုင်ရိုးမတောင်တန်း ပေါ်မှ စစ်တောင်စီ၏ မိုးထိတောင်စခန်းကို ဇန်နဝါရီလ ၂၆ရက်တွင်တိုက်ခိုက်သိမ်းယူခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ စခန်းများကို တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ဖားကန့်တိုက်ပွဲ နေ့စဉ်ဖြစ်ပွားနေပြီး စစ်တပ် သေဆုံးထိခိုက်မှုများ

သတင်း

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း စစ်‌ကောင်စီတပ်စွဲထားသည့် ပန်းတောကြီးရွာမှစစ်တပ်စခန်းကို AA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူလိုက်ပြီး စစ်ကောင်စီမှ လေကြောင်းမှဗုံးကြဲနေသည်။

သတင်း

မတ်-၂၇၊၂၀၂၅။ဧရာ/People’s Spring ဟင်္သာတခရိုင် ၊ လေးမျက်နှာမြို့နယ် နှင့် ကွင်းကောက်မြို့ကြား ပုသိမ်-မုံရွာလမ်းဘေးရွာများတွင် တိုက်ပွဲအလွန်ပြင်းထန်နေပြီး တိုက်ပွဲသည် မြို့ဘက်သို့ အလျင်အမြန်ရောက်ရှိလာကြောင်း ဒေသခံများကပြောသည်။ လေးမျက်နှာမြို့နယ်အတွင်း မတ်လ ၁၆ရက်မှစတင်၍ တိုက်ပွဲဖြစ်ခဲ့ပြီးမတ်လ၂၆ ရက်တွင်ပုသိမ်-မုံရွာလမ်းအတိုင်းအာရက္ခတပ်တော်(AA)နှင့်ပူးပေါင်းတပ်များတက်လာပြီး တိုက်ပွဲပြင်းထန်ခြင်းဟု ဒေသခံတစ်ဦးကပြောသည်။ ” AAနဲ့ PDF တွေအများကြီးပဲရောက်လာတာ။စစ်တပ်ကလေကြောင်းကနေပစ်တယ်။...