Connect with us

Hi, what are you looking for?

သတင်း

ရခိုင်-ဧရာဝတီနယ်စပ်မှ စစ်ကောင်စီစခန်းတခု AAနှင့်ပူး​ပေါင်းတပ်ထပ်မံသိမ်းပိုက်

ရခိုင်ပြည်နယ် နှင့် ဧရာဝတီတိုင်းအစပ်တွင် တိုက်ပွဲပြင်းထန်နေပြီး ​ဖေ​ဖော်ဝါရီ ၃ ရက်နေ့တိုက်ပွဲ၌ စစ်ကောင်စီစခန်းတစ်ခုကို AAနှင့် ပူး​ပေါင်းတပ်ကထပ်မံ သိမ်းယူလိုက်ပြီး စစ်ကောင်စီဗိုလ်ကြီးတစ်ဦးလည်းသေဆုံးသွားကြောင်း စစ်​ရေးသတင်းအရင်းအမြစ်အချို့က​ပြောသည်။

ရက္ခိုင်-ဧရာဝတီတိုင်းအစပ်တိုက်ပွဲများတွင် ​တွေ့ရ​သော AA တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-AA Info Desk

ကဖေး/People’s Spring

ရခိုင်ပြည်နယ် နှင့် ဧရာဝတီတိုင်းအစပ်တွင် တိုက်ပွဲပြင်းထန်နေပြီး ​ဖေ​ဖော်ဝါရီ ၃ ရက်နေ့တိုက်ပွဲ၌ စစ်ကောင်စီစခန်းတစ်ခုကို AAနှင့် ပူး​ပေါင်းတပ်ကထပ်မံ သိမ်းယူလိုက်ပြီး စစ်ကောင်စီဗိုလ်ကြီးတစ်ဦးလည်းသေဆုံးသွားကြောင်း စစ်​ရေးသတင်းအရင်းအမြစ်အချို့က​ပြောသည်။

ဖေဖော်ဝါရီလ၃ရက်နေ့က သာပေါင်းမြို့နယ် ကျားခေါင်းရွာမှ စစ်ကောင်စီစခန်းကို အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူလိုက်ပြီး ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်တစ်ဦးကပြောသည်။

“ဒဏ်ရာရတွေကိုကားတွေနဲ့သယ်ထုတ်သွားတယ်။ ဗိုလ်ကြီးအဆင့်ရှိသူတစ်ယောက်ပါတယ်။ လူနာတင်ကား ပေါ်မှာပဲသေတယ်လို့သတင်းရတယ်။ သေတာလည်းများတယ်လို့ကြားရတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ကျားခေါင်းရွာသည် ဇန်နဝါရီလ၁၆ရက်နေ့က AAသိမ်းယူခဲ့သည့် ရွှေသောင်ယံမြို့နယ်၊ ဘောမိကျေးရွာနှင့်ဆက်စပ်တည်ရှိသည်။ဘောမိရွာတိုက်ပွဲပြီးသည့်နောက်ပိုင်း သာပေါင်းမြို့နယ်အတွင်းတိုက်ပွဲဆက်ဖြစ်နေခြင်းဖြစ်သည်။

“ချောင်းဖျားလို့လည်းခေါ်တယ်။ဂွရယ်၊ သာပေါင်းရယ်၊ ရွှေသောင်ယံရယ် ဆုံတဲ့နေရာတွေပေါ့။ အဲဒီကနေငါးသိုင်းချောင်းဘက်ကိုတက်လည်းရတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။

ကျားခေါင်းရွာမှ စစ်ကောင်စီတပ်စခန်းကိုအာရက္ခတပ်တော်(AA)နှင့်ပူးပေါင်းတပ်များက ​ဖေ​ဖော်ဝါရီ ၃ ရက်​နေ့က တိုက်ခိုက်သိမ်းယူစဉ်သာပေါင်းမြို့ပေါ်မှစစ်တပ်က လက်နက်ကြီးအချက်ပေါင်းများစွာပစ်ခတ်ခဲ့သည်။ လက်နက်ကြီးသံနှင့် ပစ်ခတ်သံများညနက်ပိုင်းအထိ ဆူညံစွာကြားခဲ့ရသည် သာပေါင်းနှင့် ရွှေ သောင်ယံမြို့ခံများကပြောသည်။မြေပြင်မှစခန်းကျ၍ ရမ်းသမ်းပစ်ခတ်ခြင်းဟု ​ဒေသခံအချို့က​ပြောသည်။

ကျားခေါင်းရွာတွင်ပြီးခဲ့သည့် ဇန်နဝါရီလနှောင်းပိုင်းမှစ၍ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဇန်နဝါရီလ၂၈ ရက်နေ့တိုက်ပွဲ၌ သာပေါင်းမြို့မရဲစခန်းမှူးဒုရဲမှူး ဝင်းနိုင်ဦးသည် AA၏ စနိုက်ဘာကျည်ထိမှန်သေဆုံးခဲ့​သေးသည်။

ရခိုင်ပြည်နယ်နှင့်ဆက်စပ်နေသော ဧရာဝတီတိုင်း၊မကွေးတိုင်းနှင့် ပဲခူးတိုင်းမှ မြို့နယ်အချို့တွင် တိုက်ပွဲများဖြစ်နေကြောင်း AAက ဇန်နဝါရီ ၂၇ ရက်တွင်တရားဝင်သတင်းထုတ်ပြန်ထားသည်။ဧရာဝတီတိုင်းတွင်ပွိုင့်(၂၆၃) နှင့် ပွိုင့်(၃၆၉)စခန်းတို့ကိုသိမ်းပိုက်ပြီး​နောက် ကျား​ခေါင်းရွာမှစခန်းကိုထပ်မံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင်တောင်ကုတ်မြို့နယ်နှင့်ထိစပ်နေ သော ရခိုင်ရိုးမတောင်တန်း ပေါ်မှ စစ်တောင်စီ၏ မိုးထိတောင်စခန်းကို ဇန်နဝါရီလ ၂၆ရက်တွင်တိုက်ခိုက်သိမ်းယူခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် တလုပ်မြို့ရွာက စစ်ကောင်စီအထိုင်စခန်းတွေတိုက်ခိုက်ခံရမှုအပြီး စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့ တလုပ်PDFတာဝန်ခံကိုသိန်းမောင်ကပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်တပ်စွဲထားသည့် နေရာများနှင့် လှုပ်ရှားစစ်ကြောင်းများကို ရက်ပေါင်း (၃၀)အတွင်း အကြိမ်ရေ(၅၀)ကျော် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ (ဒရုန်းတပ်ဖွဲ့)Shadow Squad မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ဗေဒါဂိတ်ပတ်ချာလည် ရွာများကိုဗုံးကြဲမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ လက်နက်ချဆုတ်ခွာခွင့်တောင်းပြီး ဆုတ်ခွာသွားခြင်းဟု အသိပေး