Connect with us

Hi, what are you looking for?

သတင်း

လေးမျက်နှာ၊ပန်းတောကြီးတိုက်ပွဲ စစ်ကောင်စီအထိနာပြီး ထွက်ပြေး

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း စစ်‌ကောင်စီတပ်စွဲထားသည့် ပန်းတောကြီးရွာမှစစ်တပ်စခန်းကို AA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူလိုက်ပြီး စစ်ကောင်စီမှ လေကြောင်းမှဗုံးကြဲနေသည်။

လေးမျက်နှာ မြို့နယ် အနီးဝန်ကျင်​ဒေသကို Google Earth တွင်​တွေ့ရမှု

ဧပြီ-၁၈၊၂၀၂၅။ဧရာ/People’s Spring

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်း စစ်‌ကောင်စီတပ်စွဲထားသည့် ပန်းတောကြီးရွာမှစစ်တပ်စခန်းကို AA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းယူလိုက်ပြီး စစ်ကောင်စီမှ လေကြောင်းမှဗုံးကြဲနေသည်။

ပန်းတောကြီးရွာတွင် ဧပြီ ၁၅ ရက်မှ စ၍ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဧပြီလ ၁၇ရက်တွင် စစ်ကောင်စီတပ်ဆုတ်ခွာထွက်ပြေးသွားရာ AAနှင့် ပူး‌ ပေါင်းတပ်များက စစ်စခန်းကိုထိန်းချုပ်လိုက်ခြင်းဟု ဒေသခံတစ်ဦးကပြောသည်။

“တိုက်ပွဲမှာ စစ်ကောင်စီဘက်ကတော်တော်သေတယ်။ ထွက်ပြေးတဲ့သူတွေက မြို့ပေါ်ကိုရောက်လာတယ်။ရွာကိုစစ်တပ်ကဗုံးကြဲလို့ မီးလောင်နေတယ်။ တရွာလုံးထွက်ပြေးနေရပါတယ်” ဟု အဆိုပါဒေသခံကပြောသည်။

Public Service Announcement

Public Service Announcement

ဧရာဝတီတိုင်းအတွင်းရေကြည် ၊ လေးမျက်နှာနှင့် အင်္ဂပူမြို့နယ်ကြား ပုသိမ်-မုံရွာလမ်းကြော၌ ပြီးခဲ့သည့် မတ်လ ၂၇ရက်အထိ အာရက္ခတပ်တော်(AA)၊PDFပူးပေါင်းတပ်များနှင့်စစ်ကောင်စီ တိုက်ပွဲများပြင်းထန်ခဲ့သည်။မတ်လ၂၈ရက်က ငလျင်လှုပ်ပြီးနောက်ပိုင်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကအပစ်ရပ်လိုက်ခြင်းနှင့်အတူ AA၊PDFပူးပေါင်းတပ်က ထိုးစစ်ရပ်လိုက်ရာ တိုက်ပွဲအရှိန်လျော့သွားခဲ့သည်။ သို့သော်စစ်ကောင်စီကအပစ်ရပ်စာချုပ်ကိုဆက်လက်ချိုးဖောက်ပြီး လေကြောင်းတိုက်ခိုက်ခြင်း၊ မြေပြင်မှစစ်ရေးဖော်ဆောင်ခြင်းများ ပြုလုပ်နေကြောင်း AAက ဧပြီလ ၅ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။

“AAထိုးစစ်ကို ကျနော်တို့မကြောက်ရဘူး။ ကျနော်တို့ကြောက်တာက စစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးတာတွေကိုကြောက်တာ။ AAနဲ့ PDFက စခန်းသိမ်းပြီးပြီဆိုရင် လုံခြုံရေးအရာကန့်သတ်ထားကလွဲလို့ မီးရှို့ဖျက်ဆီးတာတွေမရှိဘူး”ဟုလေးမျက်နှာမြို့မှ လုပ်ငန်းရှင်တစ်ဦးကပြောသည်။

အင်္ဂပူ၊ လေးမျက်နှင့် ရေကြည်မြို့နယ်တို့ကို ဖြတ်သွားသည့်ပုသိမ် – မုံရွာလမ်းမပေါ်တွင်စစ်ကောင်စီတပ်ကကားများအားဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်း၊ ငွေတောင်းခြင်း၊ ဖမ်းဆီးထားသောယာဥ်များအားအသုံးပြု၍ ရွှေ့ပြောင်းခြင်းများ ပြုလုပ်နေ၍ ဒေသခံများသတိပြုသွားလာကြရန်ဧရာဝတီ PDF က သတိပေးချက်ထုတ်ပြန်သည်။

စစ်ကောင်စီသည် အရပ်သားပြည်သူများကို ပစ်မှတ်ထား၍တိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေပြီး ရေကြည်နှင့်လေးမျက်နှာမြို့နယ်တွင် မတ်လ ၂၄ရက်မှ ၃၁ရက်အတွင်း အရပ်သားခြောက်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့သည်ဟုဧရာဝတီ PDFအမှတ် (၂၉) ဗျူဟာက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ် ဘီးလင်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ညအချိန်လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ စစ်သား​အ​လောင်း​တွေရဲ့ ဓါတ်ပုံမှတ်တမ်း​တွေကိုအာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်လိုက်ပါတယ်။