Connect with us

Hi, what are you looking for?

သတင်း

ဇန်နဝါရီလအတွင်း ရန်ကုန်၌ စစ်ကောင်စီက ပြည်သူလေးရာကျော်ကို ဖမ်းဆီးခဲ့ဟု RSN ဆို

ရန်ကုန်မြို့၌ ဇန်နဝါရီလအတွင်း စစ်ကောင်စီ၏ စစ်မှုထမ်းအကြောင်းပြဖမ်းဆီးမှုအပါအဝင် အတင်းအကျပ်ဖမ်းဆီးသည့် ဖြစ်စဉ် နှစ်ရာခန့်ရှိခဲ့ပြီး ပြည်သူလေးရာကျော် ဖမ်းဆီးခံခဲ့ရကြောင်း ရန်ကုန်မြေပြင်သတင်းများကိုဖော်ပြပေးနေသည့် Rangon Scout Network က အသိပေးထားသည်။

နိုင်ငံတဝန်း စစ်ရှုံးစစ်ကောင်စီက အဓမ္မစစ်မှုထမ်းဥပဒေကို အသက်သွင်းကာ အတင်းအကျပ်စစ်သားသစ်စုဆောင်းခြင်းကို ဆက်တိုက်ပြုလုပ်နေသည်။ ဓာတ်ပုံ - စကစ

သတိုး/People’s Spring

ရန်ကုန်မြို့၌ ဇန်နဝါရီလအတွင်း စစ်ကောင်စီ၏ စစ်မှုထမ်းအကြောင်းပြဖမ်းဆီးမှုအပါအဝင် အတင်းအကျပ်ဖမ်းဆီးသည့် ဖြစ်စဉ် နှစ်ရာခန့်ရှိခဲ့ပြီး ပြည်သူလေးရာကျော် ဖမ်းဆီးခံခဲ့ရကြောင်း ရန်ကုန်မြေပြင်သတင်းများကိုဖော်ပြပေးနေသည့် Rangon Scout Network က အသိပေးထားသည်။

“ပြီးခဲ့လလိုပဲ အဖမ်းအဆီးဖြစ်စဉ်တွေ များနေဆဲပဲဗျ။ လမ်းမပေါ် လိုက်ဆွဲတာတွေ၊ ဧည့်စစ်ပြီး ဖမ်းခေါ်တာတွေ အပြင်ကို စစ်မှုထမ်းစာရင်းစာရွက်ကိုင်ပြီး လိုက်ဖမ်းခေါ်တာတွေ ဒီလမှာ ပိုလာတယ်။” ဟု RSN မှတာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ပြောသည်။

ဇန်နဝါရီလအတွင်း ဖမ်းဆီးသည့်ဖြစ်စဉ် ၂၀၀ အနက် ၁၄၇ ခုကိုအတည်ပြုနိုင်ခဲ့ပြီး ၅၃ ခုကို အတည်မပြုနိုင်ကြောင်း RSN ကဆိုသည်။

Public Service Announcement

Public Service Announcement

အတည်ပြုနိုင်သည့်ဖြစ်စဉ်များတွင် ဖမ်းဆီးခံရသူ ၄၇၅ ဦးရှိကာ ၎င်းတို့အနက် ၅၈ ဦး ပြန်လွတ်လာခဲ့ပြီး ၁၇ ဦးမှာပြန်မလွတ်တော့ကြောင်းနှင့် အခြားဖမ်းဆီးခံသူရများ၏ သတင်းနှင့်ပတ်သက်၍ စုံစမ်း၍ မရကြောင်း RSN က ဖော်ပြထားသည်။

“အမျိုးသမီး စစ်မှုထမ်းသင်တန်း စဖို့လည်း ပြင်ဆင်လာတယ်။ အမျိုးသမီးစာရင်း လိုက်ကောက်တာတွေပြီးတော့ ခုနောက်ပိုင်း ညဧည့်စစ်ပြီး အမျိုးသမီးတွေကို လိုက်ဖမ်းခေါ်သွားတာလည်း တဖြည်းဖြည်း ရှိလာပါတယ်ဗျ။”ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

ဇန်နဝါရီလအတွင်း ကမာရွတ်မြို့နယ်အတွင်းရှိ အိမ်ယာတစ်ခုတွင် ညနေပိုင်းအချိန်၌ အရပ်ဝတ်များဆိုင်ကယ်များနှင့် လူဆွဲသည့်ဖြစ်စဉ်များရှိခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ကမာရွတ်ရဲစခန်းရှေ့တွင်လည်း လူငယ်တစ်ဦးကို ရဲတစ်ဦးက ဖုန်းများစစ်ဆေး၍ ဖမ်းဆီးမည့် ပုံစံပြုလုပ်နေသောကြောင့် အမျိုးသမီးတစ်ဦးက အော်ဟစ်အကူအညီတောင်းသည့်ဖြစ်စဉ်ဖြစ်ခဲ့ကြောင်း ၎င်းကဆိုသည်။

လှိုင်မြို့နယ်တွင်လည်း ညပိုင်း၌ လမ်းမ‌များပေါ်တွင် တွေ့ရှိသူများကို ဖမ်းဆီးမှုများရှိသည်ဟု ယင်းမြို့နယ်တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးကပြောသည်။

RSN ၏ စာရင်းအရ ဇန်နဝါရီလအတွင်း စစ်ကောင်စီက လမ်းမပေါ်တွင် တွေ့၍ ဆွဲသွားသူ ၂၄၁ ဦး ၊ ဧည့်စာရင်းအကြောင်းပြ၍ ဖမ်းဆီးခံရသူ ၇၇ ဦး ၊ လမ်းမပေါ်တွင် စစ်ဆေး၍ ဖမ်းဆီးခံရသူ ၅၈ ဦး ၊ သတင်းအတိအကျဖြင့်ရှာဖွေဖမ်းဆီးသူ ၅၁ ဦး ၊ စစ်မှုထမ်းစာရင်းပါ၍ ဖမ်းဆီးခံရသူ ၄၈ ဦးနှင့် တော်လှန်ရေးရဲဘော်ဟုအမည်တပ်ကာဖမ်းဆီးခံရသူ ၁၇ ဦးရှိကြောင်းဖော်ပြထားသည်။

အွန်လိုင်းပေါ်တွင် လှုံ့ဆော်စာများ ရေးသားသူဟု ကြေညာခံရကာ ဖမ်းဆီးခံရသူ ၁ ဦး ရှိပြီး YBS ကားပေါ် တက်၍ ဖမ်းဆီးသည့် ဖြစ်စဉ် ၂ ခု ရှိခဲ့ကာ အမျိုးသား ၂၄ ဦး အဖမ်းဆီးခံရသည်ဟုဆိုသည်။

ရန်ကုန်မြို့၌ ဒီဇင်ဘာလအတွင်းကလည်း စစ်ကောင်စီကဖမ်းဆီးသည့်ဖြစ်စဉ် နှစ်ရာကျော်ရှိခဲ့ပြီး ဖမ်းဆီးခံရသူ ၆၀၀ ခန့်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်မှုထမ်းဖို့အတွက် စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးထားသူ ၇ဦး ထွက်ပြေးလွတ်မြောက်လာတဲ့အတွက် ကူညီစောင့်ရှောက်ထားတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။

ဆောင်းပါး

​အရင်က ကျေးလက်ဒေသတွေ၊ မြို့ငယ်တွေနဲ့ တိုင်းရင်းသားဒေသတွေမှာသာ ကြားလေ့ရှိတဲ့ "ပေါ်တာဆွဲတယ်" ဆိုတဲ့ ကြောက်မက်ဖွယ် စကားလုံးဟာ အခုဆိုရင် ရန်ကုန်မြို့ပြကြီးရဲ့ နေအိမ်တွေထဲအထိ ဝင်ရောက်လာပြီး ဧည့်ခန်းမှာ မိန့်မိန့်ကြီး နေရာယူလိုက်ပါပြီ။ မိဘတွေဟာ ကိုယ့်အိမ်ထဲမှာတင် ကိုယ့်သားသမီး ဘယ်အချိန် အဖမ်းခံရမလဲဆိုတဲ့ သောကနဲ့ ညစဉ် အိပ်မပျော်နိုင်ကြတော့ပါဘူး။

သတင်း

ဇနီးဖြစ်သူ​ဒေါ်ခင်စိုးရီက ခင်ပွန်းကိုပြန်လွတ်​ပေးဖို့ အာဏာသိမ်း​ခေါင်း​ဆောင်​တွေထံအသနားခံ