Connect with us

Hi, what are you looking for?

သတင်း

KNUတပ်မဟာ(၂) နယ်မြေတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ၊ ခဲယမ်းများ သိမ်းရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၂)နယ်မြေ တောင်ငူခရိုင် တစ်နေရာတွင် စစ်ကောင်စီတပ် စစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း ကရင်သတင်းရင်းမြစ်က ပြောသည်။

KNU တပ်မဟာ(၂)နယ်မြေ တောင်ငူခရိုင် တစ်နေရာတွင် စစ်ကောင်စီတပ်ခိုက်ခိုက်မှုအတွင်းမှ သိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - ပေးပို့

တောင်ပိုင်းစစ်ဒေသနယ်မြေတွင် တစ်ပတ်အတွင်း စစ်ကောင်စီတပ်အား ၁၈ကြိမ် တိုက်ခိုက်ခဲ့ဟု အသိပေး

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၂)နယ်မြေ တောင်ငူခရိုင် တစ်နေရာတွင် စစ်ကောင်စီတပ် စစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူး ပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း ကရင်သတင်းရင်းမြစ်က ပြောသည်။

ဖေဖော်ဝါရီ ၇ ရက်က ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် ရှမ်းလယ်ပြင်ဒေသ၌ စစ်ကောင်စီတပ်ကို KNLAပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားအချို့ သေဆုံးနေသည့် မှတ်တမ်းဓာတ်ပုံနှင့် စစ်ကောင်စီတပ်ထံမှ သိမ်းရသည့် လက်နက်ငယ် တစ်လက်နှင့် ၄၀မမ ဗုံးသီးများ၊ လက်နက်ကြီး ကျည်နှင့် လက်နက်ငယ်ကျည်များ သိမ်းဆည်းရရှိခဲ့မှု ဓာတ်ပုံမှတ်တမ်းကိုလည်း သတင်းရင်းမြစ်က ပြသသည်။

တိုက်ပွဲသတင်း အသေးစိတ်အခြေအနေများကို KNU ဘက်က သတင်းထုတ်ပြန်မှုမရှိသေးဘဲ ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

ထို့ပြင် ကရင်၊မွန်၊ တနင်္သာရီနှင့် ပဲခူးတိုင်း ဒေသများ ပါဝင်စုဖွဲ့ထားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်းစစ်ဒေသကလည်း ဖေဖော်ဝါရီ ပထမပတ်အတွင်း တောင်ပိုင်းစစ်ဒေသ နယ်မြေ၌ စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့မှု စစ်ရေး အခြေအနေများကို ယမန်နေ့က ထုတ်ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ KNU-KNLA၊ BPLA၊ FFD နှင့် အခြား တော်လှန်ရေးပူးပေါင်းအဖွဲ့ များပူးပေါင်း၍ စစ်ကောင်စီတပ်အား ၁၈ ကြိမ်ခန့် သွားရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သားစုစုပေါင်း ၅၀ဦးနှင့် အထက် သေဆုံးကာ ၂၀ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

စခန်းသိမ်းတိုက်ပွဲအနေဖြင့် တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂)စစ်ဒေသခွဲ၊ ဗျူဟာ (၂၇)တပ်ရင်းတပ်ဖွဲ့များ၊ နဂါးဖြူစစ်ကြောင်း၊ တောင်ညိုစစ်ကြောင်း၊ LDF၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် မဟာမိတ်များဖြစ်သည့် KNLA၊ BPLA၊ FFD ဒရုန်းအဖွဲ့တို့ ပူးပေါင်း၍ ဘီးလင်းမြို့နယ်၊ မဲပလီဗျူဟာစခန်းကုန်းအား ဖေဖော်ဝါရီ ၁ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

အဆိုပါ မဲပလီစခန်းသိမ်းတိုက်ပွဲမှ လက်နက်မျိုးစုံ ၄၂လက် ရရှိထားပြီး စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် ၂၉ဦး သေဆုံးကာ အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ဦး အရှင်ဖမ်းမိထားကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ထို့ပြင် မဲပလီစခန်းမှထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့များအနက် ၁၉ဦးကို ထပ်မံအရှင်ဖမ်းမိထားကြောင်း မဲပလီစခန်းသိမ်းတိုက်ပွဲ၌ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံ ဖမ်းဆီးနိုင်မှု သတင်းကို ကြားသိရသော်လည်း တရားဝင် သတင်းပေးပို့ချက်မရသေးဟု KNU တပ်မဟာ(၁) သထုံခရိုင်တာဝန်ရှိသူက ပြောပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာအနီး တိုက်ပွဲမှာ စစ်တပ်က ၁၂ဦးသေဆုံးပြီး လက်နက် ၈လက် သိမ်းရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီး(လယ်ဒို)မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ (၅၄)နှစ်အရွယ် အမျိုးသမီး ၁ဦး သေဆုံးခဲ့ရကြောင်း KNU ညောင်လေးပင်ခရိုင်က ထုတ်ပြန်ပါတယ်။

Facebook