Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းတပ်သားသစ်တစ်ဦး နေပြည်တော် ပကဖထံ လက်နက်နှင့်အတူ အလင်းဝင်လာ

စစ်ကောင်စီက အတင်းအဓမ္မလူသစ်စုစောင်းခံရသည့် တပ်သားတစ်ဦး လက်နက်နှင့်အတူအလင်းဝင်ရောက်လာကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ – နေပြည်တော်မှ တိုင်း တာဝန်ခံ ကိုနောင်ချိုက လူထုနွေဦးသို့ ပြော သည်။

လက်နက်ခဲယမ်းများနှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာသော စစ်မှုထမ်းတပ်သားတစ်ဦးနှင့် နေပြည်တော် ပကဖ မှ တာဝန်ရှိသူများကို တွေ့ရစဥ်။ ဓာတ်ပုံ - နေပြည်တော် ပကဖ

ကျော်ဇော/People’s Spring

စစ်ကောင်စီက အတင်းအဓမ္မလူသစ်စုစောင်းခံရသည့် တပ်သားတစ်ဦး လက်နက်နှင့်အတူအလင်းဝင်ရောက်လာကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ နေပြည်တော်မှ တိုင်းတာဝန်ခံ ကိုနောင်ချိုက လူထုနွေဦးသို့ ပြော သည်။

ရှမ်းပြည်နယ်၊ ကျိုင်းခမ်းမြို့အခြေစိုက် ခမရ-၅၁၀ မှ စစ်မှုထမ်းအပတ်စဥ်တစ်တစ်ခု၏ တပ်သားသစ်တစ်ဦးဖြစ်သူ တပ်သားရန်နိုင်ကျော်အား နေပြည်တော်- ဒက္ခိဏခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ခေါ်ထုတ်ခဲ့ခြင်းဟု ၎င်းက ပြောသည်။

“အခုဟာက ကျနော်တို့တပ်ဖွဲ့ထံကို နှစ်ကြိမ်မြောက် ရောက်လာတာပေါ့နော်။ ပထမအ ကြိမ်တုန်းကတော့ စစ်မှုထမ်းတပ်သားရှစ်ဦးက ရှေ့တန်းတွေရောက်လာရင်းက ပြည်သူ့ဘက်ခိုလှုံလာတာဖြစ်လို့ ခက်ခက်ခဲခဲခေါ်ထုတ်ခဲ့ရတာမျိုးရှိတယ်။ အခု ဒုတိယအကြိမ်မှာတော့ အဲဒီလောက်အခက်အခဲမရှိခဲ့ဘူး။ ဘာကြောင့်လည်းဆိုတော့ ဒေသတွင်းတပ် ရင်းတပ်ဖွဲ့တွေက ခေါ်ထုတ်လာပြီး အဆင့်ဆင့်လွှဲပြောင်းလက်ခံရတာဖြစ်လို့ လမ်းတဝက် ကနေသွားကြိုပြီး ခေါ်ခဲ့ရတာ”ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည်တော်မှ တိုင်းတာဝန်ခံ ကိုနောင်ချိုက ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာသော တပ်သား ရန်နိုင်ကျော်နှင့်အတူ MA-1အမျိုးအစားသေ နတ်တစ်လက်၊ ကျည် (၉၀)တောင့်နှင့် ကျည်ဘောက်သုံးဘောက်ယူဆောင်လာပြီး တပ်ဖွဲ့ထံအပ်နှံလာခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့ကြောင့် တိုင်း၊ခရိုင် ဦးဆောင်အဖွဲ့မှ လွှဲပြောင်းလက်ခံယူခဲ့ပြီး တပ်သား၏ အချက်အလက်များအား စစ်ဆေးမေးမြန်း၍ မှတ်တမ်းတင်ခြင်း လုပ်ငန်းစဉ်တို့ကို ဆောင်ရွက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့-နေပြည် တော်က အသိပေးသည်။

ပြီးခဲ့သည့် ဇန်နဝါရီအတွင်းကလည်း ရှမ်း ပြည်နယ်၊ ပင်လောင်းမြို့နယ်ရှေ့တန်းစခန်းများမှနေ၍ စစ်ကောင်စီတပ် တပ်စိပ်မှုတစ်ဦးအပါအဝင် ခုနစ်ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ နေပြည်တော်-ပြည်သူ့ကာကွယ် ရေးအဖွဲ့ထံ ဘက်ပြောင်းခိုလှုံခဲ့သေးသည်။

သို့ဖြစ်ရာ စစ်ကောင်စီ၏ လက်အောက်တွင် ဆက်လက်အမှုထမ်းနေသော တပ်သားများအနေဖြင့် အာဏာရှင်တစု၏ အကျိုးအတွက်ဆောင်ရွက်နေခြင်းအား အမြန်ဆုံးစွန့် လွှတ် ၍၊ ပြည်သူ့နှင့် ပူးပေါင်းရန် ပြည်သူ့ကာကွယ် ရေးအဖွဲ့-နေပြည်တော်က အလေးအနက် တိုက်တွန်းထားပြီး စစ်အာဏာရှင်ကို စွန့်ခွာ၍ ပြည်သူကို မျက်နှာမူမည်ဆိုပါက ပြည်သူ့ရင်ခွင်ဌာနနှင့် ချိတ်ဆက်နိုင်ကြောင်းလည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာ မိုးကြီးပြီး မြို့ပေါ်ရပ်ကွက်အချို့နဲ့ ဆေးရုံကို တောင်ကျရေတွေနဲ့ ရွှံ့နွံတွေစီးဝင်လာတဲ့အတွက် လူနာတွေနဲ့ဒေသခံတွေကိုအရေးပေါ်ရွှေ့ပြောင်းခဲ့ရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။