Connect with us

Hi, what are you looking for?

သတင်း

ပဒါန်းမြို့ရှိ တပ်စခန်း CDF အရှိုတိုက်ခိုက်မှု စစ်ကောင်စီတပ်သားများ ထွက်ပြေး

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့အနောက်ဘက် ပျဉ်းဝစစ်ဆေးရေးဂိတ်အနီးရှိ ဘုရားတောင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကုန်းအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့များ စခန်းစွန့် ထွက်ပြေးသွားကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) -အရှို ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။

ဟန်နွေ/People’s Spring

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့အနောက်ဘက် ပျဉ်းဝစစ်ဆေးရေးဂိတ်အနီးရှိ ဘုရားတောင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကုန်းအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့များ စခန်းစွန့် ထွက်ပြေးသွားကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) -အရှို ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။

ဖေဖော်ဝါရီ ၉ရက် နေ့လည်ပိုင်းက အဆိုပါ တပ်စခန်းကို CDF – အရှိုက တိုက်ခိုက်ခဲ့ရာ အနီးကပ် တိုက်ခိုက်စဉ် စစ်ကောင်စီတပ်က အနည်းငယ်ပြန်လည်ပစ်ခတ်ပြီး စခန်းစွန့်ထွက်ပြေးသွားဟု ချင်းဒေသကာကွယ်ရေးတပ်(CDF) -အရှိုက ယနေ့(ဖေဖော်ဝါရီ ၁၁ရက်) သတင်းထုတ်ပြန်သည်။

အဆိုပါ တပ်စခန်းတွင် အင်အား ၁၅ဦးခန့်သာရှိသည်ဟု ခန့်မှန်းကြောင်း CDF အရှို ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုမရှိဟုဆိုသည်။

Public Service Announcement

Public Service Announcement

“ပျဉ်း၀ဂိတ်ကို ကင်းချဖို့နဲ့ ဂိတ်လုံခြု့ရေးအတွက် တပ်စွဲထားတဲ့ စခန်းကုန်းလို့ ပြောရမှာပါ”ဟု ဆလိုင်းရိုးချင်းက ယခု တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီတပ်စခန်းကုန်းနေရာ အခြေအနေကို ပြောပြသည်။

CDF – အရှို ရဲဘော်များအနေဖြင့် ဘုရားတောင်စခန်းကုန်းပေါ်ရှိ စစ်ကောင်စီတပ်သားများ နေထိုင်သော အဆောင်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း အသိပေးသည်။ ထို့အပြင် ပျဉ်းဝစစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီ တပ်သားအာလုံးလည်း ပဒါန်းမြို့အနီး စစ်ကောင်စီစခန်းများ ဘက်သို့ ထွက်ပြေးသွားကြောင်း ထုတ်ပြန်သည်။

တိုက်ပွဲအပြီး တစ်ရက်ခန့်အကြာတွင် ဘုရားတောင်စခန်းကုန်းအနီးရှိ ဂုတ်ဝနှင့် ရေနွယ် အရှိုချင်းကျေးရွာများမှ အပြစ်မဲ့အရပ်သားပြည်သူများအား စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ဟုလည်း ဖော်ပြထားသည်။

“ကျနော်တို့က စစ်ဆင်ရေးပြုလုပ်တဲ့အခါ အရပ်သားပြည်သူတွေ ကျေးရွာတွေနဲ့ နီးစပ်တဲ့ဒေသတွေကိုလည်း ဒီနောက်ပိုင်းမှာ လုပ်ဆောင်လာရတာရှိပါတယ်။ ဒီလိုမျိုး လုပ်ဆောင်တဲ့အခါမှာတော့ အခုလိုမျိုးပဲ တိုက်ခိုက်မှု ပြီးတဲ့အခါမှာ ရပ်ရွာမှာ အေးအေးဆေးဆေးနေထိုင်တဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးတာမျိုး ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာမျိုး လုပ်တယ်ပေါ့နော်။ ဒီလိုမျိုးလုပ်ခံရတဲ့အခါမှာ အရပ်သား ပြည်သူတွေဘက်ကနေ တိုက်ပွဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဖမ်းဆီးခံရမှုတွေဖြစ်တယ်ဆိုပြီး တော်လှန်ရေးအဖွဲ့တွေကို အပြစ်မြင်တယ်ဆိုတာထက် ငြိုငြင်တာမျိုး စိတ်မကောင်းဖြစ်တာမျိုးတွေရှိနိုင်ပါတယ်။ ဒီအတွက် ကျနော်တို့ကို နားလည်ပေးဖို့ အတက်နိုင်ဆုံး ပူးပေါင်းပါဝင်ပေးကြဖို့ကိုပဲ သတင်းစကားပါးချင်ပါတယ်” ဟု ဆလိုင်းရိုးချင်းက ပြောသည်။

CDF အရှိုသည် မကွေး-ရခိုင် အစပ်ဒေသများ၌ စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိရာ ၂၀၂၄ ဒီဇင်ဘာနှင့် ယခုနှစ် ဇန်နဝါရီအတွင်း ရခိုင်ပြည်နယ်မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။