Connect with us

Hi, what are you looking for?

သတင်း

ပဒါန်းမြို့ရှိ တပ်စခန်း CDF အရှိုတိုက်ခိုက်မှု စစ်ကောင်စီတပ်သားများ ထွက်ပြေး

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့အနောက်ဘက် ပျဉ်းဝစစ်ဆေးရေးဂိတ်အနီးရှိ ဘုရားတောင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကုန်းအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့များ စခန်းစွန့် ထွက်ပြေးသွားကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) -အရှို ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။

ဟန်နွေ/People’s Spring

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့အနောက်ဘက် ပျဉ်းဝစစ်ဆေးရေးဂိတ်အနီးရှိ ဘုရားတောင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကုန်းအား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့များ စခန်းစွန့် ထွက်ပြေးသွားကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) -အရှို ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။

ဖေဖော်ဝါရီ ၉ရက် နေ့လည်ပိုင်းက အဆိုပါ တပ်စခန်းကို CDF – အရှိုက တိုက်ခိုက်ခဲ့ရာ အနီးကပ် တိုက်ခိုက်စဉ် စစ်ကောင်စီတပ်က အနည်းငယ်ပြန်လည်ပစ်ခတ်ပြီး စခန်းစွန့်ထွက်ပြေးသွားဟု ချင်းဒေသကာကွယ်ရေးတပ်(CDF) -အရှိုက ယနေ့(ဖေဖော်ဝါရီ ၁၁ရက်) သတင်းထုတ်ပြန်သည်။

အဆိုပါ တပ်စခန်းတွင် အင်အား ၁၅ဦးခန့်သာရှိသည်ဟု ခန့်မှန်းကြောင်း CDF အရှို ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုမရှိဟုဆိုသည်။

Public Service Announcement

Public Service Announcement

“ပျဉ်း၀ဂိတ်ကို ကင်းချဖို့နဲ့ ဂိတ်လုံခြု့ရေးအတွက် တပ်စွဲထားတဲ့ စခန်းကုန်းလို့ ပြောရမှာပါ”ဟု ဆလိုင်းရိုးချင်းက ယခု တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီတပ်စခန်းကုန်းနေရာ အခြေအနေကို ပြောပြသည်။

CDF – အရှို ရဲဘော်များအနေဖြင့် ဘုရားတောင်စခန်းကုန်းပေါ်ရှိ စစ်ကောင်စီတပ်သားများ နေထိုင်သော အဆောင်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း အသိပေးသည်။ ထို့အပြင် ပျဉ်းဝစစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီ တပ်သားအာလုံးလည်း ပဒါန်းမြို့အနီး စစ်ကောင်စီစခန်းများ ဘက်သို့ ထွက်ပြေးသွားကြောင်း ထုတ်ပြန်သည်။

တိုက်ပွဲအပြီး တစ်ရက်ခန့်အကြာတွင် ဘုရားတောင်စခန်းကုန်းအနီးရှိ ဂုတ်ဝနှင့် ရေနွယ် အရှိုချင်းကျေးရွာများမှ အပြစ်မဲ့အရပ်သားပြည်သူများအား စစ်ကောင်စီက ဖမ်းဆီးခဲ့သည်ဟုလည်း ဖော်ပြထားသည်။

“ကျနော်တို့က စစ်ဆင်ရေးပြုလုပ်တဲ့အခါ အရပ်သားပြည်သူတွေ ကျေးရွာတွေနဲ့ နီးစပ်တဲ့ဒေသတွေကိုလည်း ဒီနောက်ပိုင်းမှာ လုပ်ဆောင်လာရတာရှိပါတယ်။ ဒီလိုမျိုး လုပ်ဆောင်တဲ့အခါမှာတော့ အခုလိုမျိုးပဲ တိုက်ခိုက်မှု ပြီးတဲ့အခါမှာ ရပ်ရွာမှာ အေးအေးဆေးဆေးနေထိုင်တဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးတာမျိုး ရိုက်နှက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတာမျိုး လုပ်တယ်ပေါ့နော်။ ဒီလိုမျိုးလုပ်ခံရတဲ့အခါမှာ အရပ်သား ပြည်သူတွေဘက်ကနေ တိုက်ပွဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဖမ်းဆီးခံရမှုတွေဖြစ်တယ်ဆိုပြီး တော်လှန်ရေးအဖွဲ့တွေကို အပြစ်မြင်တယ်ဆိုတာထက် ငြိုငြင်တာမျိုး စိတ်မကောင်းဖြစ်တာမျိုးတွေရှိနိုင်ပါတယ်။ ဒီအတွက် ကျနော်တို့ကို နားလည်ပေးဖို့ အတက်နိုင်ဆုံး ပူးပေါင်းပါဝင်ပေးကြဖို့ကိုပဲ သတင်းစကားပါးချင်ပါတယ်” ဟု ဆလိုင်းရိုးချင်းက ပြောသည်။

CDF အရှိုသည် မကွေး-ရခိုင် အစပ်ဒေသများ၌ စစ်ကောင်စီတပ်ကို တိုက်ခိုက်လျက်ရှိရာ ၂၀၂၄ ဒီဇင်ဘာနှင့် ယခုနှစ် ဇန်နဝါရီအတွင်း ရခိုင်ပြည်နယ်မှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း ရေလယ်ကျွန်းဒေသရှိ ကျေးရွာတွေကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးရာမှာ ရက်သတ္တပတ် သုံးပတ်တာကာလအတွင်း ဒေသခံပြည်သူ ၁၈ ဦး သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသတွင်း တော်လှန်ရေးအဖွဲ့အချို့ ထံကနေ သိရပါတယ်။

သတင်း

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ စစ်တပ်က ဂွေးပင်လေးရွာကို ဝင်စီးပြီး နေအိမ်တွေကို မီးရှို့ကာ ကျပ်သိန်း ၄၀၀ကျော်ဖိုး ခိုးယူသွားကြောင်း ဒေသခံများက ပြော​ပါတယ်။

သတင်း

စစ်ကောင်စီတပ်တွင်း၌ အရာရှိများက ဝါဒဖြန့်ထားသလို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရ၊ လက်နက်ချအလင်းဝင်ပါက တော်လှန်ရေးတပ်ဖွဲ့များက သတ်ဖြတ်သည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ချင်းဒေသကာကွယ်ရေးတပ်(CDF) -အရှို ဖမ်းမိထားသည့် စစ်သုံ့ပန်း လူငယ်တပ်သားသစ်များက ပြောသည်။

သတင်း

စစ်ကိုင်းနှင့် မကွေးတိုင်းတို့တွင် စစ်ကောင်စီ၏ အဓမ္မစုဆောင်းထားသော စစ်မှုထမ်းဥပဒေမှ တပ်သားသစ်ငါးဦး အလင်းဝင်လာကြောင်း သက်ဆိုင်ရာတပ်ဖွဲ့များက ယနေ့(မတ်လ ၄ ရက်) ထုတ်ပြန်သည်။