Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ်တွင် ပျူစောထီးအားကောင်းသည့် ညောင်ပင်ကွင်းရွာအား စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၊ နေအိမ်များ မီးလောင်

တနင်္သာရီမြို့နယ်၊ ထုံခါ – မောတောင်လမ်းပိုင်းရှိ ညောင်ပင်ကွင်းကျေးရွာအား စစ်ကောင်စီက ယမန်နေ့ တစ်ရက်တည်းတွင် လေကြောင်းတိုက်ခိုက်မှု (၄)ကြိမ်ပြုလုပ်ခဲ့ပြီး မီးလောင်ဗုံးများပါ ကြဲချတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)မှ ပြောခွင့်ရသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ညောင်ပင်ကွင်း(အရှေ့ကမ်း)ရွာအား စစ်ကောင်စီက မီးလောင်ဗုံးများကြဲချ၍ ပြည်သူ့နေအိမ်များ မီးလောင်ပျက်စီးနေစဥ်။ ဓာတ်ပုံ - တနင်္သာရီ ပကဖ ဇုံ ၃

ကျော်ဇော/People’s Spring

တနင်္သာရီမြို့နယ်၊ ထုံခါ – မောတောင်လမ်းပိုင်းရှိ ညောင်ပင်ကွင်းကျေးရွာအား စစ်ကောင်စီက ယမန်နေ့ တစ်ရက်တည်းတွင် လေကြောင်းတိုက်ခိုက်မှု (၄) ကြိမ်ပြုလုပ်ခဲ့ပြီး မီးလောင်ဗုံးများပါ ကြဲချတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)မှ ပြောခွင့်ရသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၅နာရီအချိန်ခန့်တွင် ညောင်ပင်ကွင်းရွာ(အရှေ့ကမ်း)အား စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် (၂) ကြိမ်၊ ရဟတ်ယာဥ်ဖြင့် (၂)ကြိမ် စုစုပေါင်း (၄)ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နေအိမ်များ မီးလောင်ပျက်စီးမှု များပြားကြောင်း ၎င်းက ပြောသည်။

“မီးလောင်ဗုံးနဲ့ လာကြဲတာပါ”ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁) မှ ပြောခွင့်ရသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ညောင်ပင်ကွင်းရွာ (အရှေ့ကမ်း)အား အကြောင်းမဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုအတွင်း ဒေသခံပြည်သူ ထိခိုက်မှုရှိ၊မရှိ မသိရသေးပေ။

စစ်ကောင်စီတပ်၏ မီးလောင်ဗုံးကြဲချတိုက်ခိုက်ခံရသည့် ညောင်ပင်ကွင်းကျေးရွာသည် တနင်္သာရီမြို့နယ်အတွင်း ပျူစောထီးအားကောင်းသည့် ကျေးရွာများအနက် တစ်ရွာအပါအဝင်ဖြစ်ပြီး စစ်ကောင်စီတပ်ရန်ကြောင့် ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

“ညောင်ပင်ကွင်းရွာက လုပုဂ္ဂိုလ်အချို့ဟာ ၅၆၁ တပ်ရင်းနဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိပြီး စစ်တပ်နဲ့ပေါင်းထားရင် ဒုက္ခမပေးဘူးလို့အထင်ရှိကြတယ်။ အကြမ်းဖက်စစ်တပ်ဟာ သူတို့စစ်ရေးအသာစီးရဖို့ဆိုရင် ထမင်းကျွေးတဲ့လက်ကို ပြန်ကိုက်ဖို့ ဝန်မလေးတဲ့ တိရစ္ဆာန်ထက် ယုတ်ညံ့တယ်ဆိုတာ မနေ့ကညောင်ပင်ကွင်းရွာကို မီးလောင်တိုက်သွင်းပြီး သက်သေပြခဲ့ပြီ။ စစ်အာဏာသိမ်းပြီး လေးနှစ်ကာလအတွင်း တနင်္သာရီမြို့နယ်မှာ ညောင်ပင်ကွင်းရွာဖြစ်စဉ်သည် အကြီးမားဆုံး ဆုံးရှုံးမှုတစ်ခုဖြစ်ပါတယ်”ဟု တနင်္သာရီ တိုင်းစစ်ဒေသခွဲမှ တာဝန်ရှိသူတစ်ဦးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ယခုညောင်ပင်ကွင်းရွာဖြစ်စဥ်၌ အပြစ်မဲ့ပြည် သူများ၏ နေအိမ်များ၊ သာသနိကအဆောက်အဦးများပါမကျန် ပျက်စီးဆုံးရှုံးခဲ့ရပြီး စစ်ကောင်စီ သက်ဆိုးရှည်နေသမျှ ဘယ်နေရာမှ မငြိမ်းချမ်းသလို ၎င်းတို့နှင့်နီးစပ်၍လည်း မည်သူမှ ချမ်းသာမပေးဘူးဆိုသည်ကို ကောင်းစွာသိထားရန်လိုကြောင်း ဖော်ပြသည်။

“အခုချိန်မှာတော့ အားတင်းထားကြပါဆိုတဲ့စကားကလွဲလို့ နှစ်သိမ့်စရာလဲ မရှိတော့ပါဘူး။တတ်နိုင်သလောက် အကောင်းဆုံး ရုန်းကန်ကြတာပေါ့။ညောင်ပင်ကွင်းရွာ၊ ထုံမခါ ရွာ နှင့် သိန်ခွန်းရွာက စစ်ဘေးသင့်ပြည်သူများ၊ နေအိမ်ဆုံးရှုံးခဲ့ရသူများအားလုံး အကြမ်းဖက် စစ်အာဏာရှင်ပြုတ်ကျတဲ့အထိ အားတင်းပေးထားကြပါလို့ပဲ ပြောပါရစေဗျာ”ဟု တနင်္သာရီတိုင်း စစ်ဒေသခွဲမှ တာဝန်ရှိသူက သတင်းစကားပါးသည်။

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်မှ ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းအား ပြန်လည်စိုးမိုးနိုင်ရေး ကြိုးပမ်းလျှက်ရှိရာ ယင်းလမ်းပိုင်း၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များကြား တိုက်ပွဲများဖြစ်ပြီး စစ်ရေးတင်းမာလျှက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေကျောက်ဝိုင်းအတွင်းမှာ ပျူစောထီးတွေ ခြိမ်းခြောက်ငွေတောင်းနေလို့အခက်အခဲ ဖြစ်နေကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။