Connect with us

Hi, what are you looking for?

သတင်း

တရုတ်အစိုးရ၏ ဖိအားပေးမှုဖြင့် ဆွေးနွေးပွဲ ပြုလုပ်နေစဉ် စစ်ကောင်စီက TNLA နယ်မြေကို လေကြောင်းမှထပ်မံတိုက်ခိုက်

တရုတ်အစိုးရ၏ စီစဉ်မှုဖြင့် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီ ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ကူမင်းမြို့၌ ဆွေးနွေးနေချိန်မှာပင် စစ်ကောင်စီက TNLA ထိန်းချုပ်နယ်မြေ ကွတ်ခိုင်-နမ္မတူ အစပ်နေရာနှင့် နောင်ချိုမြို့နယ်တောင်းခမ်း ဒေသကို လေကြောင်းမှထပ်မံ တိုက်ခိုက်ခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ်အချို့က ပြောသည်။

စစ်​ကောင်စီက ​ဖေ​ဖော်ဝါရီ ၁၅ ရက်တွင် TNLA နှင့် မဟာမိတ်များသိမ်းပိုက်ထား​​သော ​နောင်ချိုမြို့နယ်အတွင်း ဗုံးကြဲခံ​သောစစ်​ကောင်စီ၏ Y12 ​လေယာဥ်။ ဓါတ်ပုံ-TNLA

■ကချင်ပြည်နယ် ရှိနေရာ နှစ်ခုကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်မှု ပြည်သူ ၄ ဦးထက်မနည်းသေဆုံး

ဟန်နွေ/People’s Spring

တရုတ်အစိုးရ၏ စီစဉ်မှုဖြင့် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီ ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ကူမင်းမြို့၌ ဆွေးနွေးနေချိန်မှာပင် စစ်ကောင်စီက TNLA ထိန်းချုပ်နယ်မြေ ကွတ်ခိုင်-နမ္မတူ အစပ်နေရာနှင့် နောင်ချိုမြို့နယ်တောင်းခမ်း ဒေသကို လေကြောင်းမှထပ်မံ တိုက်ခိုက်ခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ်အချို့က ပြောသည်။

TNLAနှင့် စစ်ကောင်စီ ကိုယ်စားလှယ်တို့သည် ဖေဖော်ဝါရီ ၁၆ရက်မှစ၍ ကူမင်းမြို့တွင်ဆွေးနွေးနေခြင်းဖြစ်ပြီး ဆွေးနွေးပွဲရလဒ်ကိုမူမသိရ​သေးဘဲ၊ TNLAတာဝန်ရှိသူများထံ မေးမြန်းထားဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

“တရုတ်အစိုးရရဲ့ ဖိအားပေးမှုကြောင့် စစ်ကောင်စီနဲ့ TNLA တပ်ဖွဲ့များ ဆွေးနွေးနေချိန် စစ်ကောင်စီက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မှာ လေကြောင်း တိုက်ခိုက်မှုတွေပိုမိုလုပ်ဆောင်လာတာ တွေ့ရှိနေရပါတယ်။ရှမ်းမြောက်မှာဆိုရင်တော့ TNLAနဲ့ စစ်ကောင်စီ တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေတဲ့ နောင်ချိုမြို့နယ် တောင်းခမ်းဒေသကို စစ်ကောင်စီက နေ့စဉ်ရက်ဆက်ဆိုသလိုပဲ လက်နက်ကြီးတွေရော ဒရုန်းတွေရောလေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုတွေရော နေ့စဉ်တိုက်ခိုက်နေတာတွေ့နေရပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ဖေဖော်ဝါရီ ၁၇ရက်ည ၈နာရီခွဲက ရှမ်းမြောက် ကွတ်ခိုင်-နမ္မတူ အစပ်ကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၈ရက်နေ့လည်၂နာရီ ၁၀မိနစ်တွင်နောင်ချိုမြို့နယ်တောင်းခမ်းဒေသကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့သည်ဟု ၎င်းကပြောသည်။

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ရှိ မြစေတီကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ​ဖေ​ဖော်ဝါရီ ၁၇ ရက်ည ၈နာရီခွဲမှာ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့သဖြင့် ဒေသခံပြည်သူ ၃ဦးသေဆုံးပြီး ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။အလားတူ ​ဖေ​ဖော်ဝါရီ ၁၇ ရက်ညနေ ၃နာရီ ဝန်းကျင်တွင် ကချင်ပြည်

နယ်၊ ဖားကန့်မြို့နယ်ရှိဝါရာဇွပ်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်ခဲ့၍ ​ဒေသခံပြည်သူ၁ဦးသေဆုံးပြီးနေအိမ် ၃လုံးမီးလောင်ပျက်စီးခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီကလက်ရှိပြည်တွင်းပဋိပက္ခကို နိုင်ငံရေးနည်းအရ ဆွေးနွေးအဖြေရှာမည်ဟု ပြောနေသော်လည်း လက်တွေ့မြေပြင်၌ အရပ်သားပြည်သူရှိရာ လေကြောင်းတိုက်ခိုက်နေခြင်းသည် အပြောနှင့် အလုပ်မညီသည့်အပြင် နိုင်ငံတကာ စစ်ရာဇဝတ်မှုကိုပြောင်ပြောင်တင်းတင်းချိုးဖောက်နေခြင်းဖြစ်ကြောင်းစစ်ရေး၊နိုင်ငံရေး လေ့လာသူ ဦးဇော်ဆန်က ပြောသည်။

“အခုလို တွေ့ဆုံဆွေးနွေးတဲ့အချိန်မှာ စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်နေတာဟာ တွေ့ဆုံဆွေးနွေးတဲ့နှစ်ဖက်အကြားမှာ ယုံကြည်မှုတည်ဆောက်ဖို့ အင်မတန်မှ ခက်သွားနိုင်ပါတယ်။ကျနော်ထင်တယ် စစ်ကောင်စီဘက်ကယူဆတာက လေကြောင်းတိုက်ခိုက်မှုဟာ ဖိအားတခုအနေနဲ့ ဖြစ်နိုင်ခြေရှိတယ်လို့ သူ့ဘက်ကယူဆသော်လည်းတော်လှန်ရေးတပ်ဖွဲ့အနေနဲ့တော့ ဒါတွေက ၂၀၂၁ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဘက်က လုပ်နေကျ အလုပ်ဖြစ်တော့ ထွေထွေထူးထူး တော်လှန်ရေးတပ်ဖွဲ့တွေဘက် ကိုတော့ အကျိုးသက်ရောက်မယ်လို့ မမြင်ပါဘူး။” ဟု ဦးဇော်ဆန်က TNLAနှင့် စစ်ကောင်စီ ဆွေးနွေးချိန် လေကြောင်းတိုက်ခိုက်မှု လုပ်ရပ်များအပေါ်မှတ်ချက်ပြုသည်။

TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်ကလည်း ဆွေးနွေးပွဲ ကျင်းပနေစဉ် စစ်ကောင်စီက တောင်းခမ်း၊ နောင်ချို၊ သပိတ်ကျဉ်း ဘက်ထိုးစစ်များ ပိုတိုးလာကြောင်း၊ နောင်ချို၊ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်တွင် လေကြောင်း ပျံသန်းပြီး လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ပြီးခဲ့သည့် ရက်ပိုင်းတွင် လူမှုကွန်ရက်၌ ရေးသားအသိပေးထားသည်။

“တရုတ်စီစဉ်တဲ့ တွေ့ဆုံဆွေးနွေးပွဲနဲ့ မြန်မာ့ပြည်တွင်းစစ်ပါ။ အရင်းနှီးကတော့ နေ့စဉ်နှင့်အမျှကြီးနေဆဲ”ဟု ဗိုလ်ချုပ်တားဘုန်းကျော်က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

​ရွှေကူမြို့အနီးတိုက်ပွဲစစ်တပ် ​သေဆုံးထိခိုက်သူများ​နေ

သတင်း

ကချင်ပြည်နယ်မှာ အာဏာသိမ်းစစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ နေ့စဉ် ပြုလုပ်နေပြီး ဒေသအချို့မှာ စစ်ရေးတင်းမာနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဒီကနေ့ ဖော်ပြပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာ ပေါက်ကွဲမှု ဖြစ်စဉ်မှာ ထိခိုက်ပျက်စီးခဲ့တဲ့ အိမ်ခြေ ၄၉၅ လုံးအတွက် ထောက်ပံ့ငွေ ကျပ်သိန်းပေါင်း ၆၈၄၇၂သိန်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း TNLAက ထုတ်ပြန်ပါတယ်။

သတင်း

ဗန်းမော်မြို့ကိုဗဟိုပြုပြီးယမန်နေ့ ညပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၅ အဆင့် ငလျင်လှုပ်သွားပြီး ဖားကန့်အပါအဝင်ကချင်ပြည်နယ်က​ဒေသအများစုမှာ မြငလျင်လှုပ်ရှားတာကို သိရှိခံစားလိုက်ရပါတယ်။