Connect with us

Hi, what are you looking for?

သတင်း

ပုသိမ် – မုံရွာလမ်းပိုင်း၌ ကျောက်မီးသွေးတင်ကားဖြင့်ပုံဖျက်လာသည့် စစ်ကောင်စီတပ်သားများ နှစ်ရက်ဆက် တိုက်ခိုက်ခံရ

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ ရှမ်းတပ်ကြီးစခန်းဘက်မှနေ၍ ပုသိမ် – မုံရွာလမ်းအတိုင်း ကျောက်မီးသွေးတင်ကားဖြင့် ပုံဖျက်လာသည့် စစ်ကောင်စီတပ်သားများအား နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ကြောင်း အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ပြောခွင့်ရသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အထက်မင်းလှ ပကဖ နှင့် PIO/PIA ပူးပေါင်းတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံ - အထက်မင်းလှ ပကဖ

ကျော်ဇော/People’s Spring

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ ရှမ်းတပ်ကြီးစခန်းဘက်မှနေ၍ ပုသိမ် – မုံရွာလမ်းအတိုင်း ကျောက်မီးသွေးတင်ကားဖြင့် ပုံဖျက်လာသည့် စစ်ကောင်စီတပ်သားများအား နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ကြောင်း အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ပြောခွင့်ရသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီ၏ ရှမ်းတပ်ကြီးစခန်းနှင့် တစ်မိုင်ခွဲအကွာ ပုသိမ်-မုံရွာလမ်းအတိုင်း ဖေဖော်ဝါရီ ၁၇ ရက်က ကျောက်မီးသွေးတင်တွဲကားဖြင့် ပုံဖျက်လိုက်လာသည့် စစ်ကောင်စီတပ်သားများအား အထက်မင်းလှ ပကဖ၊ ပြည်သူ့လွတ်လပ်ရေးအဖွဲ့/ပြည်သူ့လွတ်လပ်ရေးတပ်တော်(PIO/PIA ) ပူးပေါင်းတပ်များက ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ကလည်း MA 15 အလတ်စားစက်သေနတ်(ငါးကြင်းမြှီး)၊ RPG၊ ၄၀ မမ ဗုံးပစ်လောင်ချာ၊ Drone များ အသုံးပြု ပြန်လည်ပစ်ခတ်ခဲ့ပြီး ၎င်းတို့ဘက်မှ ငါးဦးထက်မနည်း ထိခိုက်ဒဏ်ရာရပြီး ပြန်ဆုတ်သွားရာ အဆိုပါ ငါးဦးမှာသေဆုံးသွားကြောင်း အတွင်းသတင်းရရှိထားသည် အထက်မင်းလှ ပကဖ ပြောခွင့်ရသူက ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် အဆိုပါအချက်နှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပေ။

ထို့နောက် ဖေဖော်ဝါရီ ၁၈ ရက်တွင်လည်း ရှမ်းတပ်ကြီးစခန်းဘက်မှ ပုသိမ် – မုံရွာလမ်းအတိုင်း လာသော စစ်ကောင်စီတပ်သားများအား မဟာမိတ်ပူးပေါင်းတပ်များက အနီးကပ်တိုက်ခိုက်ခဲ့ပြီး ရန်သူ့တပ်သားသုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း အထက်မင်းလှ ပကဖက အသိပေးသည်။

“၂ ရက် စစ်ကြောင်းက ရှမ်းတပ်ကြီးကလာတဲ့ စစ်ကြောင်းတွေပါ။ သူတို့က မင်းလှနဲ့ ပါဒါန်းဘက်ကနေပြီး ကျောက်မီးသွေးတွင်းသုံးတွဲကားကြီးတွေနဲ့ရော ဘုန်းကြီးကား အိမ်စီးကားတွေနဲ့ပါ အပြောက် အရပ်ဝတ်နဲ့ ရှမ်းတပ်ကြီးစခန်းကို အင်အားစုပြီးမှ တက်လာတာပါ”ဟု စစ်ကောင်စီတပ်လှုပ်ရှားမှုအခြေအနေကို အထက်မင်းလှ ပကဖမှ ပြောခွင့်ရသူက လူထုနွေဦးသို့ ပြောသည်။

အထက်ပါ နှစ်ရက်ဆက်တိုက်ခိုက်မှုတွင် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိအောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားများသည် ရှမ်းတပ်ကြီးသို့ ဆုတ်ခွာမှုအချို့ရှိသလို ရုပ်အလောင်းနှင့် ဒဏ်ရာရသူများအား အိမ်းစီးကားနှစ်စီးဖြင့်သယ်၍ မင်းလှမြို့ပေါ်သို့ ပြန်လည်ဆုတ် ခွာ သည်များလည်းရှိကြောင်း ပကဖ တာဝန်ရှိသူက ရှင်းပြသည်။

အလားတူ ဖေဖော်ဝါရီ ၁၇ ရက်က တိုက်ခိုက်မှုတွင် ပုံသိမ်-မုံရွာလမ်းပိုင်းသို့ သရက်မြို့၊ ကပစ(၁၂)မှ စစ်ကူပေးရန် လက်နက်ခဲယမ်းသယ်ဆောင်လာသော စစ်ကားသည် မင်းလှမြို့နယ်၊ ထန်းကိုင်းကျေးရွာအနီး မတော်တဆပေါက်ကွဲမှုဖြစ်ကာ လိုက်ပါလာသော စစ်ကောင်စီတပ်သားရှစ်ဦးတွင် နှစ်ဦးသေ၍ ခြောက်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်ဟု မင်းလှ ပကဖက အသိပေးသည်။

စစ်ကောင်စီတပ်သည် ပုသိမ် – မုံရွာလမ်းပိုင်း၌ တွဲကား၊ အိမ်စီးကား၊ ဘုန်းကြီးကားအပါအဝင် ပုံစံမျိုးစုံဖြင့် ပုံဖျက်၍ စစ်ရေးလှုပ်ရှားမှုများခပ်စိပ်စိပ်လုပ်ဆောင်နေ၍ ခရီးသွားမိဘပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်‌နေမှုများ၊ ၎င်းတို့တပ် အခြေချရာနေရာများနှင့် နီးကပ်စွာနေထိုင်ခြင်းများ၊ သွားလာနေထိုင်ခြင်းများမပြုလုပ်ကြရန် အထက်မင်းလှ ပကဖက ထုတ်ပြန်ထားသည်။

မင်းလှမြို့နယ်အတွင်း ခရီးသွားလာလှုပ်ရှားမှုများအား မနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း သွားလာလှုပ်ရှားကြရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ လုံခြုံရေးအစီအမံများအား တက်ကြွစွာ ထပ်မံ၍ပူးပေါင်းပါဝင်ဆောင် ရွက်ပေးကြရန် မေတ္တာရပ်ခံ ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့ကိုရောက်ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ဖောင်းပြင်မြို့နယ်ကို ဆန်တက်လာလို့ မြစ်ကမ်းဘေးကျေးရွာက ဒေသခံတွေ ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ.) ဖောင်းပြင်မြို့နယ်က အရေးပေါ် သတိပေးချက် ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်ဝှမ်း ဒေသကို အာဏာသိမ်းစစ်တပ် စစ်ကြောင်းတွေ ထိုးဖောက်ဝင်ရောက်နေတာ ခုခံဖို့ ပြုလုပ်နေတဲ့ ရေတာရှည်ဒိုင်း ကမ်ပိန်းမှာ ပြည်သူတွေ တက်နိုင်သလောက် ပါဝင်ပေးဖို့ ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က တိုက်တွန်းထားပါတယ်။

သတင်း

မန္တလေးတိုင်း မလှိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်​ကြောင်းကို ဒေသတွေင်း PDFနဲ့ ပကဖ ပူးပေါင်းတပ်က ခုခံတိုက်ခိုက်ခဲ့ရာ ၁၅ရက် ကြာ တိုက်ပွဲဖြစ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မြင်းခြံခရိုင် တပ်ရင်း(၁)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံခရိုင်၊မလှိုင်မြို့နယ်၊ အိမ်ကြီးတောရွာသို့ စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်စစ်​ကြောင်းကို ​ဒေသခံPDF နဲ့ ပကဖတို့ကတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အနည်းဆုံး ၂ဦးသေဆုံးပြီး ၁၀ဦး လက်နက်ချခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်ကဒီသတင်းထုတ်ပြန်ပါတယ်။