Connect with us

Hi, what are you looking for?

သတင်း

တပ်မ(၈၈)လက်အောက်ခံစစ်ကြောင်းကို နေပြည်တော်နှင့်သရက်ခရိုင်PDFများပူးပေါင်းတိုက်ခိုက်

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်-သာဂရလမ်းအတိုင်း ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသရက်ခရိုင်အမှတ်(၁)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

နေပြည်​တော်PDFတပ်ဖွဲ့ဝင်များကိုသင်တန်းဆင်းပွဲတစ်ခုတွင်​တွေ့ရစဥ်။ ဓာတ်ပုံ-​Naypyitaw PDF

ကျော်ဇော၊က​ဖေး/People’s Spring

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်-သာဂရလမ်းအတိုင်း ခြေလျင်စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းသရက်ခရိုင်အမှတ်(၁)တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

စစ်ကောင်စီတပ်မ ၈၈ လက်အောက်ခံ ထုတ်နှုတ်အင်အားများနှင့် ပျူများဖြင့် ဖွဲ့စည်းထားသည့် အင်အား ၉၀ ခန့်ပါစစ်ကြောင်းသည် ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်-သာဂရလမ်းပိုင်းအား နယ်မြေရှင်းလင်းရန် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့မှစတင်ကာ ၇ ရက်ကြာစစ်ကြောင်းထိုးလာခြင်းဟုအမှတ်(၁)တပ်ရင်းက အသိပေးသည်။

စစ်ကောင်စီဗိုလ်မှူးအောင်ဇော်ဖြိုး ဦးဆောင်သည့် အဆိုပါစစ်ကြောင်းသည် ကိုးပင်-သာဂရလမ်းပိုင်းပေါ်ရှိဆင်ပေါင်ဝဲမြို့နယ် ကိုးပင်ကျေးရွာမှစတင်ကာဘန်းကုန်းကျေးရွာအထိ နယ်မြေရှင်းလင်းရန် ကြိုးစားခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များကထိုစစ်ကြောင်းအား ကိုးပင်-သာဂရလမ်းပေါ်ရှိ ဝါးစိမြောင်ကျေးရွာနှင့် ကြက်မွေးနှုတ်ကျေးရွာအကြားတွင် ပဒေသာမိုင်းနှစ်တွဲအသုံးပြု၍ ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု သရက်ခရိုင် အမှတ်(၁)တပ်ရင်းမှတာဝန်ရှိသူကပြောသည်။

ဖောက်ခွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ခြောက်ဦးထက်မနည်းသေဆုံးခဲ့ပြီး (၁၀)ဦးကျော် ဒဏ်ရာရရှိသွားပြီး ဆင်ပေါင်ဝဲမြို့ဘက်သို့ တပ်ပြန်ဆုတ်သွားကြောင်း ၎င်းကဆက်​ပြောသည်။မိုင်းထောင်ထားသည့် သတ်ကွင်းအတွင်း ဝင်လာအောင် အချိန်ယူပြင်ဆင်ခဲ့ရသည်ဟု သရက်ခရိုင်အတွင်းမှ ကာကွယ်ရေးရဲဘော်တစ်ဦးကပြော
သည်။

“ထိထိမိမိဆော်နိုင်တာ။ဒါကြောင့်စကစ ဘက်က အထိနာတာ။လက်ရှိစစ်ရေးကတော့သတိအနေအထားရှိနေကြရတယ်” ဟု ဆင်ဖြူကျွန်းဒေသခံ PDFတစ်ဦးကပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရ​သောကြောင့် စစ်ကောင်စီတပ်များ ပြန်မဆုတ်မီ မိုင်းဆွဲတိုက်ခိုက်သည့် နေရာအနီးရှိ ပြည်သူပိုင်နေအိမ်နှစ်လုံးနှင့် တဲနှစ်လုံးအား စက် လကတ်များ၊ ၄၀ မမ ဗုံးသီးများဖြင့် ယမ်းသမ်းပစ်ခတ်သည့်အပြင် အဆောက်အအုံလေးလုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု အမှတ်(၁)တပ် ရင်းက ထုတ်ပြန်သည်။

“အိမ်နှစ်လုံးမှာ လူနေတယ်။ တဲနှစ်လုံးမှာတော့ မနေဘူး။ အိမ်ရှင်တွေက စစ်ကြောင်းသတင်းကြားလို့ အိမ်ပေါ်မှာရှိတဲ့ ပစ္စည်းတွေရွှေ့ထားတယ်”ဟု နေအိမ်နှင့်တဲများ မီးရှို့ဖျက်ဆီးခံလိုက်ရသည့် ပြည်သူများ၏အခြေ အနေကိုသရက်ခရိုင် အမှတ်(၁)တပ် ရင်းမှ တာဝန်ရှိသူကရှင်းပြသည်။

အထက်ပါစစ် ကြောင်းကို သရက်ခရိုင် အမှတ် (၁)တပ်ရင်း၊ နေပြည်တော်တပ်ရင်း (၉၀၂)နှင့် နေပြည်တော်တပ်ရင်း(၈၀၄)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပူး ပေါင်းတပ်မှ တော်လှန် ရေးရဲဘော်များအထိ အခိုက်မရှိခဲ့ကြောင်း ၎င်းတပ်ဖွဲ့များထံမှ သိရသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် နီးစပ်သောနေရာများတွင် ယှဉ်တွဲနေထိုင်ခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်းတို့မပြုလုပ်ရန် မေတ္တာရပ်ခံထားသည်။

မကွေးတိုင်းအတွင်း၌ လက်ရှိကာလတွင် ဆင်ဖြူကျွန်းမြို့နယ်အပြင် ပွင့်ဖြူ၊ စလင်း၊ အထက်မင်းလှမြို့နယ်တို့တွင်လည်း စစ်ရေးတင်းမာနေသည်

ဖေဖော်ဝါရီလ ၁၇ ရက်နှင့် ၁၈ရက်နေ့က အထက်မင်းလှမြို့နယ်၊ ပုသိမ် – မုံရွာ ကားလမ်းမကြီး တစ်နေရာတွင်စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်ကပြောသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီက ဂျက်ဖိုက်တာ၊ Y12တို့အပြင် စက်တပ်လေထီးများအသုံးပြု၍ တိုက်ခိုက်နေခြင်းကြောင့် လေကြောင်းအန္တရာယ်သတိပြုရန် ကာကွယ်ရေးတပ်ဖွဲ့များကသတိပေးထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အဲဒီနေ့ကတောင်ညိုလမ်းမှာမိုးတွေအုံ့နေခဲ့တယ်။ မှိုင်းပျပျ မိုးသားနောက်ခံနဲ့အတူ ဝါးလုံးစိမ်းတွေအပြည့်တင်ဆောင်လာတဲ့ကားတစ်စီးဟာ ချောက်ထဲထိုးကျနေခဲ့တယ်။ ဝါးတွေဟာ ပြန့်ကျဲနေသလို ချောက်ထဲမှာလည်း လူတွေဟာ ပိုးလိုးပက်လက် လဲကျနေခဲ့တယ်။

သတင်း

နေပြည်တော်မှာ ဝါးတွေတင်ဆောင်လာတဲ့ကားမှောက်လို့ ဝါးခုတ်တောင်သူ ၁၆ဦးသေဆုံးခဲ့ရတယ်လို့ လူမှုကယ်ဆယ်ရေး ပရဟိတ အသင်းအဖွဲ့ဝင်တစ်ဦးက လူထုနွေဦးကို ပြောပါတယ်။

သတင်း

နေပြည်တော် နဲ့ မိတ္တိလာမြို့အပါအဝင်မန္တလေးတိုင်းအတွင်းရှိ ​ဒေသအချို့မှာ ဒီနေ့ညနေပိုင်းလေပြင်း ရုတ်တရက်တိုက်ခတ်ပြီးထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

သတင်း

နေပြည်တော်ကို ဗဟိုပြုပြီး ဒီ‌နေ့ မတ်လ ၂၃ရက် ညနေပိုင်းမှာ လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၄ ဒဿမ၄အဆင့် ငလျင်ဟာ လှုပ်ရှားမှုပြင်းထန်ပြီး ဒေသခံတွေ လမ်းပေါ် ပြေးထွက်ခဲ့ကြရပါတယ်။