Connect with us

Hi, what are you looking for?

သတင်း

ပိုင်ဖြိုးသုအကယ်ဒမီရုပ်ကမ်ပိန်းကနေ ကန်ဒေါ်လာ နှစ်သိန်းကိုးသောင်းကျော်ရ

စစ်ဘေးရှောင်တွေအတွက် တန်ဖိုးထားရတဲ့ အကယ်ဒမီရုပ်ကို ကမ်ပိန်းပြုလုပ်တဲ့ တော်လှန်အနုပညာရှင်ပိုင်ဖြိုးသုရဲ့ ကမ်ပိန်းက အမေရိကန်ဒေါ်လာ နှစ်သိန်းကိုးသောင်းကျော်ရရှိခဲ့ပါတယ်။

ဆဏ်း/People’s Spring

စစ်ဘေးရှောင်တွေအတွက် တန်ဖိုးထားရတဲ့ အကယ်ဒမီရုပ်ကို ကမ်ပိန်းပြုလုပ်တဲ့ တော်လှန်အနုပညာရှင်ပိုင်ဖြိုးသုရဲ့ ကမ်ပိန်းက အမေရိကန်ဒေါ်လာ နှစ်သိန်းကိုးသောင်းကျော်ရရှိခဲ့ပါတယ်။

စုစုပေါင်း ၁၄၀၀၀ ကျော်က ဒီကမ်ပိန်းမှာပါဝင်ခဲ့ကြတာဖြစ်ပြီးတော့ မကြာခင်နာရီပိုင်းအတွင်းမှာ အကယ်ဒမီရုပ်ပိုင်ရှင်ကို သိကြရတော့မှာ ဖြစ်ပါတယ်။ ဒီဆုတွေကို ပိုင်ဖြိုးသုနဲ့အတူ ဒေါင်း အောင်မြင့်မြတ်တို့ပါဝင်ပြီး မဲနှိုက်တော့မှာဖြစ်ပြီးတော့မှာဖြစ်ပြီးတော့ အောက်ပါလင့်ခ်ကနေ Live ကိုအခုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

ဒီကမ်ပိန်းကို ဖေဖော်ဝါရီ ၁ ကနေ ၂၀ ရက်အထိပြုလုပ်ခဲ့တာဖြစ်ပြီး ‌တော်လှန်အနုပညာရှင်တွေကလည်း အင်တိုက်အားတိုက်ပါဝင်ပေးခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဒီကမ်ပိန်းကို လက်မှတ်ဈေးနှုန်းမသတ်မှတ်ပဲ လူတိုင်း တတ်နိုင်တဲ့ပမာဏနဲ့ ပါဝင်နိုင်တာဖြစ်ပြီး ပါဝင်သူတိုင်းကို ဂုဏ်ပြုမှတ်တမ်းထုတ်ပြန်ပေးခဲ့တာပါ။

နိုင်ငံပေါင်း ၂၀ ကျော်က ဒီကမ်ပိန်းမှာပါဝင်ခဲ့ပြီး စင်ကာပူနိုင်ငံက အများဆုံးပါဝင်ပေးကာ ပြည်တွင်းကပါဝင်မှုက ဒုတိယနေရာမှာရပ်တည်ခဲ့ပါတယ်။

ဆုအနေနဲ့ ပထမဆုကို ရွှေတစ်ကျပ်သားကြယ်ပါတဲ့ ပိုင်ဖြိုးသုရဲ့ အကယ်ဒမီရုပ် ၊ ဒုတိယဆုကို ပိုင်ဖြိုးသုရဲ့ လက်မှတ်ပုံပါတဲ့ ရွှေဆွဲကြိုး နဲ့ တတိယဆုကို တွယ်ချိတ်ပုံ နားကပ်သုံးစုံ မဲဖောက်ပေးသွားမှာပါ။

ဒီကမ်ပိန်းကရရှိတဲ့ငွေတွေအားလုံးကို စစ်ဘေးရှောင်တွေအတွက် အသုံးပြုသွားမယ်လို့ ပိုင်ဖြိုးသုကပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

ဆောင်းပါး

မြိုင်မြို့နယ်အနောက်ပိုင်းမှာ စစ်ရှောင်ရင်းနဲ့ ကျန်နေခဲ့တဲ့ နွားကလေးနှစ်ကောင်ဟာ တစ်လနီးပါးအကြာမှာသခင်နဲ့ ပြန်ဆုံခဲ့ကြပါတယ်။

Facebook