Connect with us

Hi, what are you looking for?

သတင်း

လေကြောင်းရက်ဆက်တိုက်ခိုက်နေလို့ မြိုင်မြို့နယ်က နေအိမ်တွေ ဗုံးခိုကျင်းတူးကြဖို့အပါအဝင် ကန့်သတ်ချက်အချို့ မြိုင်ပကဖ ထုတ်ပြန်

လေကြောင်းရက်ဆက်တိုက်ခိုက်ခံနေရတဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ လေကြောင်းရန်ကာကွယ်ဖို့အတွက် ဗုံးခိုကျင်းတူးကြဖို့နဲ့ ပြည်သူတွေသုံးတဲ့ စတားလင့်အင်တာနက်ယာယီပိတ်ဖို့အပါအဝင် ကန့်သတ်ချက်တချို့ကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က မတ်လ၃ရက်က ထုတ်ပြန်လိုက်ပါတယ်။

ဒီကနေ့ မနက်က လေကြောင်းတိုက်ခိုက်တာကြောင့် ပျက်စီးမှုတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

▪️ပြည်သူတွေ ဘေးကင်းရေးဆောင်တာမို့ မလိုက်နာရင် ဒဏ်ရိုက်မယ်လို့ ဗိုလ်လက်ယျာပြော

▪️ဒီကနေ့ လေကြောင်းတိုက်ခိုက်မှု ပြည်သူနှစ်ဦး ထိခိုက်

မေ/People’s Spring

လေကြောင်းရက်ဆက်တိုက်ခိုက်ခံနေရတဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ လေကြောင်းရန်ကာကွယ်ဖို့အတွက် ဗုံးခိုကျင်းတူးကြဖို့နဲ့ ပြည်သူတွေသုံးတဲ့ စတားလင့်အင်တာနက်ယာယီပိတ်ဖို့အပါအဝင် ကန့်သတ်ချက်တချို့ကို မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က မတ်လ၃ရက်က ထုတ်ပြန်လိုက်ပါတယ်။

Public Service Announcement

Public Service Announcement

မြိုင်မြို့နယ်အတွင်းကို တခြားမြို့နယ်ကလူတွေ ဝင်ရောက်မှုကို ကြီးကြပ်ဖို့ ၊စတားလင့်အင်တာနက်ကို တော်လှန်ရေးတပ်ဖွဲ့တချို့သာ သုံးစွဲခွင့်ပြုပြီး ပြည်သူတွေအသုံးပြုမှုကို ယာယီရပ်ဆိုင်းထားဖို့ ၊နေအိမ်တိုင်းတစ်လအတွင်း ဗုံးခိုကျင်းမဖြစ်မ နေတူးကြရန်၊ဗုံးခိုကျင်းတူးမှုကို ရပ်ကျေးပကဖအဖွဲ့များကိုယ်တိုင် စိစစ်ရန်နဲ့မလိုက်နာပါက ဒဏ်ကြေးငွေရိုက်ရန်၊အလှူ၊မင်္ဂလာဆောင်၊ပျော်ပွဲရွှင်ပွဲတွေကို ခွင့်ပြုချက်တင်ဖို့စတာတွေ ပါဝင်ပါတယ်။

ဖေဖော်ဝါရီ ၂၅ရက်ကနေ ဒီနေ့ (မတ်လ၄ရက်)အထိ တစ်ပတ်အတွင်း မြိုင်မြို့နယ်က ကျေးရွာတွေ လေကြောင်းတိုက်ခိုက်ခံနေရပြီးကလေးငယ်တွေအပါအဝင် ပြည်သူ၃၀ ကျော်အထိ သေဆုံးခဲ့ပြီးနောက် ယခုလို အမိန့်ကန့်သတ်ချက်တချို့ ထုတ်ပြန်လာတာပါ။

“စကစဘက်က လေကြောင်းတိုက်ခိုက်တာ ခပ်စိတ်စိတ်ဖြစ်လာတော့ကြ ဒီဗုံးခိုကျင်းတွေက မတူးလို့မရတော့ဘူး။ ဒီမှာက တစ်ရက်ကျော်လောက်ဖြစ်လိုက်၊ သူတို့ ထိခိုက်ဒဏ်ရာရမှာကြောက်လို့ ရပ်ကျေးတွေ၊ တိုက်နယ်တွေ၊ဇုန်တွေကို တာဝန်ပေးထားတာပါ။ ဒဏ်ရိုက်တာတွေရောပါတယ်။ ဒဏ်ရိုက်တာတော့ ဒီမြို့နယ်မှာ တစ်ဦးတစ်ယောက်မှ မရှိသေးပါဘူး။ သူတို့အသက် ဘေးကင်းလုံခြုံစေချင်တာပါ”လို့ မြိုင်ပကဖ ခေါင်းဆောင် ဗိုလ်လက်ယျာက ပြောပါတယ်။

တိုက်နယ်ပကဖတာဝန်ခံတစ်ဦးကလည်း “အခုကနေ့ ရော၊ညရော သေချာမအိပ်ရတာတပတ်လောက်ရှိပြီ။အလုပ်တွေလည်းအကုန်ရပ်ထားရတယ်။ရေနံမှော်ကအလုပ်သမားတွေလည်း ပြန်ကုန်ကြပြီ။လေယာဉ်တွေက ဆက်တိုက်ကိုကြဲနေတာ”လို့ ပြောပါတယ်။

ဒီနေ့လည်း မနက်၉နာရီ၄၅မိနစ်လောက်က ဘောင့်ဘင်ရွာနဲ့ ဆင်စိန်ရွာ ဘုန်းကြီးကျောင်းကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်သွားခဲ့တယ်လို့ သိရပါတယ်။

လေကြောင်းတိုက်ခိုက်လို့ ပြည်သူနှစ်ဦး ထိခိုက်ခဲ့ပြီး တစ်ဦးက စိုးရိမ်ရတယ်လို့ ဗိုလ်လက်ယျာက ပြောပါတယ်။

မတ်လ ၃ရက်နေ့က မကွေးတိုင်း မြိုင်နဲ့ ပေါက်မြို့နယ်တို့က ရေနံမှော်နဲ့ ကျေးရွာ ၈ရွာကို စစ်ကောင်စီက မနက် ၁နာရီကျော်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ ၁၅ဦးသေဆုံးပြီး ၂၀ဦးခန့် ဒဏ်ရာရရှိတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက ပြောထားပါတယ်။

စစ်ကောင်စီတပ် ဗုံးကြဲခဲ့တဲ့ နေရာက PDF စခန်းတွေလည်း မရှိဘဲ ကျေးရွာအားလုံးမှာ အရပ်သားတွေ နေထိုင်တဲ့ ကျေးရွာတွေဖြစ်တယ်လို့ မြိုင်ပကဖ တာဝန်ရှိသူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်ကလည်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့တဲ့ မြိုင်မြို့နယ်၊ ဆုံကုန်းကျေးရွာနဲ့ မတ်လ ၃ရက်က ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ကျေးရွာတွေဟာ ငါးမိုင် ဝန်းကျင်သာ ကွာဝေးတယ်လို့ သိရပါတဘ်။

ဆုံကုန်းကျေးရွာ ဘုန်းကြီးကျောင်းမှာ ကျင်းပတဲ့မင်္ဂလာပွဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၄ဦး သေဆုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုကျေးရွာတရားစခန်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ၁ဦးထပ်တိုးပြီး သေဆုံးသူ စုစုပေါင်း ၁၆ ဦးအထိ ရှိလာကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်ခြမ်းက ရေနံမြေကို ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook