Connect with us

Hi, what are you looking for?

သတင်း

တိုက်ပွဲဖြစ်နိုင်၍ က​လေးဝ – မော်လိုက်လမ်းပိုင်းအသုံးမပြုရန် PDF ထုတ်ပြန်

စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားနေသည့် က​လေးဝ – မော်လိုက်ကားလမ်းပိုင်းအား ‌ အသုံးမပြုဘဲ ရေကြောင်းလမ်းသာအသုံးပြုကြရန် က​လေးဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မ တော် (PDF)က သတင်းထုတ်ပြန်သည်။

ကလေးဝမြို့နယ်ပြည်သူ့ကာကွယ်ရေတပ်မတော်(PDF)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓါတ်ပုံ -ကလေးဝ PDF

ကဖေး/People’s Spring

စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားနေသည့် က​လေးဝ – မော်လိုက်ကားလမ်းပိုင်းအား ‌ အသုံးမပြုဘဲ ရေကြောင်းလမ်းသာအသုံးပြုကြရန် က​လေးဝမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မ တော် (PDF)က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီသည် ပွင့်လင်းရာသီတွင် က​လေးတပ်နယ်နှင့် မော်လိုက်တပ်နယ်များအတွက် တပ်သားအင်အားသစ်များစု​ဆောင်းခြင်း၊လက်နက်ခဲယမ်းရိက္ခာ​များပို့​ဆောင်ခြင်းများအတွက် က​လေးဝ – မော်လိုက်ကားလမ်းကိုအသုံးပြုနေခြင်းဖြစ်သည်။

စစ်ကောင်စီစစ်ကြောင်းများအား ဖြတ်​တောက်​ပိတ်ဆို့​ရေးတိုက်ပွဲများအချိန်မ​ရွေးဖြစ်ပွားလာနိင်​သည်ဟု က​လေးဝPDFက မတ်လ ၃ရက်တွင် သတိပေးပြီး ဒေသခံပြည်သူများအနေဖြင့် ပူး​ပေါင်း​ဆောင်ရွက်​ပပေးကြရန်လည်းအသိပေးထားသည်။

Public Service Announcement

Public Service Announcement

ကလေးဝ-မော်လိုက်ဆက်သွယ်ရေးအတွက် ချင်းတွင်းမြစ်ကြောင်းလည်း အဓိကအသုံးပြုကြသည်။ လက်ရှိတွင် မြစ်ကြောင်းအတွင်း စစ်ကောင်စီစစ်ရေးလှုပ်ရှားမှုမရှိကြောင်း သတင်းရရှိသည်။

ထပ်မံရရှိ​သော သတင်းအရ မတ်လ ၄ ရက်​နေ့ညနေပိုင်းတွင် မော်လိုက်-က​လေးဝကားလမ်းအနီးရှိ မထုကြီး​ ကျေးရွာ တ‌နေရာအား စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ရာ ဒေသခံအချို့ထိခိုက်ဒဏ်ရာရောက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးဝမြိုနယ်၊ ဆင်အိုင်မကျေးရွာအနီးတိုက်ပွဲအတွင်း ပျူစောထီး ၁ဦး လက်နက်နှင့်အတူ ဖမ်းမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်သည်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်း လေကြောင်းအကူအညီဖြင့် ဆန်တက်လာသည့် စစ်သင်္ဘောအုပ်စုသည် မင်းကင်းမြို့နယ်ကို ကျော်ပြီး ကလေးဝမြို့နယ်အတွင်း ရောက်ရှိလာသည်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်သားများအနက် စစ်ကောင်စီက နည်းမျိုးစုံဖြင့် အဓမ္မစစ်သားစုဆောင်းထားသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များလည်း ပါဝင်ကြောင်း ဖမ်းမိစစ်သုံ့ပန်းများ၏ ထွက်ဆိုချက်ကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

ဆောင်းပါး

နွေဦးတော်လှန်ရေး ၃ နှစ်ခွဲကျော်လာချိန်တွင် နိုင်ငံတစ်ဝှမ်း စစ်ပွဲများဆက်တိုက်ရှုံးနိမ့်နေသော စစ်ကောင်စီက ၎င်းတို့ကိုကာကွယ်ရန် စစ်မှုမထမ်းမ​နေရ ဥပဒေကို အသက်သွင်း၍ အ​သေခံစစ်သားများစု​ဆောင်း​​ခဲ့သည်။