Connect with us

Hi, what are you looking for?

သတင်း

ဘယ်လ်ဂျီယမ် သတင်းထောက်ကို ကျည်ဆံခွံ ၂ ခု ​ယူလာမှုနဲ့ တရားမဝင်မြန်မာဘက်သွားတယ်ဆိုပြီး အိန္ဒိယဖမ်းဆီး

မြန်မာနိုင်ငံကို ခွင့်ပြုချက် မရှိဘဲ သွားရောက်ခဲ့တယ်လို့ စွပ်စွဲချက်ရယ် ၊ကျည်ဆံခွံနှစ်ခု ယူဆောင်လာမှုနဲ့ ဘယ်လ်ဂျီယမ် နိုင်ငံသား သတင်း​ထောက်တစ်ဦးဟာအိန္ဒိယအာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရပါတယ်။

ကိုးကား-India today News ၊ Belganews Agency

People’s Spring

မြန်မာနိုင်ငံကို ခွင့်ပြုချက် မရှိဘဲ သွားရောက်ခဲ့တယ်လို့ စွပ်စွဲချက်ရယ် ၊ကျည်ဆံခွံနှစ်ခု ယူဆောင်လာမှုနဲ့ ဘယ်လ်ဂျီယမ်နိုင်ငံသား သတင်း​ထောက်တစ်ဦးဟာ အိန္ဒိယအာဏာပိုင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရကြောင်း သိရပါတယ်။

ဆိုင်မွန်ကလီမန့်ဟာအလွတ်တမ်း ဓာတ်ပုံ သတင်းထောက် တစ်ဦးဖြစ်ပြီး မတ်လ ၅ ရက်နေ့တုန်းက အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ မီဇိုရမ်ပြည်နယ်ရဲ့ မြို့တော် အိုင်ဇောလ်မှာရှိတဲ့ လန်ပူအီ လေဆိပ်မှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

သူ့ပါလာတဲ့ညပစ္စည်း​တွေကို စစ်​ဆေးတာမှာကျည်ဆံခွံ နှစ်ခုကို ရှာတွေ့ခဲ့ပြီးတဲ့နောက်မှာ လက်နက် ဥပဒေအရ ထိန်းသိမ်းခဲ့တာလို့ မီဇိုရမ် ပြည်နယ် ရဲတပ်ဖွဲ့က ဆိုပါတယ်။ ကလီမန့်ကတော့ သူဟာ ကျည်ခွံတွေကို အမှတ်တရပစ္စည်းအနေနဲ့ သိမ်းထားရုံသာ ဖြစ်တယ်လို့ ​​ပြောထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင်ကလီမန့်ဟာ ဗီဇာ စည်းမျဉ်း ချိုးဖောက်မှု သီးခြား စွဲချက် တစ်ခုနဲ့လည်း ရင်ဆိုင်နေရပါတယ်။

တရားရုံး ရမန်ယူပြီးတဲ့ နောက်မှာတော့ ကလီမန့်ဟာ မတ်လ ၉ ရက်နေ့တုန်းက အိုင်ဇောလ်မြို့ အနောက်ဖက် ဆင်ခြေဖုံးမှာရှိတဲ့ အကျဉ်းထောင် တစ်ခုမှာ ချုပ်နှောင် ခံထားရတယ်လို့ သိရပါတယ်။ သူ့ကို ဘယ်လောက်ကြာအောင် ထိန်းသိမ်းထားမလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

ကလီမန့်ဟာ မီဇိုရမ်မှာ ရှိနေခဲ့ချိန် အတောအတွင်း အိန္ဒိယနဲ့ နယ်စပ် ထိစပ်ရာ မြန်မာဖက်ခြမ်းကိုလည်း သွားရောက်ခဲ့ပြီး အဲဒီ လုပ်ရပ်ဟာ ဗီဇာစည်းမျဉ်းတွေကို ချိုးဖောက်မှု မြောက်တယ်လို့ ရဲတွေက စွပ်စွဲထားပါတယ်။ သူဟာ အိန္ဒိယဖက်ကို ပြန်ရောက်လာပြီးတဲ့နောက်မှာ အဖမ်းခံခဲ့ရတာပါ။

ဒီကိစ္စမျိုးဟာအိန္ဒိယအတွက်တော့ထိလွယ်ရှလွယ်နဲ့ အလေးအနက် သဘောထားတဲ့ အခြေအနေလို့ ဆိုနိုင်ပါတယ်။ အကြောင်းကတော့ အိန္ဒိယ အစိုးရကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ ခွဲထွက်ရေး လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း မြန်မာဖက်ခြမ်း နယ်စပ်မှာ ခိုလှုံပြီး လှုပ်ရှားနေတာကြောင့် ဖြစ်တယ်လို့ အိန္ဒိယသတင်းဌာန​တွေက ဆိုပါတယ်။

မီဇိုရမ် သတင်းသမားများ အဖွဲ့ချုပ် (MJA)ရဲ့ ဥက္ကဋ္ဌ စီလာရမ်ဘူယတ်ဆိုင်ဟာက​တော့ မတ်လ ၁၀ ရက်နေ့မှာ ကလီမန့်ကို တွေ့ဆုံပြီး သူနဲ့အတူ ရပ်တည်မှုကို ပြသမှာ ဖြစ်တယ်လို့​ပြောပါတယ် ။ဒါအပြင် ကလီမန့်လိုအပ်တဲ့ အကူအညီတွေလည်း ပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဘယ်လ်ဂျီယမ် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ကလီမန့် ဖမ်းဆီးခံရတဲ့ ကိစ္စကို သိရှိထားကြောင်း ပြောကြားခဲ့ပြီး နယူးဒေလီမှာရှိတဲ့ ဘယ်လ်ဂျီယမ် သံရုံးကနေတဆင့် လိုအပ်တဲ့ ဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ